Wednesday, April 24, 2024

တိုင်းရင်းသားအပစ်ရပ် ၈ ဖွဲ့ EAO ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အရေးပေါ်အစည်းအဝေး ချင်းမိုင်မြို့တွင် ကျင်းပ

Must read

NCA အဓိပ္ပါယ်ဖွင့်ဆိုမှုအပေါ် ၊ နိုင်ငံရေး ဆွေးနွေးပွဲ ပြင်ဆင်မှုတွေအပေါ် နားလည်မှု လွဲနေတာတွေကို ပြန်လည်ဆွေးနွေးဖို့အတွက် ရည်ရွယ်ပြီး တိုင်းရင်းသားအပစ်ရပ် ၈ ဖွဲ့ EAO ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အရေးပေါ်အစည်းအဝေးတရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ခုမ့်ဖူးခမ်းဟိုတယ်မှာ ပြုလုပ်ကျင်းပခဲ့ပါတယ်။

ဂျန္နဝါရီလ ၁၁ နဲ့ ၁၂ ရက်နေ့တွေမှာ ကျင်းပမှာဖြစ်ပါတယ်။

အစည်းအဝေးကို တိုင်းရင်းသားအပစ်ရပ် ၈ ဖွဲ့က ကိုယ်စားလှယ် ၃၀ ကျော်တက်ရောက်ခဲ့ပါတယ်။

လတ်တလောအကောင်အထည်ဖော်ခဲ့တဲ့ လုပ်ငန်းဆောင်ရွက်မှုများနဲ့စပ်လျဉ်းပြီး အစီရင်ခံတင်ပြခြင်း၊ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကိစ္စ၊ လူထုတွေ့ဆုံဆွေးနွေးပွဲကိစ္စ၊ လာမည့် တတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု အစည်းအဝေးကိစ္စ၊ ရှေ့လုပ်ငန်းစဉ််များ ဆွေးနွေးခြင်း၊ချမှတ်ခြင်း စတာတွေကို ဆွေးနွေးမယ်လို့သိရပါတယ်။

အစည်းအဝေးဖွင့်ပွဲမှာ အစိုးရနဲ့ တိုင်းရင်းသားအကြား နှစ်ဖက် နားလည်မှု လွဲမှားနေတာတွေကိုလည်း အမြန်ဆုံး တွေ့ဆုံဖြေရှင်းနိုင်ဖို့အတွက် NCA အပစ်ရပ် ၈ ဖွဲ့ ခေါင်းဆောင်တွေအကြား အရင်ဆုံး ညှိနှိုင်း ဖို့လိုကြောင်း၊ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို အတူတကွဘယ်လိုရင်ဆိုင် ကျော်ဖြတ်ကြ မလဲဆိုတာကို ဆွေးနွေးညှိနှိုင်းအဖြေရှာကြဖို့လည်း တိုက်တွန်းပြောဆိုသွားပါတယ်။

NCA အပစ်ရပ် ၈ ဖွဲ့ ရဲ့အစည်းအဝေးကို ကရင်အမျိုးသားအစည်းအရုံး KNU ၊ သျှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ RCSS ၊ ဒီမိုကရေစီ အကျိုးပြု တပ်မတော် DKBA ၊ ကရင် အမျိုးသား အစည်း အရုံး ငြိမ်းချမ်းရေးကောင်စီ KNLA-PC၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ချင်းအမျိုးသားတပ်ဦး CNF က ခေါင်းဆောင် ကိုယ်စားလှယ် များ တက်ရောက်ကြပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article