Friday, April 19, 2024

မိုင်းဆတ်တွင် ရေကြီး လူနေအိမ် ၂၀၀ နီးပါး ရေလွှမ်း

Must read

သျှမ်းပြည် အရှေ့ပိုင်း မိုင်းဆတ်မြို့ တွင် ယခုရက်ပိုင်း မိုးဆက်တိုက် ရွာသွန်းမှုကြောင့် ရေကြီးမှု ဖြစ်ပွားကာ နေအိမ် ၂၀၀ နီးပါး ရေလွှမ်းမိုးမှု ကြုံနေရကြောင်းသတင်းရရှိသည်။

မိုင်းဆတ်တွင် ရေကြီး လူနေအိမ် ၂၀၀ နီးပါး ရေလွှမ်း

မိုးဆက်တိုက်ရွာသွန်းမှုကြောင့် မြစ်ရေများတက်လာကာ အနိမ့်ပိုင်း ရပ်ကွက်ဖြစ်သည့် မယ်ဆွမ်တောင်ရပ်ကွက်၊ ဝမ်ကျောင်း၊ တာလျှံ နှင့် နောင်ဟီး ရှိ နေအိမ်များ ယနေ့ သြဂုတ် ၂၃ ရက် မနက်ပိုင်းတွင် ရေများ စတင်ဝင် ရောက်လာကြောင်း မိုင်းဆက်မြို့ဒေသခံ စိုင်းဆေ က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ ချောင်းရေ က မြို့ထဲဝင်လာတာ။ ရေတွေက ခါးထိရှိတယ်။ အိမ်တွေ၊ လယ်ထွန်စက်တွေ မြုပ်ကုန်ပြီ။ သိုလှောင်ထားတဲ့ စပါးတွေ ဆန်တွေ ပြောင်းတွေ၊ ကြက်သွန်ဖြူတွေ ရေမြုပ်ကုန်တယ်။ ကားတွေ ဆိုင်ကယ်တွေ လယ်ထွန်စက်တွေလည်း မရွှေ့နိုင်လို့ အခုထိ ရေထဲမှာ နစ်နေတယ်” ဟု စိုင်းဆေက ဆိုသည်။

နေအိမ်နစ်မြုပ်နေသည့် ဒေသခံများသည် ရေမဝင်သည့် တခြားအမျိုးအိမ်သို့ ပြောင်းရွှေ့နေကြရကြောင်း၊ လက်ရှိ အချိန်ထိ ရေများပြန်ကျရန် စောင့်နေရကြောင်း၊ ရေကြီးရေလျှံမှုကြောင့် ဆုံးရှုံးမှုများကြောင်း လည်း စိုင်းဆေ က ပြောပြသည်။

“အရင်က ရေ အဲ့လို မကြီးဖူးဘူး။ ဒီနှစ် မြို့ လယ်ထဲ ရေဝင်လာတာ ၊ ရေလျှံတက်တာတအားဘဲ။ ည ထိ ရေမကျရင်တော့ အမြင့်ပိုင်းမှာရှိတဲ့အမျိုးအိမ်ကိုဘဲပြောင်းအိပ်ရမယ် ထင်တယ်” ဟု စိုင်းဆေ က ဆိုပြန်သည်။

သျှမ်းပြည်နယ် အရှေ့ပိုင်း တွင် မိုင်းတုံ ရေကာတာ တည်ဆောက်မှု ရှိသကဲ့သို့ သတ္တု တူးဖော်ရေးများ လည်း ပြုလုပ်ကာ သစ်တောဖြုန်းတီးမှုများ တနှစ်ထက် တနှစ် ပိုများလာကာ သဘာဝ ပတ်ဝန်းကျင် ပျက်စီးမှု ဒဏ်ကို ပြည်သူများ ခံနေရကြောင်းလည်း သျှမ်းရှေ့ မိုင်းဆက်ဒေသခံများက ပြောသည်။

လက်ရှိ ရေကြီးရေလျှံကို သက်ဆိုင်ရာ အာဏာပိုင်များလာရောက် ကြည့်ရှုသွားသော်လည်း ကူညီ ကယ်ဆယ်မှု မရှိသေးကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article