Friday, April 19, 2024

၂၀၁၇ နှစ်ချုပ်သတင်း

Must read

သျှမ်းပြည်တွင်းဖြစ်ပွါးခဲ့သော သတင်းများအနက် အရေးပါသည့်အချက်အချို့ကို ကောက်နှုတ်တင်ပြထားခြင်းဖြစ်ပါသည်။

၂၀၁၇ ဂျန္နဝါရီလ ၂၃-၂၇ အထိ သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ဦးဆောင်ပြီး သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲ Workshop ကျင်းပ။ သျှမ်းနီပါတီ ၂ ပါတီ၊ သျှမ်းလက်နက်ကိုင်တပ်ဖွဲ့ ၂ ဖွဲ့၊ ဥပဒေကျွမ်းကျင်၊ သျှမ်းပြည်မျိုးဆက်သစ်အဖွဲ့၊ သျှမ်းလူငယ်အဖွဲ့၊ စာပေယဉ်ကျေးမှုအဖွဲ့ကိုယ်စားလှယ်တွေစုစုပေါင်း ၅၀၀ ကျော်တက်ရောက်။

၂၀၁၇ ဂျန္နဝါရီလ ၁၂ ရက် သိန္နီမြို့နယ်ထဲမှာရှိတဲ့ နမ့်အွန်(ရေပူ)ဂိတ်ကိုအစိုးရပြန်လည်ဖွင့်လှစ်ပေး။ လမ်းပိတ် ခရီးဖင့်မည့်အတွက် ဒေသတွင်းကားသမားများ ဆန့်ကျင်ကန့်ကွက်ဆန္ဒပြ။ ရေပူဂိတ်သည် ယခင်စစ်အစိုးရလက်ထက်က အစစ်အဆေးကြမ်းပြီး အခွန်ကောက်ခံမှုများသည့်ဂိတ်အဖြစ် နာမည်ကြီး။ ဦးသိန်းစိန်အစိုးရလက်ထက်တွင် မူစယ် ၁၀၅ မိုင်သို့ပြောင်းရွှေ့ထား။ NLD ပါတီအစိုးရတက်လာမှပြန်လည်ဖွင့်လှစ်။

၂၀၁၇ ဂျန္နဝါရီလ ၂၁ ရက် မိုင်းရှူးမြို့နယ်တောင်ဘက် ပန်င ရွာအနီး လွယ်ကပ်ဖှတောင်တွင်လှုပ်ရှားနေသည့် သျှမ်းပြည်တိုးတက်ရေးပါတီအား အစိုးရတပ်မတော်မှ အင်အားသုံးတိုက်ခိုက်။

၂၀၁၇ ဂျန္နဝါရီလ ၂၃ မှ ၂၅ အထိ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအတွက် သျှမ်းပြည်မြောက်ပိုင်း၊ တောင်ပိုင်း လူမှုအဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေး။

၂၀၁၇ ဖေဖော်ဝါရီလ ၅ ရက် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် တော့ဆန် – မန်းကွန်းအုပ်စုအတွင်း လှုပ်ရှားနေသော သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ TNLA တို့ ပထမဆုံးအကြိမ် စတင်ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွါး။

ဖေဖော်ဝါရီလ ၂၂ ရက်မှ ၂၄ ရက်နေ့အထိ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ၀ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်နယ်မြေရှိ ပန်ဆန်းတွင် တွေ့ဆုံဆွေးနွေး။

၂၀၁၇ ဖေဖော်ဝါရီလ ၂၁ မှ ၂၃ အထိ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် ဌာနချုပ်လွယ်တိုင်းလျန်းတွင် ၂၀၁၆ အတွက်နှစ်ချုပ်အစည်းအဝေးကျင်းပ။ NCA စာချုပ်ပါအချက်အတိုင်း ကြိုးစားဆောင်ရွက်သွားဖို့အပါအဝင် အချက် ၅ ချက် သဘောတူညီချက်ရရှိ။

၂၀၁၇ ဖေဖော်ဝါရီလ ၂၆ ရက် ကျောက်မီးသွေးတူးဖော်ထုတ်လုပ်ရေးစီမံကိန်းဆန့်ကျင်ကန့်ကွက်ရာတွင် လူထုနှင့်အတူပါ၀င်သည့် သီပေါမြို့နယ် နမ့်မ အုပ်စု ၀မ့်ကုန်းပေါင်းရွာသူကြီး လုံးစန်းစံဖေ လုပ်ကြံသတ်ဖြတ်ခံရ။ ယနေ့တိုင်သတ်ဖြတ်မှုလက်သည် မဖမ်းမိ။

