Friday, April 19, 2024

CATEGORY

နိုင်ငံရေး

နိုင်ငံရေး ဦးဆောင်မှုနှင့် ဆုံးဖြတ်ချက်ချမှု လျစ်လျူရှုခံနေရခြင်းကို ကန့်ကွတ်ရှုတ်ချဟု TWO ပြော

သျှမ်းပြည် နမ္မတူမြို့တွင် တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)မှ ဦးဆောင်ပြီး ပထမအကြိမ် တအာင်းအမျိုးသမီးဖိုရမ်ကို ၂၀၂၄ ခုနှစ် မတ်လ ၂၈ နှင့် ၂၉ ရက် နှစ်ရက်တိုင်တိုင် နမ္မတူမြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA သိမ်းပိုက်ထိန်းချုပ်ထားသော နမ္မတူမြို့တွင် ကျင်းပသည့် ၎င်းဖိုရမ်သို့ နမ့်ဆန်၊...

နမ္မတူ အစိုးရအိမ်ရာတွင် နေထိုင်သည့် ပင်စင်စားဝန်ထမ်းများကို TNLA ရွှေ့ပြောင်းခိုင်းနေ

သျှမ်းပြည် နမ္မတူမြို့ရှိ အစိုးရအိမ်ရာများတွင် နေထိုင်သည့် ပင်စင်စားနှင့် ကုမ္ပဏီဝန်ထမ်းများကို နေရာပြောင်းရွှေ့ရန် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က အကြောင်းကြားလာခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဧပြီလ ၂ ရက်)မှ စတင်ပြီး နမ္မတူမြို့ သတ္တုတွင်းရပ်ကွက် (၄)ရှိ အစိုးရအိမ်ရာများတွင် နေထိုင်သည့် ပင်စင်စားနှင့် ကုမ္ပဏီဝန်ထမ်းများကို...

ပင်လောင်း၊ ညောင်ရွှေမြို့နယ်အတွင်း စစ်ကောင်စီတပ် အင်အားဖြည့်တင်းနေ

သျှမ်းပြည် ပင်လောင်းနှင့် ညောင်ရွှေမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် လက်အောက်ခံ ပြည်သူ့စစ် PNO က အင်အားဖြည့်တင်းနေလျက်ရှိကြောင်း စုံစမ်းသိရသည်။ ပင်လောင်းမြို့ စစ်အခြေခံလေ့ကျင့်ရေးတပ်အတွင်း ဧပြီလ ၁ ရက်နေ့ကတည်းက လူအင်အား ၃၀ ခန့်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထပ်မံရောက်ရှိလာပြီး ၎င်းရှေ့ရက်မတိုင်ခင်ကလည်း ပင်လောင်းမြို့ကို စစ်ကောင်စီ၏ စစ်ကား ၅...

ဆီဆိုင်မြို့ နေအိမ်ပြန် အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိ

သျှမ်းပြည် ဆီဆိုင်မြို့တွင် နေအိမ်ပြန်သည့် အမျိုးသားတစ်ဦးက မြေမြုပ်မိုင်းနင်းမိပြီး အခြေထောက်တစ်ဖက် ဖြတ်ရသည် အထိ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ သျှမ်းပြည် ဆီဆိုင်မြို့တွင် မြကန်သာရပ်ကွက် ဧပြီလ ၁ ရက်တွင် အမျိုးသားတစ်ဦး နေအိမ်ပြန်ပြီး ပစ္စည်းပြန်ယူရာမှ နေ့အိမ်ရှေ့တွင် မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက် ဖြတ်ရသည့်အထိ ဒဏ်ရာရှိခဲ့ကြောင်း ဆီဆိုင်မြို့နယ်...

လင်းခေး ရှင်လောင်းပွဲရောက် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်

ယနေ့ (ဧပြီလ ၃ ရက်)တွင် လင်းခေးမြို့နယ် ဝမ်ဟတ်ကျေးရွာအုပ်စု၌ ကျင်းပသည့် ရှင်လောင်းပွဲသို့ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် တက်ရောက်ပြီး ရှင်လောင်းများထံ အလှူငွေ ပေးအပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ ၎င်းနောက်တွင် လင်းခေးမြို့နယ်အတွင်း နွေရာသီ သျှမ်းစာပေသင်တန်း ဖွင့်လှစ်သင်ကြားနေသည့် နားကုန်းကျေးရွာသို့...

