Wednesday, April 24, 2024

လောင်းကစားဝိုင်းများပေါများလာသည့် ကွတ်ခိုင်တွင် မိဘများကိုယ်တိုင် ကစားဝိုင်းဖျက်ဆီး

Must read

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ လောင်းကစားဝိုင်းတွေ ဂိမ်းတွေတည်ထောင်ထားတဲ့နေရာကို ဒေသခံကလေးမိဘတွေကနေဝင်ရောက်ဖျက်ဆီးခဲ့ပါတယ်။

Photo by – Rcm Kawng hka ၊ လောင်းကစားဝိုင်းများအား ကွတ်ခိုင် ဒေသခံလူထုက ဖျက်ဆီးနေပုံ

စက်တင်ဘာလ ၁၆ ရက်နေ့က ဒေသခံလူထု အင်အား ၁၀၀ ကျော်က ကွတ်ခိုင်မြို့ထဲမှာရှိတဲ့ လောင်း ကစားဝိုင်းတွေ ငါးမန်းဂိမ်းတွေကိုသွားရောက်ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

ကွတ်ခိုင်မြို့နယ် မိုင်းယုအုပ်စုက လူငယ်ခေါင်းဆောင် စိုင်းလျောဝ်ဇတ် က – “ကျနော်တို့စုပေါင်းပြီး အာဏာပိုင်တွေကိုအကြိမ်ကြိမ်သွားရောက်တိုင်ကြားပေမယ့် ကျနော်တို့ကိုဖြေရှင်းပေးနိုင်တာမရှိခဲ့ဘူး။ အဲတာကြောင့် ကျနော်တို့ဒေသခံလူထုုပေါင်းပြီး လောင်းကစားဝိုင်းတွေကိုကိုယ်တိုင်ကိုယ်ကျ ဖျက်ဆီးရတာဖြစ်တယ်။ လောင်းကစားတွေပေါလို့ မူးယစ်ဆေးတွေပေါများတာဖြစ်တယ်။ မူးယစ်ဆေးကြောင့်မိသားစုပြိုကွဲတယ်။ ရပ်ရွာထဲမှာ သူခိုးဓါးပြ ပေါများလာတယ်။အဲတာကြောင့် ပြသနာအရင်းအမြစ်ဖြစ်တဲ့ဒီ လောင်းကစားဝိုင်းတွေကိုဖျက်ဆီးရတာဖြစ်တယ် ” – လို့ ပြောပါတယ်။

အဆိုပါ မူးယစ်ဆေးဝါးပြသနာဖြေရှင်းနိုင်ရေးအတွက် ယခုနှစ်ဆန်း မတ်လ ၈ ရက်နေ့တုန်းက မိုင်းယုအုပ်စု က ရပ်ရွာအကြီးအကဲတွေ လူငယ်အဖွဲ့တွေ ရွာသူရွာသားတွေ ၅၀၀ ထက်မနည်း တွေ့ဆုံပြီးတော့ ဆွေးနွေးမှုပြုခဲ့ပါတယ်။ မိုင်းယုအုပ်စုထဲက ကျေးရွာ ၉ ရွာက ရွာအကြီးအကဲတွေကနေ ၀င်ရောက်ဆွေးနွေးခဲ့ပါတယ်။

ကွတ်ခိုင်မြို့နယ်မိုင်းယုအုပ်စုတွင် ဂိမ်းဆိုင်ပေါင်း ၁၀ ဆိုင်ကျော်ရှိပြီး ဂိမ်းဆိုင်များကိုလွန်ခဲ့သည့် ၁၀ နှစ်ခန့် ကတည်းက ရှိခဲ့တာကြောင့် လူငယ်တော်တော်များများ အကျင့်စာရိတ္တ ပျက်စီးနေတာဖြစ်ကြောင်းလည်း မိဘတွေပြောပြချက်အရသိရပါတယ်။

 

Leave a Comments

- Advertisement -spot_img

Latest article