Tuesday, April 23, 2024

ကျောင်းကားမှောက် ကျောင်းသား ၅ ယောက်သေဆုံးခဲ့သည့်ကျောင်းခွဲ အလက အဆင့်တိုးမြှင့်

Must read

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းအုပ်စုတွင် အခြေခံပညာအလယ်တန်းကျောင်းခွဲအဆင့်မှ အလယ်တန်းကျောင်း အဆင့်တိုးမြှင့်ပေးရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ တင်ပြတောင်းဆိုမှုအား ပညာရေးဝန်ကြီးက အတည်ပြု တိုးမြှင့် ပေးကြောင်း ယမန်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော်အစည်း အဝေးတွင် အစည်းအဝေးတွင် ဖြေကြားလိုက်သည်။

မိုင်းကိုင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်စိုင်းဆိုင်မိုင်း၏အဆိုကို ပညာရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကဖြေစဉ်

၄င်းအဆိုကို မိုင်းကိုင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်စိုင်းဆိုင်မိုင်းက ပြီးခဲ့သည့် ဒီဇင်ဘာလ က ဒုတိယအကြိမ် တင်ပြတောင်းဆိုခဲ့ပြီးနောက် ၆ လအကြာ အစိုးရဘက်မှပြန်လည်ဖြေကြားပေး ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ကျနော်က ဒီအဆိုတင်တာ ၂ ကြိမ်ရှိပြီ။ ပြီးခဲ့တဲ့ ၂၀၁၆ ကတကြိမ် ကြယ်ပွင့်မပြမေးခွန်းတင်တယ်။ တိုးမြှင့်ပေးနိုင်မှုမရှိ သေးဘူးလို့စာနဲ့ဖြေလာတယ်။ အဲ့ဒီနောက် ဟမ်းငိုင်းအုပ်စုကျောင်းသားတွေ မြို့ကျောင်းစာမေးပွဲသွားဖြေရင်း ထော်လာဂျီ မှောက်လို့ သေကြတယ်လေ။ ၂၀၁၈ မတ်လကတကြိမ် ကြယ်ပွင့်ပြမေးခွန်းအဖြစ်ထပ်ပြီးတော့ တင်ပြတယ်။ အဲဒီအတွက် ပညာရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဇွန်လ ၁၈ ရက်နေ့မှာမှ ပြန်ဖြေတယ်။ မေလ ၂၅ ရက်နေ့ က တိုးမြှင ့်ပေးလိုက်ပြီလို့ပြောတယ်”- ဟု စိုင်းဆိုင်မိုင်း က သျှမ်းသံတော်ဆင့်အားပြောသည်။

အလယ်တန်းကျောင်းခွဲမှအဆင့်တိုးမြှင့်ပေးရန်ပထမအကြိမ် တင်ပြမှုတွင် ၀န်ကြီးက -“သတ်မှတ်မူဘောင်နှင့် ကိုက်ညီမှု ရှိရင်လုပ်အပ်နေသေးသော်လည်း သတ်မှတ်မူဘောင်အားဖြေလျော့ကာ အဆင့်တိုးမြှင့်ပေး နိုင်သည့် အခြေအနေ နှင့်ကိုက်ညီမှုရှိမှသာ စီစစ်ဆောင်ရွက်ပေးသွားမည် “- ဟုဖြေကြားခဲ့သည်။

ဇွန်လ ၁၈ ရက် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် အဋ္ဌမပုံမှန် အစည်းအဝေး(၁၆)ရက်မြောက် နေ့ တွင် ပညာရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက – ဟမ်းငိုင်းအလယ်တန်းကျောင်းခွဲသည် ကျောင်းသား ကျောင်းသူ ၁၀၂ ဦးသာရှိပြီး ကျောင်းသားကျောင်းသူဦးရေသတ်မှတ်ချက် ၂၄၀ မကိုက်ညီသော်လည်း ကျောင်းသားများပညာသင် ယူသည့် အခွင့်အလမ်း ပိုမိုအဆင်ပြေချောမွေ့စေရန် ….. ရည်ရွယ်ကာ မေလ ၂၅ ရက်နေ့က အလယ်တန်းကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း… ပြန်လည်ဖြေကြားခဲ့သည်- ဟု သိရပါသည်။

ဟမ်းငိုင်းအုပ်စုသည် မိုင်းကိုင်မြို့နှင့် မိုင် ၂၀ ကျော် ကွာဝေးပါသည်။ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ယမန်နှစ်က ကျောင်းသားများ မြို့ကျောင်းတက်ကာ စာမေးပွဲဖြေစဉ် လမ်းတွင်ထော်လာဂျီမှောက်သဖြင့် ကျောင်းသူကျောင်းသား ၅ ဦးသေဆုံးပြီး ၁၇ ဦးဒဏ်ရာရရှိခဲ့ကြသည်။

Leave a Comments

- Advertisement -spot_img

Latest article