Friday, April 19, 2024

နမ့်ခမ်းမြို ့ပေါ် ရပ်ကွက်အမည်များ မူလအမည်များ ပြန်လည် သုံးစွဲရန် ဒေသခံများတောင်းဆို

Must read

သျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမြို့ တွင်းရှိ ရပ်ကွက်များအား မူလ အခေါ်အဝေါ် အတိုင်း ပြန်လည် သုံးစွဲရန် အတွက် နမ့်ခမ်းဒေသခံများ၏ ဆန္ဒ သဘောထား လက်မှတ်ရေးထိုးကာ စုပေါင်းတောင်းဆိုကြသည်ဟု သတင်းရရှိသည်။

အမှတ်စဉ်ဖြင့် မှည့်ခေါ်သည့် အဆိုပါ ရက်ကွက်များအား မူလ သျှမ်းအမည်များ တရားဝင် ပြန်လည် အသုံးပြုရန် အတွက် ဇွန် ၂၈ ရက်နေ့ နမ့်ခမ်းမြို့ ကျားဖြူခန်းမ တွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန နှင့် ရပ်ကွက် အုပ်ချုပ်ရေး မှူး များ မှ ပူးပေါင်းပြီး ပြည်သူများ၏ သဘောထား ဆန္ဒကို ကောက်ယူ ပြုလုပ်ခဲ့ကြောင်း နမ့်ခမ်းဒေသခံများက ပြောသည်။

“ အခု က ရပ်ကွက်ကို ဂဏန်း နဲ့ မှည့်ထားတာ။ အရင်က ရပ်ကွက်ကိုနာမည် မှည့်ထားတာ။ အခု ရပ်ကွက်ကို အရင်က အတိုင်း နာမည်နဲ့ပြန်ပြောင်းဖို့ သဘောဆန္ဒကောက်တာပါ။ အားလုံးကတော့ အရင်အတိုင်း ပြန်ထားဖို့ ပဲတောင်းဆိုထားပါတယ်” ဟု မန့်ခမ်း ရပ်ကွက် မှ စိုင်းကမ် က ပြောသည်။

လက်ရှိဖွဲ့ထားသည့် ရပ်ကွက် ၁၄ ခုမှ ဒေသခံများကို ခေါ်ယူကာ ဆန္ဒသဘောထားများကောက်ခံပြီး လွှတ်တော်သို့ တင်သွားရန်ဖြစ်ကြောင်းလည်း စိုင်းကမ် က ပြောသည်။

“ အရင်က ရပ်ကွက် ၂ ခု၊ ၃ ခု ကို တခုတည်း ပေါင်းထားတာ။ အုပ်ချုပ်မှူးမှာ ပြသာနာဖြစ်တယ်။ ရပ်ကွက် တံဆိပ်တုံးကို ကိုင်တွယ်တဲ့နေရာမှာ ရပ်ကွက် ကြီးတဲ့သူပဲ ကိုင်ရတယ်။ ဒေသခံလူထုက ထောက်ခံစာတွေ သွားယူရင် အုပ်ချုပ်ရေးမှူးက ခရီးထွက်ရင် အဆင်မပြေဘူး။ နယ်ခံတွေ ရဲ့တောင်းဆိုချက်က လုပ်တာပါ” လို့ စိုင်းကမ် က ဆက်လက်ပြောသည်။

အဆိုပါ ၂၁ ရပ်ကွက် ရရှိဖို့ ကိစ္စနှင့် ပတ်သတ်ပြီး နမ့်ခမ်းမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းကျော် လည်း မတ် ၅ရက်နေ့ ရက်စွဲဖြင့် ဒုတိယ အကြိမ် ပြည်သူ့လွှတ်တော် သတ္တမ ပုံမှန် အစည်းအဝေးတွင် တင်ပြဆွေးနွေးခဲ့ကြောင်းသိရသည်။

ဒေသခံများအလိုရှိသည့် မူလ ၂၁ ရပ်ကွက် အမည်အရင်းများမှာ – (၁) နောင့်ဇန့်ရပ်ကွက်၊ (၂) ဟိုကတ်ရပ်ကွက်၊ (၃) စလေးတန်းရပ်ကွက် (၄) ကောင်းနောင်မိုရပ်ကွက်၊ (၅) မိုခမ်းရပ်ကွက်၊ (၆) တိန်မရပ်ကွက်၊ (၇) ပေါက်နေ ရပ်ကွက်၊ (၈) ပေါက်လုံရပ်ကွက်၊ (၉) ဟိုနောင်ရပ်ကွက်၊ (၁၀) ပေါက်တိုက်ရပ်ကွက်၊ (၁၁) နမ့်ခမ်းဖေါင်ရပ်ကွက်
(၁၂) ကုံးကလားရပ်ကွက်၊ (၁၃) မန့်နားရပ်ကွက်၊ (၁၄) ကောင်းဆာရပ်ကွက်၊ (၁၅) ၀ိန်းဆာရပ်ကွက်၊ (၁၆) ကောင်းနောင်ဆန့်ရပ်ကွက်၊ (၁၇) မန့်ခမ်းရပ်ကွက်၊ (၁၈) အောင်မန်ကလာရပ်ကွက်၊ (၁၉) အောင်ချမ်းဆာရပ်ကွက်၊ (၂၀) အောင်မေတ္တာရပ်ကွက် နှင့် (၂၁) ကောင်းတပ်ရပ်ကွက် တို့ ဖြစ်ကြသည်ဟု သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article