Wednesday, April 24, 2024

CATEGORY

သတင်း

‘ဝ’ ငြိမ်းချမ်းရေးတည်ဆောက်မှု ၃၅ နှစ်ပြည့် အခမ်းအနားကျင်းပ၊ NUG နှင့် ညီနောင်မဟာမိတ် သဝဏ်လွှာပေးပို့

သျှမ်းပြည် ပန်ဆန်း(ပန်ခမ်း)မြို့နှင့် ဟိုပန်မြို့တို့တွင် “ဝ” ငြိမ်းချမ်းရေးတည်ဆောက်မှု ၃၅ နှစ်ပြည့် အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဧပြီလ ၁၇ ရက်တွင် ကျရောက်သည့် သျှမ်းပြည်အထူးဒေသ(၂) “ဝ” ငြိမ်းချမ်းရေး တည်ဆောက်မှု ၃၅ နှစ်ပြည့် အခမ်းအနားကို ပန်ဆန်း(ပန်ခမ်း)မြို့တွင် ကျင်းပပြုလုပ်ခဲ့သည်။ ပန်ဆန်း(ပန်ခမ်းမြို့)တွင် ကျင်းပသည့် အခမ်းအနားသို့...

ညောင်ရွှေမြို့နယ် ဒေသခံ ၂ ဦးကို စစ်ကောင်စီဖမ်းဆီးသွား

သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသ ဟဲယာရွာမတွင်နေထိုင်သည့် အရပ်သား ၂ ဦးကို PDF နှင့် အဆက်အသွယ်ရှိသည်ဟု စွပ်စွဲပြီး စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ အင်းလေးဒေသ ဟဲယာရွာမတွင် နေထိုင်သူ မမြင့်ကြည်နှင့် သူမ၏မောင်ဖြစ်သူ အယ်လဲကူးတို့ကို ပြည်သူ့ကာကွယ်ရေးတပ် PDF နှင့် အဆက်အသွယ်ရှိသည့်အပြင် ကျေးရွာအတွင်း...

လားရှိုးစစ်ဘေးရှောင် ရှစ်ရာကျော် စားနပ်ရိက္ခာလိုအပ်

သျှမ်းပြည် လားရှိုးမြို့ရှိ စစ်ဘေးရှောင် လူဦးရေ ရှစ်ရာ (၈၀၀) ကျော် အတွက် စားနပ်ရိက္ခာ လိုအပ်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် သိန္နီမြို့မှ လားရှိုးမြို့ ဘုန်းကြီးကျောင်းများသို့ ၂၀၂၃ နိုဝင်ဘာလ မှစ၍ ယခုအချိန် ၅ လ အတွင်း စစ်ဘေးတိမ်းရှောင်လာသူ ရှစ်ရာကျော်အတွက် အလှူရှင်နည်းပါးလာသဖြင့်...

သျှမ်းတောင် တိုက်ပွဲ ၃ လ အတွင်း အရပ်သား ၆၀ ကျော်သေဆုံး

သျှမ်းပြည် တောင်ပိုင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) မဟာမိတ် ပူးပေါင်း တော်လှန်‌ရေး တပ်ပေါင်းစုများ နှင့် စစ်ကောင်စီ တို့အကြား ၃ လအကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် အရပ်သား ၆၀ ကျော် သေဆုံး ပြီး ထိ ခိုက်ဒဏ်ရာရှိသူ ၇၈ ဦး အထိ...

နေပြည်တော်မြို့တော်ဝန်မဏ္ဍပ်တွင် ဒုချုပ်စိုးဝင်းရေပတ်နေဟု ဓာတ်ပုံဟောင်းသုံးပြီး သတင်းမှားဖြန့်

