Saturday, April 20, 2024

ထိလွယ် ရှလွယ်စာနယ်ဇင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ တောင်ကြီးတွင်ပြုလုပ်

Must read

သတင်းထောက်များ ဘက်လိုက်သော စကားအသုံးအနှုန်းများ ၊ ပဋိပက္ခဖြစ်စေသော စကားလုံး အသုံးအနှုန်းများ ရှောင်ရှားတတ်စေရန် ရည်ရွယ်ပြီး Conflict Sensitive Journalism and Anti-Corruption သင်တန်းတခု တောင်ကြီးမြို့တွင် ကျင်းပခဲ့သည်။

တောင်ကြီးမြို့ 21st TGI ဟိုတယ်တွင် အဆိုပါသင်တန်းကို ဒီဇင်ဘာလ ၁၄ နှင့် ၁၅ ရက် ၂ ရက်တာ ပြုလုပ်ရာ မူစယ်၊ လားရှိုး၊ ကျောက်မဲ၊ တန့်ယန်း၊ ကျေးသီး ၊ ပင်လောင်း ၊ ဖယ်ခုံ၊ လင်းခေး၊ ခိုလမ်၊ တောင်ကြီး ၊ ကျိုင်းတုံ အသီးသီးက သတင်းပညာစိတ်ပါဝင်စား သူလူငယ် ၂၀ ခန့်တက် ရောက် ကြောင်းသိရသည်။

သျှမ်းသံတော်ဆင့်သတင်းဌာန အယ်ဒီတာချုပ်စိုင်းမိဏ်းက – “ ကျင်းပရခြင်းရည်ရွယ်ချက်ကတော့ သျှမ်းပြည်ဟာ ကျယ်ပြန့်တယ်။ သမိုင်းလည်းရှည်လျားတယ်။ တိုင်းရင်းသားလူမျိုးစုတွေလည်း အများကြီး ရှိတယ်။ လက်နက်ကိုင်အဖွဲ့အစည်းတွေလည်းများတယ်။

သယံဇာတလည်း အများကြီးရှိခဲ့တယ်။ ဆိုတော့ပြသနာလည်းများတယ်။ ပြသနာတွေလျော့နည်းပြီးတော့ အတူတကွ အေးချမ်းစွာနေထိုင်ဖို့နဲ့ သတင်းရေးသားရာမှာ မှန်ကန်တဲ့စကားလုံးတွေ ဘက်လိုက်မှု ထိခိုက်မှုမရှိတဲ့ စကားလုံးတွေကို ရှာဖွေသုံးတတ် အောင်ဆိုပြီး အခုလိုဆွေးနွေးမှု သင်တန်းပေးရတာဖြစ်ပါတယ်။ ” ဟုပြောသည်။

သျှမ်းပြည်နယ်အတွင်း သျှမ်းသံတော်ဆင့်မှပေးသော အခြေခံသတင်းပညာသင်တန်းများ လုပ်ဖူး သော်လည်း ယခုပြုလုပ်သော Conflict Sensitive Journalism and Anti-Corruption သင်တန်းမှာမူ ပထမအကြိမ်ဖြစ်ကြောင်းသိရသည်။။

ဆွေးနွေးပွဲတက်ရောက်သူ Tai TV online မှ သတင်းထောက် စိုင်းမွန်းအွန် က “ သတင်းရေးသားတဲ့ ပညာမှာလည်း ပဋိပက္ခဖြစ်စေမယ့်အသုံးအနှုန်း၊ ထိလွယ်ရှလွယ်စေမယ့် စကားလုံးအသုံးအနှုန်း တွေ သိလာတယ်။ ကြက်သွန်နီ လို အနွာလိုက်နွာပြီး ဖြစ်စဉ်ရဲ့နောက်ကွယ်၊ ပဋိပက္ခဖြစ်ပေါစေတဲ့ အကြောင်းအရာတွေ သိလာတော့ ရေးသားတဲ့အခါကျရင် ရှောင်ရှားတတ်မယ်လေ၊ လာဘ်ပေးလာဘ်ယူက အစ ပေါ့၊ သတင်းသမားတွေ စောင့်ထိန်းရမည့်စည်းတွေ သိရှိရ” – ဟုပြောသည်။

အဆိုပါသင်တန်းသို့ EPRP ၊ Tai TV online၊ Tai Hun Mai ၊ Hsaeng San Loi ၊ Hsen Pai၊ NRC – MRTV တို့မှ လူငယ်များ ပါဝင်တက်ရောက်သည်။

သင်တန်းဖြစ်မြောက်ရေးအတွက် IMS နှင့် BNI နိုင်ငံတကာမြန်မာသတင်း တို့ကူညီထောက်ပံ့ပြီး သျှမ်းသံတော်ဆင့်သတင်းဌာန က ဦးစီးကျင်းပခြင်းဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article