ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု သျှမ်းပြည် ရှိ ကိုယ်ဝန်သည်၊ ကလေး၊ မသန်စွမ်း များကို ထောက်ပံ့

SHAN

Covid-19

စိုင်းဆိုင်လှိုင်း

ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ် အနေဖြင့် သျှမ်းပြည် အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များ၊ ကလေးများ၊ မသန်စွမ်းသူများနှင့် သက်ကြီး သူများကို ငွေကျပ်ထောက်ပံ့ပေးမှု ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

Photo by Sai Hseng Lein / SHAN

ယမန်နေ့ (သြဂုတ် ၃၁)ရက် ညနေပိုင်းတွင် တောင်ကြီးမြို့ (မြို့တော်ခန်းမ)တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ် အဖြေင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် သျှမ်းပြည်နယ်အစိုးရသို့ပူပေါင်းပြီး ငွေကျပ် (၁၁၆၂၁.၂၅) သိန်း ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။

ထို ထောက်ပံ့ပေးငွေများကို သျှမ်းပြည် အတွင်းရှိ မသန်စွမ်း သူ စုစုပေါင်း (၁၁၃၂၅) ဦး အသက် (၈၅) နှစ် ထက် လူမှုရေး ပင်စင် (၁၀၅၀၉ ) ဦး၊ အသက် (၈၀-၈၅) နှစ် ကြားရှိ လူမှုရေး ပင်စင် (၁၄၄၇၆)ဦးတို့ကို တဦးလျှင် ကျပ်ငွေ ၃သောင်း (၃၀၀၀၀) နှုန်းဖြင့် ထောက်ပံ့ပေးခဲ့သည်။

ထို့ပြင် သျှမ်းပြည် အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်း (၄၆)ခုကိုလည်း (၅၇၃.၇၅)သိန်း ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။

“အဓိကအားဖြင့် ကိုယ်ဝန်ဆောင်သည်တွေ၊မသန်းစွမ်းသူတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေကို ထောက်ပံ့သွားမှာပါ။ လွန်ခဲတဲ့ စနေနေ့တုန်းက လွိုင်လင်မြို့မှာရှိတဲ့ အနာကြီးရောဂါကု ဂေဟာ ကို (၁၀၄၅၀၀၀၀၀) ကျပ် ထောက်ပံ့ခဲ့ပါတယ်” ဟု လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှု ဦးထွန်ဦး ကပြောသည်။

ဆက်လက်ပြီး Covid – 19ကာလအတွင်းQuarantine Center များရှိ ကိုယ်ဝန်ဆောင်သည် (၂၉)ဦး၊ မသန်းစွမ်း (၇)ဦး၊ (၅)နှစ်အောက်ကလေး (၁၇၈)ဦး၊ ဘိုး/ဘွား (၃၉)ဦး စုစုပေါင်း (၅၁၅)ဦး တို့အတွက် တစ်ဦးလျှင် ၃သောင်းကျပ်နှုန်း ဖြင့် ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

“အခုချိန်ကာလမှာ မသန်းစွမ်းသူတွေက အခက်ခဲအများကြီးကြုံတွေ့ရတယ်။ တစ်ချို့ဆိုလိုရှိရင် အလုပ်ကိုင်အခွင့်ရေးတွေ ဆုံရှုံးနေရတာလည်း ရှိတယ်။ လူမှုဝန်ထမ်းဌာန ကနေပြီးတော့ ထောက်ပံ့ကြေးငွေတွေပေးတော့ မသန်းစွမ်းသူတွေအနေနဲ့ သူတို့အတွက်လဲ အများကြီး အထောက်ပံ့ဖြစ်တယ်” ဟု သျှမ်းပြည်နယ်မသန်းစွမ်းသူများ အသင်းဥက္ကဌ ဒေါ်သန်းနွယ်အောင်က သျှမ်းသံတော်ဆင့် ကိုပြောသည်။

မြန်မာနိုင်ငံတွင် မသန်းစွမ်းသူများ ၂.၃သန်းရှိပြီး ၊သျှမ်းပြည်နယ်တွင် ၂.၃ သန်းရ၏ ၁၀%လောက်ရှိကြောင်း အတိကျတော့မဟုတ်သေးကြောင်း ဒေါ်သန်းနွယ်အောင်က ပြောသည်။