Thursday, April 25, 2024

ကိုယ်ဝန်ဆောင် မိခင်များနှင့် ကလေးသူငယ်အတွက် ကမ္ဘာ့ဘဏ်မှ ဒေါ်လာသန်းတစ်ရာ ထောက်ပံ့မည်

Must read

သျှမ်းပြည်နယ်တခုလုံးအတွက် ကိုယ်ဝန်ဆောင်မိခင်များနှင့်အသက် (၂) အောက်ကလေးများအား ကမ္ဘာ့ဘဏ် မှအမေရိကန် ဒေါ်လာသန်းတစ်ရာထောက်ပံ့ရန် လျာထားလျှက်ရှိကြောင်း သျှမ်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနမှညွန်ကြားရေးမှူးဦးထွန်းဦ ထံမှသိရသည် ။

ဇွန်လ (၂၀) ရက်နေ့က တောင်ကြီးမြို့၊ (Royal Taunggyi Hotel) တွင်ကျင်းပတဲ့ကိုယ်ဝန်ဆောင်မိခင်များနှင့်အသက်(၂)အောက်ကလေးများအားငွေကြေးထောက်ပံ့ပေးနိုင်ရေးအလုပ်ရုံဆွေးနွေးပွဲ

အဆိုပါ ထောက်ပံ့မည့်အစီအစဉ်ကို ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းတွင်စတင်မည်ဖြစ်ပြီး သျှမ်းပြည်နယ်အစိုးရအဖွဲ့ နှင့်  ကမ္ဘာ့ဘဏ်တို့ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဟုသိရသည် ။

သျှမ်းပြည်နယ်အတွင်းကကိုယ်ဝန်ဆောင်မိခင်များနှင့်ကလေးသူငယ်များ၏အဟာရဖွံ့ဖြိုးရေးအတွက်ရည်ရွယ် ပြီး ကိုယ်ဝန်ဆောင်မိခင်နှင့်အသက် (၂) နှစ်အောက်ကလေးငယ်တိုင်း တစ်လလျှင် မြန်မာကျပ်ငွေ (တစ်သောင်း ငါးထောင်)ကျပ်စီ ထောက်ပံ့ပေးနိုင်ရေးစီစဉ်ဆောင်ရွက်လျှက်ရှိ ကြောင်းသိရှိရပာသည် ။

ယင်းထောက်ပံ့ရေးအစီအစဉ်ကို သျှမ်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ကျန်းမာရေးဦးစီးဌာန၊ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများမှပူးပေါင်းကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်သည် ။

ကိုယ်ဝန်ဆောင်မိခင်များနှင့်အသက်(၂)အောက်ကလေးများအားငွေကြေးထောက်ပံ့ပေးနိုင်ရေးအလုပ်ရုံဆွေးနွေးပွဲကို ဇွန်လ (၂၀) ရက်နေ့က တောင်ကြီးမြို့၊ (Royal Taunggyi Hotel) တွင်ကျင်းပခဲ့ကြောင်း သိရှိရပါသည် ။

Leave a Comments

- Advertisement -spot_img

Latest article