Friday, April 19, 2024

မျိုးချစ်စိတ်ကြောင့် တော်လှန်ရေးလုပ်ငန်းထဲဝင်လာတဲ့ အမျိုးသမီး တယောက်ပါ

Must read

တော်လှန်ရေးဘက်မှာ ခြံုပြီးကြည့်ရင်တော့ အမျိုးအစား ၂ မျိုးရှိတယ် ။အမျိုးသမီးအများစုတွေဟာ ကလောင် နဲ့ တော်လှန်ရေးဝင်ကြတယ်။ အဆင့်အလိုက်စနစ်တကျလုပ်ဆောင်သွားတဲ့ ငြိမ်းချမ်းရေး၊ နိုင်ငံရေးပေါ်လစီ အပေါ်မှာယုံကြည်ကြတယ် ။ မျိုးချစ်စိတ်ရင်းကလည်းရှိပြီးသားမို့လို့ တဘက်ကလည်း စစ်သားလုပ်ဖို့ စိတ်ဝင်စားလို့ တော်လှန်ရေးပိုင်းမှာဝင်ရောက်လာတာဖြစ်တယ် ။ ကျမရဲ့ရည်ရွယ်ချက်တော့ အမျိုးသမီးတွေရဲ့နေထိုင်မှုဘဝကို တိုးတက်အောင် ပျိုးထောင်ပေးချင်တယ် ။ လူမှုရေး ၊ နိုင်ငံရေး ၊ငြိမ်းချမ်းရေး၊ ပျိုးထောင်မှုအသီးသီးနဲ့ အခွင့်ရေးတန်းတူရရှိဖို့ သူများလိုတိုးတက်နိုင်အောင် လုပ်ဆောင်ဖို့လိုတယ် ။ ကနေ့ အမျိုးမျိုးပြောင်းလဲနေတဲ့ နိုင်ငံရေး၊ စစ်ရေး မှာ အမျိုးသမီးတွေပါ၀င် လုပ်ပိုင်ခွင့်ရှိစေချင်တယ် ။ အမျိုးသမီးအရည်အချင်းကိုပြချိန်တန်ပြီ။ ဒါကြောင့် ခေတ်နဲ့အညီ နိုင်ငံရေးအပြောင်းအလဲနဲ့အညီ အမှီလိုက်နိုင်ဖို့ စစ်ရေး တော်လှန်ရေးမှာပါ အမျိုးသမီးအားလုံး ကိုသိရှိနားလည်စေချင်တယ်။

Leave a Comments

- Advertisement -spot_img

Latest article