လားရှိုးမြို့မြောက်ဘက်မှာ မဟာမိတ်တပ်ဖွဲ့နဲ့အစိုးရတပ်ပစ်ခတ်မှုဖြစ်ပွါး

0

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် အစိုးရတပ်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွါးခဲ့ကြောင်းသိရပါတယ်။

တိုက်ပွဲဖြစ်ပွါးရာနေရာပြမြေပုံ ( Credit to Saikaung Loipha Facebook )

ဩဂုတ်လ ၁၇ ရက်နေ့မနက် ၉ နာရီကနေ ၁၁ နာရီအထိ လားရှိုးမြို့အရှေ့ဘက်မိုင် ၃၀ ကျော်အကွာက မိုင်းယော်တိုက်နယ်ထဲမှာ တိုက်ပွဲဖြစ်ပွါးခဲ့တာပါ။

မိုင်းယော်တိုက်နယ်အရှေ့ဘက်မိုင် ၂၀ လောက်အကွာမှာရှိတဲ့ ပန်ကိန် ဟိုဆေ အုပ်စုဘက်မှာ ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွါးခဲ့တာဖြစ်ပါတယ်။

တအာင်း TNLA နဲ့ ကိုးကန့် MNDAA တပ်တွေပေါင်းထားတဲ့ မြောက်ပိုင်းတပ်ဖွဲ့ဘက်က အင်အား ၂၀၀ လောက်ရှိပြီး အမှတ် ၆ ဒုတပ်ရင်းမှူး  တာ့ပန်ခါး က ဦးဆောင်ကြောင်းသိရပါတယ်။

အစိုးရတပ်ဘက်ကတော့ ခမရ ၄၂၀ ဖြစ်ပြီး အင်အား ၉၀ လောက်ရှိတယ်လို့ဆိုပါတယ်။

တိုက်ပွဲမှာ အစိုးရတပ်ဘက်က ၄ ယောက်သေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ ကြောင်းနဲ့ မဟာမိတ်တပ်ဖွဲ့ဘက်ကတော့ ထိခိုက်ဒဏ်ရာရမှုဘယ်လောက်ရှိလဲဆိုတာမသိရကြောင်း လားရှိုးရောက် မိုင်းယော် ကျန်းမာရေးဌာန အသိုင်းအဝိုင်းတဦးကပြောပါတယ်။

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here