Tuesday, April 16, 2024

သျှမ်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ အတွက် ထိုင်းနိုင်ငံတွင် သျှမ်းခေါင်းဆောင်များတွေ့ဆုံမည်

Must read

သျှမ်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် ထိုင်းနိုင်ငံတနေရာတွင် သျှမ်းခေါင်းဆောင်များ လာမည့်ရက်ပိုင်းအတွင်း တွေ့ဆုံ ဆွေးနွေးကြမည်ဟုသိရသည်။

၂၀၁၈ ဩဂုတ်လ ၄-၆ ရက်နေ့အထိ  သျှမ်းပြည်ဆိုင်ရာ ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယ မူကြမ်းအား ပြန်လည်စိစစ်ရန်၊ လိုအပ်သည့်အချက်အလက်များ ပြန်လည်ဆွေးနွေးဖြည့်စွက်သွားရန် အဓိက ဖြစ်သည်ဟု လည်း သိရသည်။

သျှမ်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲရေးကော်မတီက မတွေ့ဖြစ်တာကြာပြီ။ ဒုတိယ အကြိမ်ရေးဆွဲပြီးကတည်းကလေ။ အရင်က  ကော်မတီမှာကော၊  အစည်းအဝေးတွေမှာပါ RCSS က မတက်ဘူး။ အခု သူလဲ ကိုယ်စားလှယ်လွတ်ပြီးလာတယ်မယ်” – ဟု သျှမ်းပြည်ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းရေးဆွဲရေးကော်မတီ ဥက္ကဌ တာဝန်ယူထား သည့် ဦးခင်းဆိုင်က ပြောသည်။

သျှမ်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း အလုပ်ရုံဆွေးနွေးပွဲ ပြီးဆုံး ပါက ပြည်ထောင်စု တဝှမ်း လုံးဆိုင်ရာဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းအတွက် အလုပ်ရုံဆွေးနွေးပွဲလည်း ဆက်တိုက် လုပ်သွား မည်ဟုဆိုသည်။

သျှမ်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအား စဝ်ခွန်ကြာနု ခေါ် စဝ်ဆိုင်စစ်မှ စတင်ရေးဆွဲလာသည်။ ၂၀၀၇ ခု စဝ်ခွန်ကြာနုကွယ်လွန်သည့်နောက်ပိုင်း စဝ်ခင်းဆိုင် ဉက္ကဌ တာဝန်ဆက်လက်ထမ်း ဆောင်ကာ ဒုတိယ မူကြမ်းအထိ ရေးဆွဲထားပြီး ဖြစ်သည်။ အဆိုပါ သျှမ်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေးဆွဲရေးကော်မတီတွင် ကယန်းအမျိုးသားခေါင်းဆောင် ခွန်းမာကိုဘန်း၊ ပအိုဝ်းခေါင်းဆောင် ဗိုလ်မှူးကြီး ခွန်ဉက္ကာ၊ ကချင်အမျိုးသမီးခေါင်းဆောင် ဒေါ်ရှယ်ရီဆိုင်း စသည်တို့လည်းပါဝင်သည်။

Leave a Comments

- Advertisement -spot_img

Latest article