Friday, April 19, 2024

သျှမ်းပြည်မြို့တော် တောင်ကြီးတွင် မေတ္တာရှင်ကုသိုလ်ဖြစ်ဆေးရုံမှ ၃ ကြိမ်မြောက်မျက်စိအခမဲ့ကုသပေး

Must read

သျှမ်းသံတော်ဆင့်/ နန်းမောက်မိုဟျိုးခမ်း ။        ။ မေတ္တာရှင်အသင်း (တောင်ကြီး)၏စီစဉ်ဆောင်ရွက်မှုဖြင့် ပြည်တွင်းမှမျက်စိအထူးကုဆရာဝန်ကြီးများနှင့် အမေရိကန်နိုင်ငံ SEVA foundationမှ မျက်စိအထူးကုဆရာဝန်ကြီးများ ပူးပေါင်းကာ မေတ္တာရှင်ဆေးရုံကြီးတွင် လူမျိုးဘာသာ ဆင်းရဲချမ်းသာမခွဲခြားဘဲ ၃ ကြိမ်မြောက် ကုသိုလ်ဖြစ် မျက်စိ၊ မျက်လုံး စမ်းသပ်၊ ကုသ၊ ခွဲစိတ်ပေးနေကြောင်းသိရသည်။

သျှမ်းပြည်မြို့တော် တောင်ကြီးတွင် မေတ္တာရှင်ကုသိုလ်ဖြစ်ဆေးရုံမှ ၃ ကြိမ်မြောက်မျက်စိအခမဲ့ကုသပေး

ဂျူလိုင်၂၄ မှ ၂၇ ရက်နေ့ထိ မျက်စိအခမဲ့ကုပေးမည်ဖြစ်ကြောင်းသိရသည်။

ဇူလိုင်လ ၂၄ ရက်နေ့တွင်လူနာ ၅၅ ဦး မျက်လုံးခွဲစိတ်ပေးခဲ့ပြီး ဇူလိုင်လ ၂၅ ရက်နေ့တွင် လူနာ ၂၇ ဦး ခွဲစိတ်ပေးပြီး ယနေ့ထိလူနာ ၁၈၀ ဦးရှိကြောင်းသိရသည်။ ဝန်ကြီးချုပ်များ၊ လွှတ်တော်ဥက္ကဌများ၊ စာရင်းစစ်ချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ ပြည်နယ်လွှတ်တော်တရားသူကြီးချုပ် တက်ရောက် မျက်မှန်တပ်ဆင်ချီးမြှင့်ပေးခဲ့ပါသည်။

လူနာလုံးဆန်ငင်းမှ ” အရင်ကကြည့်ရင်မှုန်ဝါးဝါးနဲ့ အခုလာခွဲစိတ်လိုက်တော့ ရှင်းရှင်းလင်းလင်းမြင်ရပြီ အရမ်း လည်းကျေးဇူးတင်ပါတယ်။ ခွဲစိတ်တာက ၁၀ မိနစ်လောက်ပဲသိပ်မကြာဘူး စောင့်ရတာတော့ နည်းနည်းကြာ တယ်။ လာကုချင်တဲ့ သူတွေရှိရင်လည်း ဦးလေးပြောပြပေးသွားမှာပါ သူတို့ကိုလည်းဦးလေးတို့လို ရှင်းရှင်းလင်းလင်းမြင်စေချင်တယ်”ဟု ပြောကြာခဲ့သည်။

ဂျူလိုင် ၂၄ ရက်နေ့မှ ၂၅ ရက်နေ့ထိ လူနာ ၁၈၀ ဦးရှိပြီဖြစ်ကြောင်း သိရသည်။ တစ်ရက်ကို လူနာတစ်ရာကျော် လာရောက်ကုသစစ်ဆေးပြီး လူနာအကန့်အသတ် မရှိ ကုသပေးသွားမည်ဖြစ်ကြောင်းသိရသည်။

“ပထမအကြိမ်နဲ့ဒုတိယအကြိမ်ကတော့ အများဆုံးလာတဲ့လူတွေကတော့ မန်းလေးတိုင်း မကွေးတိုင်းနဲ့ သျှမ်းပြည် ကလူတွေဖြစ်တယ်။ တွေ့ရတဲ့မျက်စိရောဂါကတော့ အတွင်းသိမ် အများဆုံးဖြစ်တယ်။ အတွေ့အကြုံအရ မောက်မယ်ဘက်က လူနာတယောက်ဆို အသက် ၄၅ နှစ်ကတည်းက မျက်စိနှစ်ဘက်လုံး စကွယ်ခဲ့ပြီး လာရောက် ကုသလိုက်တော့ပျောက်သွားတယ်။” ဟု တောင်ကြီးမေတ္တာရှင်အသင်း ဥက္ကဌ ဦးညွှန့်မောင်ကပြောကြားသည်။

မေတ္တာရှင်ဆေးရုံကို ၂၀၁၇ ကတည်းက စတင်တည်ထောင်ခဲ့ကြောင်းသိရသည်။

၎င်းက”အရင်က လူနာပေါင်း ၃၈၀၀ ကျော် စမ်းသပ်စစ်ဆေးတဲ့ထဲက ၄၇၇ ဦးခွဲစိတ်တာ အားလုံးအောင်မြင်တယ် ။ ယခုလည်း ၆၀ နီးပါးခွဲစိတ်ပြီးပါပြီ။ အားလုံးအောင်မြင်တယ်။ ရေရှည် plan ချထားတာကတော့ အထွေထွေရောဂါ ကုဖြစ်အောင် ချထားပါတယ်။ လက်ရှိအခြေနေမှာတော့ မွေးရာပါနှုတ်ခမ်းကွဲ အာခေါင်ကွဲ လည်းပါတယ်” ဟု ပြောကြားသည်။

တောင်ကြီးမြို့သူမြို့သားများ လှူဒါန်းငွေအပြင် အခြားသောရပ်ဝေးမှ စေတနာရှင်များမှ လှူဒါန်းထားကြောင်း သိရသည်။ မေတ္တာရှင်ကုသိုလ်ဖြစ်ဆေးရုံမှ အခမဲ့ မျက်စိစမ်းသပ်ပေးမှုအား တောင်ကြီးမြို့တွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ကတစ်ကြိမ် ၊မတ်လတွင်တကြိမ်နှင့် ယခုတကြိမ် စုစုပေါင်း သုံးကြိမ်ပြုလုပ်ခဲ့ပြီဖြစ်ကြောင်း သိရပါသည်။

Leave a Comments

- Advertisement -spot_img

Latest article