Saturday, April 20, 2024

ကျောက်မဲ ခရိုင်အတွင်း တပ်နှင့် ဒေသခံ တောင်သူ အငြင်းပွားမှုဆက်လက်ဖြစ်ပွား

Must read

သျှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲခရိုင် ကျောက်မဲကြီး ကျေးရွာ အတွင်းတပ်နှင့် တောင်သူများ အငြင်းပွားမှု ဖြစ်ပွားနေသည့် နေရာတွင် သြဂုတ်လ ၂၆ ရက်နေ့ ည ၉ နာရီခွဲဝန်းကျင်တွင် တပ်မှ သေနတ်ပစ်ဖောက်ကာ ဒေသခံ တောင်သူများကို ခြိမ်းခြောက်မှု များပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ သြဂုတ် ၂၆ရက်နေ့ တွင် ခြေမြန်တပ်ရင် (၅၀၁) မှ တောင်သူများစိုက်ပျိုးထားသည့် ပျိုးပင်များကို ဝင်ရောက်ဖျက်ဆီးပြီး ခြံစည်းရိုးတိုင်လာရောက်စိုက်ထူးသဖြင့် ဒေသခံတောင်သူနှင့် တပ်များ အငြင်းပွားမှု ဖြစ်ပွားခဲ့ပြီးနောက် ညပိုင်းတွင် သေနတ်ဖောက် ခြိမ်းခြောက်မှု ပြုလုပ်ခဲ့ကြောင်း ကျောက်မဲကြီး ကျေးရွာ ဒေသခံတောင်သူ ဒေါ်အဲနော် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ သြဂုတ် ၂၆ ရက်နေ့မှ တပ်က တောင်သူတွေ စိုက်တာဖျက်ပြီး အုတ်တိုင် လာချတယ်။ တောင်သူတွေနဲ့ အပြန်အလှန် စကားများ ကြတယ်။ ညပိုင်း ၉ နာရီခွဲဝန်းကျင် မှာ တပ်က သေနတ်နဲ့ စဖောက်တော့တာပဲ။ ဘာရန်သူမှ မရှိ သေနတ်ပစ်တာ ကတော့ ဒေသခံတောင်သူတွေ ကို ခြိမ်းခြောက်တဲ့သဘောနဲ့ ဖောက်တယ်လို့ မြင်တယ်” ဟု ဒေါ်အဲနော် က ဆိုသည်။

စစ်တပ်နှင့် အငြင်းပွားမှု ဖြစ်သည့် နေရာသည် ကျောက်မဲကြီး ကျေးရွာ မှ ဒေသခံများ နှစ်စဉ် တောင်ယာ စိုက်ပျိုး မှု ပြုလုပ်ခဲ့သည် နေရာဖြစ်ပြီး၊ တပ်မှ သိမ်းဆည်းထားသည့် နယ်မြေ မဟုတ်ကြောင်း၊ ၂၀၁၄ခုနစ်မှ စတင်က ဒေသခံတောင်သူပိုင်မြေများကို တပ်ပိုင်နယ်မြေ အဖြစ်တိုးချဲ့လာကြောင်း ဒေါ်အဲနော် က ဆိုသည်။

ခြေမြန်တပ်ရင်း ၅၀၁ သည် သျှမ်းပြည်နယ်မြောက်ပိုင်းကို ၁၉၉၂ခုနစ်တွင် စတင်ကာ တပ်လာချပြီး၊ အဆောက်အဦးများ ဆောက်လုပ်ကာ ၂၀၀၀ ခုနစ်တွင် တပ်လယ်ယာမြေ စိုက်ပျိုးမြေ ယူခဲ့သည်။

ထို့အပြင် တောင်သူလယ်သမားများ ဘိုးဘွားစဉ်ဆက်လုပ်ကိုင်သည့်နေရာကို ၂၀၁၄ခုနစ်တွင် ရဲမေ စိုက်ကွက် ဆိုပြီး အမှတ်စဉ် လာစိုက်ထူးကြကြောင်း လည်း ဒေါ်အဲနော် က ပြောပြသည်။

အဆိုပါတပ်နှင့် ဒေသခံ မြေအငြင်းပွားမှုကြောင့် ၂၀၁၇ ခုနစ်တွင် တောင်သူ ၁၂ ဦးကို တပ်ပိုင်နယ်မြေ ကျူးကျော်မှုဖြင့် တပ်မှ တရားစွဲဆိုခဲ့ပြီး၊ တောင်သူများ ကျူးကျော်မှု မြောက်သည်ဟု ငွေဒဏ် ၃ သောင်းပေးခဲ့ရကြောင်း သိရသည်။

“ ကျနော်တို့ အနေနဲ့ကတော့ ကွင်းဆင်းပြီးပြီ၊ မြေစစ်ကော်မတီလည်း တင်ထားပြီးပါပြီ၊ ကျနော်တို့ကတော့ ဒါက ယခင်တုန်းက သိမ်းထားတယ်။ တောင်သူတွေနစ်နာတယ် ။ ဒါကြောင့် ဒါတွေကို ပြန်စွန့်လွှတ်သင့်တယ်ဆိုတဲ့ သဘောထားမှတ်ချက်နဲ့ ပြန်တင်ပြထားပါတယ်” ဟု ကျာက်မဲမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းဉာဏ် ကပြောသည်။

လက်ရှိ တွင် သျှမ်းပြည်နယ် အတွင်း တပ်မှ သိမ်းဆည်းထားသည့် လယ်ယာမြေ ဧက ၄သိန်း အနက် ဧက ၂သိန်း အား ဒေသဖွံ့ဖြိုးရေး စီမံကိန်း အတွက်ဆောင်ရွက်သွားမည် ဟု မေလ ၂၅ရက်တွင် သျှမ်းပြည် နယ် အစိုးရ အဖွဲ့မှ သတင်းမီဒီယာများနှင့်တွေ့ဆုံပွဲတွင် ညွန်ကြားရေးမှူး ဦးသိန်းဦး ကပြောခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article