Tuesday, April 23, 2024

သျှမ်းပြည်တဝှမ်းလုံးတရက်တည်းတပြိုင် တည်း သစ်ပင်စိုက်ပျိုးရေးလှုပ်ရှားမှုအတွက် တောင်ကြီးခရိုင်ရှိ သျှမ်းသံဃာတော်နှင့်သျှမ်းလူငယ်အဖွဲ့ တိုက်တွန်း  

Must read

အနာဂတ်မျိုးဆက်များ အေးချမ်းစွာနေထိုင်နိုင်ရေးအတွက်မျှော်မှန်းကာ သျှမ်းပြည်တဝှမ်းလုံးတရက်တည်းတပြိုင် တည်း သျှမ်းပြည်သားယောက်တိုင်း သစ်ပင်စိုက်ပျိုးကြရန် တောင်ကြီးခရိုင်အတွင်းရှိ သံဃာတော်နှင့်လူငယ်ထုတို့ ပါ၀င်ဦးဆောင်သည့် မြို့နယ်တိုင်း သဘာဝ သစ်ပင်သစ်တောထိန်းသိမ်းရေးအဖွဲ့က ကြေငြာချက်ထုတ်ပြန်ကာ သျှမ်းပြည်တွင်း မြို့နယ်တိုင်းအား ပေးပို့တိုက်တွန်းလိုက်သည်။


အဆိုပါကြေငြာချက်တွင် – လာမည့် ဂျူလိုင်လ ရ ရက်နေ့တွင် သျှမ်းပြည် အနှံ့ အပြား၌ လူတိုင်း သစ်ပင်အနည်းဆုံးတပင်စီ စိုက်ပျိုးကြရန်၊ အရိပ်ရပင် သို့မဟုတ် နှစ်ရှည်ပင် မျိုးဖြစ်ပါက သားစဉ်မြေးဆက်များ အေးချမ်းစွာမှီခိုနေထိုင်နိုင်ပြီး ရာသီဥတုဖောက်ပြန်မှုများ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့မှုနှုန်းနည်းလာမည်ဖြစ်ကြောင်း ပါရှိပါသည်။

လှုပ်ရှားမှုဖြစ်ပေါ်ရေးအတွက် ပါ၀င်ခဲ့သူ လူငယ်အဖွဲ့ဝင် စိုင်းဆီမိန်း က -အခုကျနော်တို့ သျှမ်းပြည်မှာ သဘာဝ သယံဇာတ ပျက်စီးမှုတွေအရမ်းများနေပြီ။ ကျနော်တို့ ယောက်တိုင်း သဘာဝ သယံဇာတ ၊ သစ်ပင်သစ်တောတွေကိုတဖက်တလမ်းကနေ ပါ၀င်ထိန်းသိမ်းဖို့ တာဝန်ရှိပါတယ်။ ဒါကြောင့် အချိန်မနှောင်းခင်မှာ သစ်ပင်သစ်တောတွေကို တညီတညွတ်တည်း ပြန်လည်ပျိုးထောင်ကြမယ်။ ဒါမှ ကျနော်တို့ အနာဂတ်မျိုးဆက်သစ်တွေ သဘာဝ ဘေးဒဏ်မခံရမှာ – ဟု သျှမ်းသံတော်ဆင့် အားပြောသည်။

သစ်ပင်စိုက်ပျိုးရေး အဆိုပါ တိုက်တွန်းစည်းရုံးသည့် စာအား သျှမ်းပြည်နယ်ဝန်ကြီးရုံး၊ သျှမ်းပြည်နယ်သံဃာ့နာယကအဖွဲ့ ပင်လုံ၊ သျှမ်းလူငယ်အဖွဲ့ TYO ၊ သျှမ်းလူငယ်ကွန်ရက်အဖွဲ့ TYN ၊ သျှမ်းလူငယ်အဖွဲ့ SYO ၊ သျှမ်းအမျိုးသမီးရေးရာဆက်သွယ်လှုပ်ရှားဆောင်ရွက်ရေး SWAN ၊ ကျားဖြူပါတီ SNDP ၊ ကျားခေါင်းပါတီ SNLD ၊ RCSS-SSA နှင့် SSPP-SSA ဆက်သွယ်ရေးရုံးများ၊သျှမ်းပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ လူမှုအခြေပြု အဖွဲ့အစည်းများထံ အသီးသီးပေးပို့ထားပြီးဖြစ်ကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article