သျှမ်းတပ်(၂)တပ် စစ်ရေးကြား ဒေသခံ ရာချီ ထပ်မံ ထွက်ပြေးနေရ

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် အတွင်း ယနေ့ (သြဂုတ် ၂၃)ရက် မနက်ပိုင်း တွင် သျှမ်းတပ် (၂) တပ် ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ဒေသခံ ပြည်သူ အများအပြား ထွက်ပြေးနေရကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ မနက် (၆) နာရီခန့်မှ စပြီး သျှမ်းတပ် (၂) တပ်သည် သီပေါမြို့နယ် နမ့်လန်ဒေသ ဝမ်စိမ်းကျေးရွာအုပ်စု ကုံးကော်ကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်ပြီး ဒေသခံများ နမ့်လန်ဒေသ ကုံးကော်ဘုန်းကြီးကျောင်းမှာ (၅၀၀) ကျော် ထွက်ပြေးလာပြီး မိုင်းကိုင်မြို့နယ် တုံလောကျေးရွာအုပ်စုဘက်တွင်လည်း ထွက်ပြေးလာခဲ့ကြောင်း စုံစမ်းသိရှိရသည်။ “ လူတွေ အားလုံးကတော့ ထွက်ပြေးလာပြီ၊ တချို့ကလည်း ထော်လဂျီရတယ်။ တချိုကလည်း ဘာမှ ကိုမရဘူး။ ကျနော်တို့ ထွက်ပြေးလာတုန်းက သေနတ်သံတွေကြားနေရတုန်းပဲ” ဟု နမ့်လန် … Continue reading သျှမ်းတပ်(၂)တပ် စစ်ရေးကြား ဒေသခံ ရာချီ ထပ်မံ ထွက်ပြေးနေရ