နေပြည်တော် မြို့တော်ဝန်မဏ္ဍပ်တွင် ယိမ်းသမလေးများအား အတာရေပတ်ဖြန်းပေးနေသည့် စစ်ကောင်စီ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟု ဖြန့်ချိနေပါသည်။ စစ်ကောင်စီဝါဒဖြန့် တယ်ရီဂရမ်ချယ်နယ်တစ်ခုဖြစ်သည့် Naung Taw Lay အကောင့်မှ “နေပြည်တော်၊ မြို့တော်ဝန် မဏ္ဍပ်တွင် ယိမ်းသမလေးများအား အတာရေပတ်ဖြန်းပေးနေသည့် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း” ဟုဆိုကာ ဓာတ်ပုံဟောင်းကိုအသုံးပြုပြီး ပြည်သူလူထုကို လှည့်ဖျားမှားယွင်းတင်ဆက်ချက်ဖြင့် ဖြန့်ချိနေ လျက်ရှိသည်။ အဆိုပါသတင်းမှားကို ကြည့်ရှု့သူပေါင်း ၅ ထောင်ကျော်ရှိသည်။ မူရင်းလင့် - https://archive.ph/3mA9z အလားတူ လှုမှုကွန်ရက်စာမျက်နှာပေါ်မှာလည်း ဒရုန်းတိုက်ခိုက်ခံရကြောင်း သတင်းများထွက်ပေါ်လျက်ရှိသည့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းအား နေပြည်တော်မဟာသင်္ကြန်မဏ္ဍပ်၌ ကျန်းမာစွာ တွေ့မြင်ရပါသည်ဟု ထပ်မံဖြန့်ချိထားပါသည်။ သျှမ်းသံတော်ဆင့် အချက်အလက်စစ်ဆေးသူများအနေဖြင့် အဆိုပါအကြောင်းအရာကို စစ်ဆေးမှု ပြုလုပ်ခဲ့သည်။ စစ်ကောင်စီ လော်ဘီဖြန့်ချိသည့် ဓာတ်ပုံ၏အနောက်တွင် မြန်မာသက္ကရာဇ် (၁၃၈၄ ခုနှစ်) ဟု ဖော်ပြထားသည်ကို တွေ့ရသည်။ ယခုကျရောက်သည့် အတာသင်္ကြန်သည် မြန်မာသက္ကရာဇ်အားဖြင့် (၁၃၈၆ ခုနှစ်) သို့ ကူးပြောင်းသောနှစ်ဖြစ်ပါသည်။ ထို့ကြောင့် ဓာတ်ပုံသည် ပုံအဟောင်းကို အသုံးပြုထားခြင်း ဖြစ်သည်။ BBC သတင်းဌာန၏ ဖော်ပြချက်အရ စစ်ကောင်စီ ဒုချုပ်ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် တော်လှန်ရေး အင်အားစုများ၏ ဒရုန်းတိုက်ခိုက်ခံမှုကိုခံရပြီးသည့်နောက် သင်္ကြန်ဖွင့်သို့မတက်ရောက်နိုင်သကဲ့သို့ လူမြင်ကွင်းမှ ပျောက်ကွက်နေသည်ဟု ရေးသားဖော်ပြထားပါသည်။ မူရင်းလင့်- https://shorturl.at/ezLOR ယုံကြည်စိတ်ချရသည့် အခြားသတင်းဌာနများတွင်လည်း ဒရုန်းတိုက်ခိုက်ခံရကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည့် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းအား လှုမြင်ကွင်းမှ ပျောက်ကွက်နေသည်မှာ နှစ်ပတ်နီးပါးရှိပြီဟု ဖော်ပြထားပါသည်။ မဇ္ဓျိမမှဖော်ပြထားသော သတင်းကိုအောက်ကလင့်ကို ကြည့်ပါ။ မူရင်းလင့် - https://shorturl.at/iFMZ3 ထို့ကြောင့် ဓာတ်ပုံအဟောင်းအား လှည့်ဖျားအသုံးပြု၍ နေပြည်တော်၊ မြို့တော်ဝန်မဏ္ဍပ်တွင် ယိမ်းသမလေးများအား အတာရေပတ်ဖြန်းပေးနေသည့် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းဆိုသည့် သတင်းမှာ အမှားဖြစ်ပြီး ပြည်သူလူထုကို လှည့်ဖျားနေခြင်းဖြစ်သည်။ သျှမ်းသံတော်ဆင့် စာဖတ်ပရိတ်သတ်များအနေဖြင့် လူမှုကွန်ရက် စာမျက်နှာများတွင် ဖော်ပြနေသည့် သတင်းများကို ချက်ချင်းမယုံကြည်ဘဲစိတ်ချရသော သတင်းမီဒီများတွင် သွားရောက်ဖတ်ရှု့ကြရန် တိုက်တွန်းပါသည်။ သတင်းတု၊ သတင်းမှားဟု ယူဆရသည့် သတင်းများကိုလည်း သျှမ်းသံတော်ဆင့် လူမှုကွန်ရက်စာမျက်နှာ (SHAN Burmese Vision ) Facebook Chat Boxမှဆစ်ဆင့် သတင်း၏ လင့်ခ် (သို့မဟုတ်) Screen Short ပုံပေးပို့ခြင်းဖြင့် စစ်ဆေးနိုင်သည်။

