Saturday, April 20, 2024

လိုင်စင်မဲ့ without ကားများ သိမ်းဆည်း ခြင်းမရှိ ဟု ဆို

Must read

သျှမ်းပြည်နယ် အတွင်းရှိ လိုင်စင်မဲ့ without ကားများအား သိမ်းဆည်းခြင်းမှာ မဟုတ်ဘဲ မော်တော်ယာဉ် ဥပဒေအရ အရေးယူ တရားစွဲဆိုခြင်းသာဖြစ်ကြောင်း အမှတ် ၁၈ ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး ရဲမှူး မျိုးဇော်အောင်က ဇွန်လ ၁၂ ရက်က မီဒီယာ များသို့ပြောသည် ။

လိုင်စင်မဲ့ without ကားများ ဖမ်းဆီး ခြင်းမရှိကြောင်း အမှတ် ၁၈ ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး ရဲမှူး မျိုးဇော်အောင်က ဇွန်လ ၁၂ ရက်န့က မီဒီယာ များသို့ပြောနေစဉ်

“ကျနော်တို့ရှောင်တခင်စစ်တဲ့အခါကျတော့ သျှမ်းပြည်နယ်မှာက အဓိကလိုင်စင်ဝီးတက်တွေကို ယာဉ်နဲ့အဆင်သင့် ယူဆောင်လာလေ့ရှိတဲ့အကျင့်တွေနည်းပါးတယ် ၊ အဲအချိန်မှာ လက်ရှိဖမ်းဆီးမိတဲ့ကားတွေကလိုင်စင်မပြနိုင်ဘူး ယာဉ်မောင်းလိုင်စင်မပြနိုင်ဘူး ဆိုရင် ကျနော်တို့ ၂၀၁၅မော်တော်ယာဉ်ဥပဒေအရ တရားစွဲဆိုပြီးတော့ ရဲစခန်းမှာအမှုဖွင့်ပြီး တရားရုံးမှာဒဏ်ငွေပေးဆောင်စေပြီးတော့ ကား ကို ပြန်လည် အပ်နှံ ပေးတဲ့ လုပ်ငန်းလုပ်နေတာပါကားတွေသိမ်းပစ်တာတွေတော့မရှိပါဘူး´´ဟု ရဲမှူးမျိုးဇော်အောင်ကပြောသည်။

သျှမ်းပြည်နယ် အတွင်း တရားမဝင် မူးယစ်ဆေးဝါး နှင့် တရားမဝင်ကုန်ပစ္စည်း သယ်ဆောင်မှုများကို အသိ ပညာပေး တပ်လှန့်သည့်သဘောဖြင့် ပိတ်ဆို့ရှာဖွေနေစဉ် ယာဉ်ပိုင်ဆိုင်မှုမပြနိုင်သည့်အတွက်မော်တော်ယာဉ်ဥပဒေအရ အရေးယူ တရားစွဲဆိုခြင်းသာဖြစ်သည်ဟု ၄င်းကဆိုသည် ။

ဇွန် ၁၁ ရက်နေ့က သျှမ်းပြည်နယ်နေရာအနှံ့လိုင်စင်မဲ့ယာဉ်များအားသီးသန့်ဖမ်းဆီးနေသည်ဟု ဒေသခံ များ၏ လူမှုကွန်ယက် စာမျက်မှာ တွင် ပျံ့နှံ့နေသည်ကိုတွေ့ရသည် ။

” ပြည်သူတွေက without ကားတွေစီးကြတယ် ၊ ယာဉ်ထိန်းရဲ က without ကားတွေ ဆီက ငွေညစ်တယ် ။ ဒါနဲ့ပဲ သံသရာလည်နေတယ် ။ without ကားကယာဉ်တိုက်မှု ဖြစ်ရင်အမှုပေါ်ဖို့ခက်တယ်။ အစိုးရက ဒေသတွင်းလိုင်စင်လေးလုပ်ပေးနိုင်မယ်ဆိုရင် ဒီပြဿနာအဆင်ပြေ နိုင်မယ် “ဟု တောင်ကြီးဒေသခံ နန်းဟေမာန်အွန် ကပြောသည် ။

လိုင်စင်မဲ့ကားများကို ဒေသလိုင်စင်ထုတ်ပေးခြင်း မထုတ်ပေးခြင်းကို တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဝန်ကြီးချုပ်များတင်ပြမှုဖြင့် နိုင်ငံတော်အဆင့် လုပ်ဆောင်ရမည့် မူဝါဒသာဖြစ်ကြောင်း ရဲမှူးမျိုးဇော်အောင်ကပြောသည် ။

သျှမ်းပြည်နယ် အတွင်း without ကား များကို ဒေသခံလူထုသာမက ဌာနဆိုင်ရာများ ၊အစိုးရဝန်ထမ်းများ၊ ပြည်သူ့စစ်များ၊ ဘုန်းကြီး ကျောင်းများ အပါအဝင်အသုံးပြုမောင်းနှင် နေကြကြောင်း သိရသည် ။

“ဝန်ထမ်းကားတွေကျတော့ သူတို့ သင်္ကေတနဲ့ သူတို့ မဖမ်းဘူး ၊ ရိုးရိုးအရပ်သားလူထုတွေဆီကပဲ လိုင်စင်ရှိလား မရှိရင် ဘယ်လောက်ပေး ဆိုပြီး ယာဉ်ထိန်းနဲ့ ညှိနှိုင်း ရတာပေါ့ “ဟုနမ့်ဆန် မြို့နေ ကိုစိုး ကပြောသည် ။

ဇွန်လ ၁၁ ရက်နေ့ကရွှေညောင်တိုးဂိတ် ဟိုပုံးတိုးဂိတ် နှင့် တောင်ကြီးအဝင် မြေပုံဂိတ်တို့တွင် ပိတ်ဆို့စစ်ဆေးစဉ် ဝီးတက်လိုင်စင် နှင့် ယာဉ်မောင်းလိုင်စင် အဆင်သင့် မပြနိုင်သည့် ယာဉ်အစီးရေ ၃၀ ကျော်ကို အရေးယူဖမ်းဆီးထားကြောင်းသိရသည်။

သျှမ်းပြည်နယ်ရှိ လိုင်စင့်မဲ့ယာဉ်များ ဖမ်းဆီးခြင်းကို ပြည်နယ်အစိုးရ၏ လမ်းညွှန်ချင်အတိုင်းသာ လုပ်ဆောင်သွားမည်ဟု အမှတ် ၁၈ ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူးရုံး ရဲမှူး မျိုးဇော်အောင်ထံမှ ဆက်လက်သိရှိရ ပါသည် ။

Leave a Comments

- Advertisement -spot_img

Latest article