Friday, April 19, 2024

၈ လေးလုံး နှစ် ၃၀ ပြည့်အခမ်းအနား တောင်ကြီးတွင် ၂ ရက်တာပြုလုပ်

Must read

သြဂုတ်လ ၈ ရက်နေ့တွင်ကျရောက်မည့် ၈ လေးလုံးအရေးတော်ပုံ နှစ် ၃ဝ ပြည့် “ပုလဲရတု” အခမ်းအနားကို တောင်ကြီးမြို့မြို့တော်ခန်းမတွင် ကျင်းပ ၂ ရက်သာကျင်းပမည်ဖြစ်ကြောင်းသိရသည်။

သြဂုတ်လ ၈ ရက်နေ့တွင်ကျရောက်မည့် ၈ လေးလုံးအရေးတော်ပုံ နှစ် ၃ဝ ပြည့် “ပုလဲရတု” အခမ်းအနားကို တောင်ကြီးမြို့မြို့တော်ခန်းမတွင် ကျင်းပ ၂ ရက်သာကျင်းပ

အဆိုပါဆွေးနွေးပွဲကို ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ NLD အဖွဲ့ SNLD အဖွဲ့ သျှမ်းပြည်နိုင်ငံရေး အဖွဲ့ ကျောင်းသားသမဂ္ဂအဖွဲ့သျှမ်းပြည်နိုင်ငံရေးအကျဉ်းသား ဟောင်းများ စုစုပေါင်းအင်အား ၂၀၀ ခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။

“လွန်ခဲ့တဲ့နှစ်သုံးဆယ် နဲ့ မခုဆို ခေတ်နဲ့စနစ်ဟာမတူဘူးလို့ ကျနော်သုံးသပ်မိပါတယ်။ ကျနော်တို့ အဖိုးအဖွားတွေခေတ်ဟာ လှည်းနဲ့ခရီးသွား ပြီး အင်မတန် ကြီးမားလှတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ ဆက်သွယ်နေရတဲ့ အချိန်မှာ ဒီနေ့ကျနော်တို့ဟာ လက်တဖဝါးစာရှိတဲ့ အပြားလေးတစ်ချပ်နဲ့အပြန်အလှန် မျက်နှာကြည့်ပြီး ဆက်သွယ်ရပါတယ်။ အဲ့ခေတ်နဲ့ညီတဲ့ စနစ်မျိုးကို လူ့ အဖွဲ့အစည်းက တည်ဆောက် ရမယ်။ မတည်ဆောက်နိုင်ရင် လူ့ အဖွဲ့အစည်းဟာပျက်စီး တတ်တယ် ။ ဒီနေ့ခေတ်ဟာ ပွင့်လင်းတဲ့ခေတ်ဖြစ်တယ်။ ဘယ်သူမှဖုန်းထားလို့မရဘူး။ ၁၉၈၈ ကလိုမဟုတ်တော့ဘူး” ဟု ABSDF ဥက္ကဌ ရဲဘော်သံခဲမှပြောကြားခဲ့ပါသည်။

သြဂုတ်လ ၈ ရက်နေ့တွင်ကျရောက်မည့် ၈ လေးလုံးအရေးတော်ပုံ နှစ် ၃ဝ ပြည့် “ပုလဲရတု” အခမ်းအနားကို တောင်ကြီးမြို့မြို့တော်ခန်းမတွင် ကျင်းပ ၂ ရက်သာကျင်းပ

အဆိုပါဆွေးနွေးပွဲတွင် ၁၉၈၈ခုနှစ်နှင့် ယခု စားဝတ်နေရေးအခြေနေကွာခြားပုံ များ နိုင်ငံရေးများအကြောင်းကိုနှိုင်းယှဉ်ဆွေးနွေးခဲ့ကြောင်းသိရသည်။

၈၈၈၈ ကျောင်းသားသမဂ္ဂ စိုင်းအောင်မြင်မှ ” ၈၈၈၈ ဖြစ်လာရတာက ပြည်သူတွေ ဆင်းရဲဒုက္ခရောက်တဲ့အတွက် အဲ့ဒဏ်ကိုမခံနိုင် လို့ ဆန္ဒပြပြီး ဒီမိုကရေစီကို တောင်းခဲ့တယ်။ အခုလည်းဒီမိုခရေစီ အပြည့်အဝမရသေးပါဘူး။ ရဖို့ဆိုတာကလည်း ပြည်သူတွေ ကြောက်ရွံ့ စရာမလိုဘဲ ကိုယ့်တာဝန်ကိုကျေပွန်အောင် စည်းလုံးညီညွှတ် စွာ အလုပ်လုပ်ဖိုလိုပါတယ်” ဟုပြောကြားခဲ့ပါသည်။

အခမ်းအနားကို သြဂုတ် ရ ရက် နှင့် ၈ ရက်တို့တွင်ကျင်းပမည်ဖြစ်ပြီး “ငြိမ်းချမ်းရေးနှင့် ဖက်ဒရယ်ပြည် ထောင်စုအသွင်လက္ခဏာ ရရှိရေးအတွက် လိုအပ်သည့်အနှစ်သာရ ၊ ၈ လေးလုံး သမိုင်းမှရရှိခဲ့သော သင်္ခန်းစာနှင့်အနာဂတ် ” စသည့်ခေါင်းစဉ်များကို ဖိတ်ကြားထားသည့် ဧည့်သည်တော်များက လာရောက်ဆွေးနွေးတင်ပြကြမည်ဖြစ်ကြောင်းသိရသည်။

၄င်းခေါင်းစဉ်များအား ပထမရက်တွင် နိုင်ငံတကာဆက်ဆံရေးပညာဌာန ရန်ကုန်တက္ကသိုလ်မှ ဒေါက်တာ ခိုင်မျိုးထွန်း၊ ABSDF ဥက္ကဌ ရဲဘော်သံခဲ၊ စာရေးဆရာ ဦးမောင်မောင်စိုး၊ အရှေ့တောင်အာရှ ရေးရာကျွမ်းကျင် ဦးခင်လေးမောင်တို့ကလည်းကောင်း၊ ဒုတိယရက်တွင် PNLO ဒုတိယဥက္ကဌ ဦးခွန်မြင့်ထွန်း၊ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ဦးဂျင်မီ ၊ ရှေးဟောင်းသုတေသနပညာရှင် မန္တလေးတက္ကသိုလ်မှ ဒေါက်တာ ပြည့်ဖြိုးကျော်၊ အရှေ့တောင်အာရှရေးရာကျွမ်းကျင်သူ ဦးခင်လေးမောင် တို့မှ မြို့တော်ခန်းမတွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

တောင်ကြီးမြို့တော် ခန်းမ တွင် ကျင်းပလျှက်ရှိရာ တက်ရောက်လာကြသူများမှ ပြသထားသော သမိုင်း မှတ်တမ်း ဓာတ်ပုံများ ၊ ပန်းချီ နှင့် ကာတွန်းများ ကို ကြည့်ရှုကြပြီးနောက် ၊ တက်ရောက် ဧည့်သည်တော် မှတ်တမ်း တွင် အမှတ်တရစကားနှင့် လက်မှတ်များ ရေးထိုးခဲ့ကြသည်။

၈၈၈၈ အရေးအခင်းကာလက တောင်ကြီးမြို့တွင် ကျောင်းသားပေါင်း ၂၀ ကျော်သေဆုံးခဲ့ကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article