၂၀၁၇ မတ်လ ၈ ရက် ပန်ဆန်းဌာနချုပ်မှ UWSA ဥက္ကဌ ဦးပေါက်ယိုချမ်း မိုင်းလားကိုရောက်ရှိ။ ၂၀၁၆ စက်တင်ဘာလက သိမ်းယူထားသော မိုင်းလားတပ်ဖွဲ့၏ တပ်စခန်းများအား မိုင်းလားတပ်ဖွဲ့ထံပြန်လည်အပ်နှံပေးရန်သဘောတူ။ သို့သော် မိုင်းလားတပ်ဖွဲ့၏ လွယ်ဆမ်ဆုမ် တပ်စခန်းအား ယနေ့တိုင် ပြန်လည်ပေးအပ်ခြင်းမရှိ ။

၂၀၁၇ မတ်လ ၁၃ ရက် ရလခတိုင်း တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်က – သျှမ်းပြည်အလယ်ပိုင်း ကျေးသီး မိုင်းနောင်တွေမှာ တိုးတက်မှုမရှိတာဟာ သျှမ်းပြည်တပ်မတော် RCSS/SSA SSPP/SSA တို့ကြောင့်ဖြစ်တာ ဟု ပြောဆို။

၂၀၁၇ မတ်လ ၁၅ ရက် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA က – သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် လူထုတတပ်တအားပါ၀င်ဆောင်ရွက်ရန်ကြေငြာချက်ထုတ်ပြန်။

၂၀၁၇ မတ်လ ၂၀ ရက် သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအား မြို့တော်တောင်ကြီးတွင်ကျင်းပခွင့်မပြု၊ မိုင်းပန်မြို့နယ် သို့မဟုတ် သံလွင်အရှေ့ခြမ်း မိုင်းတုံမြို့နယ် မိုင်းတော့ အုပ်စုတွင် ကျင်းပရန် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်အား အကြောင်းကြား။

၂၀၁၇ ဧပြီလ ၁ ရက်နေ့တွင်ကျင်းပသော ကြားဖြတ်ရွေးကောက်ပွဲတွင် သျှမ်းပြည်နယ်အတွင်း လစ်လပ်မဲ ဆန္ဒနယ် ၈ ခု၌ သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD မှ မိုင်းရှူးတွင် ၃ နေရာ၊ ကျေးသီးတွင် ၃ နေရာ အနိုင်ရရှိပြီး ကျိုင်းတုံနှင့် ညောင်ရွှေတို့တွင်မူ ကြံ့ခိုင်ရေးပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့အနိုင်ရရှိ။

၂၀၁၇ ဧပြီလ ၂၃ ရက် ဒေသအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲအား သျှမ်းပြည်နယ်အစိုးရမှဦးဆောင်ကာ တောင်ကြီးမြို့တွင်ကျင်းပ။

၂၀၁၇ ဧပြီလ ၂၈ နှင့် ၂၉ ရက် အထိ သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP ခေါ်ကျားဖြူပါတီမှ ကျောက်မဲမြို့နယ် ကောလီခန်းမတွင် တွေ့ဆုံပွဲကျင်းပ။ ဗဟိုကော်မတီဝင် ၂၇ ဦး တက်ရောက်။ အနာဂတ်လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး ဆွေးနွေး။

၂၀၁၇ မေလ ၄ ရက်နှင့် ၅ ရက် သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU မှ ထိုင်းနိုင်ငံချင်းမိုင်မြို့တွင် နှစ်ပတ်လည် အစည်းအဝေးပြုလုပ်။ အစည်းအဝေး ဒုတိယရက်တွင် အလှည့်ကျဥက္ကဌ ခွန်ထွန်းဦးမှ ဥက္ကဌတာဝန်သက်တမ်းပြည့်သွားသဖြင့် ဥက္ကဌအလှည့်ကျတာဝန်ယူရမည့် ဗိုလ်ချုပ်ကြီးယွက်စစ်အား တာဝန်လွဲအပ်ပေး။

၂၀၁၇ မေလ ၉ ရက် သျှမ်းစာပေပညာရှင် စာပေပျံ့ပွါးရေးဆောင်ရွက်သူ သျှမ်းတိုင်းရင်းဆေးဆရာကြီး လုံးတန်းကေး အသက် ၉၄ နှစ် တောင်ကြီးမြို့နေအိမ်တွင် ကွယ်လွန်။ လုံးတန်းကေးသည် ၁၉၅၀ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ သျှမ်းစာပေ စာအုပ်ပေါင်း ရာနှင့်ချီ ရေးသားထုတ်ဝေ။ ဂျပန်နိုင်ငံ တက္ကသိုလ်အထိ သျှမ်းစာပေသွားရောက်ပို့ချပေး။