ကျောက်ဂူထဲရောက်တဲ့ စစ်ရှောင်တွေ စားဝတ်နေရေးခက်ခဲမြင်ကွင်း

မဲမှောင်နေတဲ့ ကျောက်ဂူ၊ ကျောက်ဆောင်တွေအောက်မှာ မိုးကာလေးကို အခင်းလုပ်ပြီး စစ်ရှောင်ကလေး၊ သက်ကြီးရွယ်အိုတွေဟာ ထိုင်သူကထိုင်၊ အိပ်သူကအိပ်နဲ့ တွေ့မြင်နေရပါတယ်။ အချို့သူတွေကလည်း ကျောက်ဂူ၊ ကျောက်ဆောင်နံဘေးမှာ မိုးကာအစိမ်းနဲ့ တဲထိုးပြီးနေနေကြပါတယ်။ ဒါ့အပြင် သခင်နဲ့အတူပါလာတဲ့ အိမ်မွေးတိရစ္ဆာန် ကြောင်လေးတွေကလည်း စားရယုံတမယ် အစာစားပြီးတော့ ထပ်စားရဖို့အရေး မျှော်နေပါတယ်။ အဲ့နေရာကတော့ သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နဲ့ ၄...

နွေအပူထက် “ပြန်စရာအိမ်မရှိ ”ရင်ပူဆွေး နေရသူများ

နှစ်သစ်ကူးတဲ့ ဒီနှစ်တန်ခူးလ အတာသင်္ကြန်မှာ နွေဟာ မနှစ်ကထက် ပိုပူလာတယ်။ ရွက်ဝါတွေလည်း လေရူးကြောင့် တဝေ့ဝေ့ ကြွေကျနေတယ်။ ဒါပေမဲ့ ဒီနွေအပူထက် ရင်ထဲမှာပူဆွေးနေရသူကတော့ နန်းချို(အမည်လွှဲ)တစ်ဦးပါ။ “တချို့အိမ်ကတွေ ပြိုကျနေ၊ တချို့အိမ်ကျတော့လည်း မီးလောင်နေတယ်။ တချို့အိမ်ကတော့ အိမ်ခေါင်မိုးတွေ ပွင့်ကုန်ပြီ၊ ဘာမှမရှိတော့ဘူး။ မြို့ပျက်ကြီးလိုပဲ ဆီဆိုင်မြို့ဈေးတောင် ပြာကျသွားပြီ ဘာမှမရှိတော့ဘူး”...

နမ့်ခမ်းမြို့ TNLA ကျင်းပသည့် သင်္ကြန်မဏ္ဍပ်စင် အနီး ပေါက်ကွဲမှု ဖြစ်ပွား

သျှမ်းပြည် နမ့်ခမ်းမြို့ တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှဦးဆောင်ကျင်းပသည့် သင်္ကြန်ပွဲတော်နေရာတွင် ယနေ့ (ဧပြီ ၁၅)ရက် ညနေ ၄နာရီဝန်းကျင်၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ နမ့်ခမ်းမြို့ TNLA ဦးဆောင်ပြီး မြို့လယ်ဘုရားကြီးပွဲတော်ဝင်း (ပန်ပွဲ)ရှိ ဗဟိုမဏ္ဍပ်ပွဲစင်နေရာတွင် ယနေ့ (ဧပြီ ၁၅)ရက် ညနေ ၄နာရီဝန်းကျင်၌...

ပြင်ဦးလွင် တိုက်ခိုက်ခံရမှု မန္တလေးတိုင်းမှူးနှင့် တပ်နယ်မှူး စစ်ခုံရုံးဖွဲ့ စစ်ဆေးရန် မင်းအောင်လှိုင် အမိန့်ပေး

နာမည်ကျော် အပန်းဖြေမြို့ဖြစ်သည့် ပြင်ဦးလွင်မြို့ ယမန်နေ့ (ဧပြီ ၁၄)ရက် ညပိုင်းတွင် ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရပြီးနောက် အုပ်ချုပ်မှု ညံ့ဖျင်းမှုဖြင့် မန္တလေး နန်းတွင်း အခြေစိုက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်၊ ပြင်ဦးလွင်တပ်နယ်မှူး ဗိုလ်မှူးချုပ် စိုးမြတ်ထွဋ် တို့ကို စစ်ခုံရုံးဖွဲ့...

ပြင်ဦးလွင်-နောင်ချိုနယ်စပ် တိုက်ပွဲပြင်းထန်၊ ရှေးဟောင်း ဘုန်းတော်ကြီးကျောင်း မီးလောင်ပြာကျ

ပြင်ဦးလွင်မြို့ ယမန်နေ့ ညပိုင်း ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခံရပြီးနောက် လက်တုန့်ပြန်မှု အဖြစ် စစ်ကောင်စီတပ်က ပြင်ဦးလွင်နှင့် နောင်ချိုမြို့နယ် နယ်စပ်ဒေသကို စစ်ကြောင်းထိုးရာက တိုက်ပွဲများ ပြင်းထန်နေသည်ဟု ဒေသခံများက ယနေ့ (ဧပြီလ ၁၅ ရက်) တွင် ပြောသည်။ ယမန်နေ့ (ဧပြီ ၁၄)ရက် ည...

Latest news