Wednesday, April 24, 2024

ထိုင်းနိုင်ငံဖူးခက်ကမ်းခြေတွင် လေပြင်းဒဏ်ထိ သင်္ဘောနှစ်စီးတိမ်းမှောက် ခရီးသည် ၄၉ ပျောက်ဆုံးနေ

Must read

ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက် ကမ်းခြေတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူ ၁၀၀ ခန့်တင်ဆောင် သည့် အပျော်စီးသင်္ဘောတစင်းနှင့် လူ ၄၀ ခန့်တင်ဆောင်သည့် သဗ္ဗာန်တစီး တိမ်းမှောက် မှု ကြောင့် လူ ၅၀ ခန့်ပျောက်ဆုံးနေကြောင်း ထိုင်းအစိုးရပိုင်သတင်း ထုတ်ပြန်ချက်အရ သိရသည်။

လှေတိမ်းမှောက်မှုမှ ခရီးသည်များအား ကူညီကယ်ဆယ်ရေးအဖွဲ့မှ ကယ်ဆယ်နေကြစဉ်

ဖူးခက်ကမ်းခြေမှ ခရီးသည် ၉၇ ဦးတင် အပျော်စီး သင်္ဘောတစီးနှင့် ခရီးသည် ၃၉ ဦးတင် အပျော် စီးလှေ တစီး ယနေ့ညနေပိုင်း ၅ နာရီ ၄၅ မိနစ်တွင် လှိုင်းလုံးကြီးပုတ်သဖြင့် လှေမှောက်သွား ခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံ ကယ်ဆယ်ရေး အဖွဲ့ထုတ်ပြန်ချက်အရ အပျော်စီး သင်္ဘောမှ လူ ၄၉ ပျောက်ဆုံးနေဆဲဖြစ်သည်ဟု ဆိုသည်။

ညပိုင်း ၉ နာရီတွင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ပြီးနောက် အပျော်စီးလှေမှ လှေမောင်းအပါအဝင် ၃၉ ဦးနှင့် သင်္ဘောမှ ခရီးသည် ၄၈ ဦးကိုကယ်ဆယ်နိုင်ခဲ့ကြောင်း ဖူးခက်ခရိုင်ဝန်ကပြောသည်။ သင်္ဘောပေါ် တွင် နိုင်ငံခြားသား အများစုဖြစ်ကြောင်းလည်း ကြားသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article