၂၀၁၇ မေလ ၂၄ မှ ၂၈ ရက်နေ့အထိ ၂၁ ရာစုပင်လုံညီလာခံ ဒုတိယအကြိမ် နေပြည်တော်တွင်ကျင်းပ ။ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်မှ ကိုယ်စားလှယ် ၂၉ ယောက်စေလွှတ်။ သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲမကျင်းပရသဖြင့် လူထုဆန္ဒမရရှိ။ ညီလာခံတွင် တင်ပြနိုင်ခြင်းမရှိ။ သို့သော် NCA လက်မှတ်ရေးထိုးသည့်အဖွဲ့ဖြစ်သည့်အလျောက် ညီလာခံကြီးမှ သဘောတူညီချက် ၃၇ ချက်ကိုလက်မှတ်ရေးထိုးလိုက်ရ။ အစိုးရမှ အကြံပြုပြောဆိုသည့် ပြည်ထောင်စုမှ လုံးဝမခွဲထွက်ရဟူသည့်အချက်ကိုမူ သျှမ်းတပ်ဖွဲ့မှ လက်မှတ်မရေးထိုး။ သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA မှာမူ NCA လက်မှတ် မရေးထိုးရသေးသဖြင့် ညီလာခံဖွင့် ပွဲသာတက်ရောက်ပြီး ပြန်လည်ထွက်ခွါ။

၂၀၁၇ မေ ၂၁ ရက် ကျေးသီးလူငယ်များ စုဝေးပြီး အမှတ် ၁၃၁ ခြေလျင်တပ်ရင်းမှ သိမ်းဆည်းထားသည့် လယ်ယာ များ ပြန်ရရှိရေး စုပေါင်းတောင်းဆို။

၂၀၁၇ ဇွန် ၁၀ ရက် ကျိုင်းတုံမြို့ အခြေစိုက်နိုင်ငံရေးပါတီများ၊ လူမှုအသင်းအဖွဲ့များ ပြည်သူပိုင်အဖြစ် သိမ်းဆည်းထားသည့် သျှမ်းပြည့်အမွေအနှစ်များပြန်လည်ဖေါ်ထုတ်ရေးကော်မတီ ဖွဲ့စည်း။

၂၀၁၇ ဇွန် ၂၆ – ၂၈ ရက်နေ့ ကယားပြည်နယ် လွိုင်ကော်မြိ့ မှာ ၅ ကြိမ် မြောက် တိုင်းရင်းမီဒီယာညီလာခံ ကျင်းပနေစဉ် သီပေါမြို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး သတင်းသွားယူတဲ့ ဒီဗီဘီ သတင်းထောက် နဲ့ ဧရာဝတီ သတင်းထောက် – ၃ ယောက် တပ်မတော်မှ ဖမ်းဆီး။

၂၀၁၇ ဇွန် ၂၆ ရက် သျှမ်းလူငယ် ၄ ဦး အမေရီကန် သမ္မတဟောင်း George W Bush ဖွင့်လှစ်တဲ့ခေါင်းဆောင်မှု သင်တန်းကျောင်း တက်ရောက်ခွင့်ရ။

၂၀၁၇ ဇူလိုင်လ ၆ ရက်တွင် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်၏ ကျိုင်းတုံမြို့နယ် ဥက္ကဌ လုံးဆူးလဖွန်း အသက် ၈၉ နှစ် ကွယ်လွန်။ ဂျူလိုင်လ ၁၁ ရက်နေ့တွင် အသုဘချ။

၂၀၁၇ ဇူလိုင် ၁၈ ရက်နေ့ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးထားတဲ့ RCSS/SSA နဲ့ ဆက်သွယ်သတင်းပေးတယ်လို့ ဆိုပြီး ဟိုပုံမြို့နယ် ကျေးလက်ရွာသား ၁၀ ဦး တပ်မတော်မှ ဖမ်းဆီးချုပ်နှောင်၊ ၂ ဦးသာလွတ်ပေးပြီး ၈ ဦး ချုပ်နှောင်ထားဆဲ။

၂၀၁၇ ဇူလိုင် ၁၈ ရက်နေ့ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးထားတဲ့ RCSS/SSA တပ်သား ၂ ဦး ကို လက်နက်ကိုင်ဆောင်မှု ၊ ဆက်ကြေးကောက်ခံမှု နဲ့ မိုင်းဆတ်မြို့မှာ ဖမ်းဆီးခံရ – တရားစီရင်ချက်မ ချဘဲ ကျိုင်းတုံအကျဉ်းထောင်မှာ အကျဉ်းချထား။

