Wednesday, April 24, 2024

အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်တပ်တိုက်ပွဲဖြစ် နမ္မတူမြို့နယ်ကျေးလက်ဒေသခံ ၇၀ ကျော် စစ်ဘေးထပ်ရှောင်

Must read

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း အစိုးရတပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်တို့ကြား ယနေ့မနက်ပိုင်းတိုက်ပွဲများဖြစ်ပွါးခဲ့ရာ လက်ရှိတွင် မန်စံအုပ်စု ဘုန်းကြီးကျောင်းသို့ စစ်ဘေးရှောင် ၂၀ ရောက်ရှိ နေကြောင်း သိရသည်။

ဩဂုတ်လ ၂၈ ရက် မနက်ပိုင်းက နမ္မတူမြို့နယ် ပန်ချမ်အုပ်စု ဝမ့်နားပုံရွာအနီး အစိုးရတပ်မတော် ခလယ ၃၁၃ နှင့်  မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့အကြားပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွါးခဲ့သဖြင့်  မန်စံအုပ်စု ဘုန်းကြီးကျောင်းသို့ စစ်ဘေးရှောင် ၂၀ ကျော်ရောက်ရှိနေကြောင်း နမ္မတူမြို့နယ် စစ်ဘေးရှောင်များကူညီရေးအဖွဲ့ဒုဥက္ကဌ စိုင်းဘဉာဏ်က သျှမ်းသံတော်ဆင့်အားပြောသည်။

နားပုံရွာက မိသားစု ၆ စု လူဦးရေ ၂၀ မန်စံဘုန်းကြီးကျောင်းကိုရောက်နေတယ်။တချို့ ဘာအဝတ် အစားမှမရလာခဲ့ဘူး။  အဲဒီရွာက ရွာသား ၁၀ မိသားစုလောက်စုစုပေါင်းလူဦးရေ ၅၀ ကျော် ကလည်း တောထဲကိုစစ်ဘေးရှောင်ခိုလှုံရင်း ပျောက်နေတယ်။ မန်စံကိုမရောက်လာသေးဘူး။ သူတို့တွေရောက်လာရင် ကူညီမှုပေးဖို့ ကျနော်တို့ စောင့်နေပါတယ်- ဟု စိုင်းဘဉာဏ်ကပြောသည်။

ရထားလမ်းဟောင်းအနီးရှိ နမ့်ပိုင်နှင့် နားကွန်ရွာမှ ရွာသားများလည်း  တိုက်ပွဲပိုမိုပြင်းထန်လာပါက မန်စံသို့ တိမ်းရှောင် မည်ဖြစ်ကြောင်း မန်စံဘုန်းကြီးကျောင်းရောက် စစ်ဘေးရှောင်တချို့ နှင့်ဆွေမျိုးတော်စပ်သူ နမ့်ပိုင်ရွာသားကပြောကြောင်းလည်းသိရသည်။

နားပုံရွာက လူနေအိမ်သိပ်မရှိဘူး ။ ၁၀ ကျော်ဘဲရှိတယ်။ ဒါမယ့် တောနက်တယ်- ဟု ဘုန်းကြီးကျောင်းသို့ရောက်ရှိလာသည့် စစ်ဘေးရှောင်တဦးကလည်းပြောသည်။

ပြီးခဲ့သည့်အပတ်ကလည်း နမ္မတူမြို့တောင်ဘက်ရှိ ပန်လုံအုပ်စုအတွင်းတိုက်ပွဲကြောင့် အုပ်စုအတွင်း ၈ ရွာမှ ရွာသားများမှာ သီပေါမြို့အထိ စစ်ဘေးတိမ်းရှောင်ခဲ့ကြရသည်။ ၎င်းတို့သည် ပြီးခဲ့သည့် ဩဂုတ် ၂၃ ရက်နေ့ကပင် နေရပ်သို့အသီးသီး ပြန်သွားကြရသည်။

Leave a Comments

- Advertisement -spot_img

Latest article