Tuesday, April 16, 2024

မိုင်းတုံမြို့နယ်အတွင်း RCSS/SSA လှုပ်ရှားမှုကို အစိုးရတပ်မတော် ကြပ်မတ်စစ်ဆေး

Must read

သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းတုံမြို့နယ် အတွင်း လှုပ်ရှားနေသည့် တနိုင်ငံလုံးအပစ်အခတ် ရပ်စဲရေး စာချုပ် NCA လက်မှတ်ရေးထိုးထားသည့် သျှမ်းပြည်တပ်မတော် RCSS/SSA အား ဒေသအတွင်း အခြေစိုက် လှုပ်ရှားသည့် အစိုးရတပ်မတော် စစ်ကြောင်းများက လိုက်လံစစ်ဆေးမှုများပြုလုပ်နေသည်ဟု သိရှိရသည်။


၂၀၁၈ သြဂုတ်လ ၁၉ ရက်နေ့မှ ၂၆ ရက်နေ့အထိ ခရီးသွားလာသူများ၊ သံသယရှိသူများ၊ ကိုယ်ပိုင်ယာဉ်များ၊ လိုင်းကားများအား မိုင်းဆတ်အခြေစိုက် အမှတ် ၁၇ ဒေသကွပ်ကဲရေးစစ်ဌာနချုပ် လက်အောက်ခံ မိုင်းတုံမြို့ နယ် အတွင်း အခြေစိုက်သည့် ခြေလျင်တပ်ရင်းများက မိုင်းတုံ – ပုံပါကျင် လမ်းပေါ်တွင် စောင့်ဆိုင်း စစ်ဆေး ခြင်းဖြစ်ကြောင်းသိရသည်။

“အဲဒီ့တုန်းက မူးယစ်ဆေးဝါးပူးပေါင်းတိုက်ဖျက်နိုင်ဖို့ ကျနော်တို့ ရပ်သူကြီး ရွာသူကြီးတွေကို ခေါ်ယူတာ။ တွေ့ဆုံ ဆွေးနွေးပြီး လုပ်နိုင်မယ့်အစီအစဉ်လေးတွေကို စလုပ်နိုင်ဖို့။ အဲဒါကို တပ်က လာစောင့်ပြီး စစ်ဆေးတာ။ လွယ် အာလူး တောင်မှာ စောင့်စစ်တာ ။ အခုလဲ စစ်နေတုန်း အဲဒီ့တုန်းကလောက်တော့ သိပ်မကြမ်း တော့ဘူး ”- ဟု မိုင်းတုံမြို့နယ်အတွင်း တာဝန်ကျသည့် သျှမ်းပြည်တပ်မတော် RCSS/SSA အရာရှိတဦးက ပြောသည်။

အဆိုပါ ကိစ္စ နှင့်ပတ်သက်၍ မိုင်းတုံမြို့နယ်အတွင်းရောက်ရှိတာဝန်ထမ်းဆောင်နေသည့် အောက်ပြည်မ အစိုးရတပ်မတော် အရာရှိတဦးကလည်း – လူထုတိုင်ကြားချက်နဲ့ အထက်ညွွှန်ကြားချက်အရ လုပ်ဆောင် နေခြင်းဖြစ်ကြောင်း သျှမ်းသံတော်ဆင့်သို့ပြောသည်။

“ကျနော်တို့တော့ နားမလည်ဘူး။ RCSS က အပစ်ရပ်တယ် တနိုင်ငံလုံးအဆင့်နဲ့ ၊ ၀ – UWSA က ငြိမ်းချမ်းရေး လက်မှတ်ဘဲထိုးထားတယ်။ ခံစားခွင့်က ဒီနှစ်ဖွဲ့ ယှဉ်ကြည့်ရင် လုံးဝ ကွာခြားနေတယ်။ RCSS က သေနတ်နဲ့မ ပြောနဲ့ စစ်ဝတ်စုံလေးနဲ့တောင် လမ်းမ ပေါ်တက်မရဘူး။ ၀ – UWSA က တော့ အစိုးရတပ်နဲ့ ဘာမှ မကွာဘူး။ ဘယ်သွားသွား စစ်ယာဉ်တန်းကြီးနဲ့ သေနတ်တွေတကားကားနဲ့ဘဲ ”- ဟု ဒေသအတွင်း ခရီးသွားလာသည့် စိုင်းဂျအေး က ပြောသည်။

သျှမ်းပြည်တပ်မတော် RCSS/SSA သည် နေပြည်တော် အစိုးရ နှင့် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး NCA စာ ချုပ် လက်မှတ်ရေးထိုးထားသည့် သျှမ်းလက်နက်ကိုင်တပ်တခုဖြစ်သည်။ ချုပ်ဆိုလာသည့် စာချုပ်များ အား လုံးတွင် နယ်မြေ အတည်တကျ သတ်မှတ်ထားမှု မရှိဘူးဟု RCSS/SSA ဘက်က သျှမ်းသံတော်ဆင့်သို့ အကြိမ်ကြိမ် အတည်ပြုပြောကြားသော်လည်း အစိုးရတပ်မတာ်က RCSS/SSA သည် တနိုင်ငံလုံးအပစ် အခတ်ရပ်စဲ ရေး NCA စာချုပ် ကိုချိုးဖေါက်ပြီး နယ်မြေကျူးကျော်လှုပ်ရှားနေသည်ဟု မကြာခဏစွပ်စွဲပြီး RCSS/SSA တပ်များအား စစ်အားဖြင့် မကြာခဏ တက်တိုက်ခဲ့ဖူးသည်။

Leave a Comments

- Advertisement -spot_img

Latest article