၂၀၁၇ ဇူလိုင် ၂၀ -၂၂ ရက်နေ့ ထိ ထိုင်းနိုင်ငံ ချင်းမ်ိုင်မြို့မှာ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေး ထိုးထားတဲ့ RCSS/SSA မှ ဦးဆောင်ကျင်းပတဲ့ သျှမ်းပြည်ညီညွတ်ရေးကော်မတီ အစည်းဝေး ထိုင်းအာဏာသိမ်း စစ်အစိုးရမှ တဆင့် မြန်မာအစိုးရတပ်မတော်မှ ပိတ်ပင်ဟန့်တား။

၂၀၁၇ သြဂုတ် ၅ – ၆ ရက်နေ့ အထိ ပြည်ထောင်စုမြန်မာနိုင်ငံလုံးဆိုင်ရာ သျှမ်းစာပေယဉ်ကျေးမှု ဗဟိုကော်မတီ အစည်းအဝေးကျင်းပ – ကျားဖြူပါတီ ပြည်သူ့လွှတ်တော်အမတ်ဟောင်း စိုင်းမောင်တင် ဥက္ကဌ အဖြစ် ရွေးကောက်တင်မြောက်ခံရ

၂၀၁၇ ဇူလိုင် ၁၂ ရက်နေ့ ညီညွတ်သောဖက်ဒရယ်ကောင်စီ UNFC အဖွဲ့အဖြစ်မှာ သျှမ်းပြည်တိုးတက်ရေးပါတိ SSPP/SSA နှုတ်ထွက်စာတင်။

၂၀၁၇ သြဂုတ်လ ၂၀ ရက်နေ့ မူစယ်ဒေသခံ ၆၀၀ ကျော်စုဝေးပြီး အမှိုက်ပုံကြီး ဖယ်ရှားပေးဖို့၊ အမှိုက်ပုံကြောင့် ကျန်းမာရေးထိခိုက်နေတဲ့ ရွာသားတွေအတွက်လျော်ကြေးပေးဖို့ အမှိုက်သိမ်းကုမ္ပဏီ ထံ စုပေါင်းတောင်းဆို။

၂၀၁၇ စက်တင်ဘာ ၁ ရက်နေ့ လွိုင်လင်ခရိုင် ကွန်ဟိန်းမြို့နယ် ကာလိမြို့မှာ ခေတ်ပညာတတ် သျှမ်းလူငယ် များက ကွန်မြူနတီကောလိပ် ဖွင့်လှစ်။

၂၀၁၇ စက်တင်ဘာ ၁၁ – ၁၇ ရက်နေ့ ဗိုလ်ချုပ်ကြီးယွက်စစ် နေပြည်တော် ရန်ကုန် ခရီးစဉ် ဒေါ်အောင်ဆန်း စုကြည်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစိုးဝင်း တို့နဲ့တွေ့ဆုံ။

၂၀၁၇ နိုဝင်ဘာ ၁၉ ရက်နေ့ ကျရောက်တဲ့ ၂၁၁၂ နှစ်မြောက် သျှမ်းနှစ်သစ်ကူးနေ့ မူစယ်သျှမ်းစာပေယဉ်ကျေးမှုမှ တေးရေးဆရာဒေါက်တာစိုင်းခမ်းလိတ်ကို သိုခန်ဘွားစု ချီးမြင့်။

၂၀၁၇ နိုဝင်ဘာ ၂၇ ရက်နေ့နေပြည်တော်မှာ ကျင်းပတဲ့ JICM အစည်းဝေး – လင်းခေးမြို့မှာ သျှမ်းအမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပဖို့ သဘောတူ။

၂၀၁၇ ဒီဇင်ဘာ ရ ရက် သီပေါမြို့နယ် နမ္မကျောက်မီးသွေးအရေးလှုပ်ရှားသူ သေဆုံးသွားတဲ့ သျှမ်းလူငယ် စိုင်းဆီခေးကို ၂၀၁၇ သုစန္ဒီ လူငယ်ခေါင်းဆောင်ဆု ရှင် ရွေးချယ်ချီးမြင့်။

၂၀၁၇ ဒီဇင်ဘာ ၁၇ – ၂၄ ရက်နေ့အထိ သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပဖို့ လူထုကွင်းဆင်းတွေ့ဆုံပွဲ တပ်မတော်မှ အင်အားသုံး ဟန့်တား။

Leave a Comments

- Advertisement -spot_img

Latest article