ဆီဆိုင်မြို့ ရပ်ကွက်တိုင်း မပေါက်ကွဲသေးသည့် စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများရှိနေ

သျှမ်းပြည် ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် နေ့စဉ်နီးပါး ပစ်ခတ်မှုကြောင့် မပေါက်ကွဲသေးသည့် စစ်လက်နက်အကြွင်းအကျန်းများ ရပ်ကွက်တိုင်း၌ရှိနေကြောင်း စုံစမ်းသိရသည်။ ဆီဆိုင်မြို့ကို ဇန်နဝါရီလ နောက်ဆုံးပတ်ကတည်းက ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် PNLA နှင့် ပူးပေါင်းတော်လှန်ရေး အင်အားစုတပ်ဖွဲ့များတို့ တစိတ်တပိုင်းထိန်းချုပ်လာပြီးနောက်ပိုင်း စစ်ကောင်စီသည် မြို့ထဲသို့ လက်နက်ကြီး၊ တင့်ကားဖြင့်ပစ်ခတ်ခြင်းအပါအဝင် ဒရုန်းနှင့်တိုက်လေယာဉ်ဖြင့်...

TNLA ထိန်းချုပ်နယ်မြေ နမ္မတူမြို့ပေါ် တအာင်းအမျိုးသမီးဖိုရမ် ကျင်းပ

သျှမ်းပြည် နမ္မတူမြို့တွင် တအာင်းအမျိုးသမီးအဖွဲ့အစည်း (TWO)မှ ဦးဆောင်ပြီး ပထမအကြိမ် တအာင်းအမျိုးသမီးဖိုရမ်ကို ကျင်းပပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ မတ်လ ၂၈ နှင့် ၂၉ ရက်တို့တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA သိမ်းပိုက်ထားသည့် နမ္မတူမြို့၌ တအာင်းအမျိုးသမီး အဖွဲ့အစည်း (TWO)မှ ဦးဆောင်၍ ပထမအကြိမ် တအာင်းအမျိုးသမီးဖိုရမ်ကို...

တရုတ်အထူးကိုယ်စားလှယ်နှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တွေ့ဆုံပြီး နယ်စပ်ကုန်သွယ်ရေး ဆွေးနွေး

တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ်နှင့် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်တို့ နေပြည်တော်၌ တွေ့ဆုံပြီး နယ်စပ်ကုန်သွယ်ရေး ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဧပြီလ ၁ ရက်)တွင် တရုတ်နိုင်ငံ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွင်းနှင့် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်တို့ နေပြည်တော်၌ တွေ့ဆုံခဲ့ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ...

မိုးမောက်မြို့နယ် စစ်ဘေးရှောင်များ ဆေးဝါးနှင့် ရိက္ခာလိုအပ်နေ

ကချင်ပြည် မိုးမောက်မြို့နယ် အတွင်း စစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်များ ဆေးဝါးနှင့် စားနပ်ရိက္ခာ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ မိုးမောက်မြို့နယ်နှင့် အနီးအနားရှိ ကျေးရွာများတွင် မတ်လ ပထမပတ်မှစ၍ စစ်ကောက်စီမှ လေကြောင်း လက်နက်ကြီးတို့ဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံများ နီးစပ်ရာ ကျေးရွာနှင့်...

တာချီလိတ်မြို့နယ် စစ်မှုထမ်းထောက်ပံ့ကြေး တစ်အိမ် ဘတ် ၁၃၀၀ ကောက်ခံနေ

မြန်မာ-ထိုင်းနိုင်ငံနယ်စပ်ဒေသ တာချီလိတ်မြို့နယ် မိုင်းဖုန်းကျေးရွာအုပ်စုတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က စစ်မှုထမ်းထောက်ပံ့ကြေးဟုဆိုပြီး တစ်အိမ် လျှင် ထိုင်းဘတ် ၁,၃၀၀ (မြန်မာငွေ ကာလပေါက်ဈေး တစ်သိန်း ၃သောင်းကျပ်) ကောက်ခံနေကြောင်း ဒေသခံများထံမှ သိရသည်။ တာချီလိတ်မြို့နယ် မိုင်းဖုန်းကျေးရွာ အုပ်ချုပ်ရေးမှူးက ကျေးရွာအုပ်စုတစ်စုကို စစ်မှုထမ်းရန် လူ ၇ ဦးခေါ်ယူမည်ဖြစ်သဖြင့်...

Latest news