သျှမ်းပြည်နယ်အတွင်းလိုင်စင်မဲ့ကားများ စတင်ဖမ်းဆီးနေ လူထုအခက်တွေ့

0

သျှမ်းပြည်နယ်တောင်ကြီး၊လွယ်လင် ၊ တာချီလိတ်နဲ့ မြို့ကြီးတချို့တွေမှာ လိုင်စင်မဲ့ကားတွေကို စတင်ဖမ်းဆီး နေမှုကြောင့် ဒေသခံလူထု စိုးရိမ်ထိတ်လန့်မှုများခံစားနေရကြောင်း သိရပါတယ်။


ဇွန်လ ၁၁ ရက်နေ့ကစပြီး တောင်ကြီးမြို့ အေးသာယာ၊ မြို့အဝင်အထွက်၊ လွယ်လင်မြို့ ပန်ခေါက်ဝိုး နမ့်စန်မြို့အဝင်အထွက်၊ ကျိုင်းတုံမြို့အဝင်အထွက်ဂိတ်၊ တာချီလိတ်စတဲ့ မြို့ကြီးတွေနဲ့ မြို့ငယ်တချို့တွေမှာစတင် ဖမ်းဆီးနေတာ ဖြစ်တယ်လို့သိရပါတယ်။

“တောင်ကြီးမှာ မိုးသဲလည်းဖမ်းနေတာဘဲ။ လောလောဆယ်တော့လမ်းပေါ်မှာဘဲလိုက်ဖမ်းနေတယ်။ အိမ်ထဲ အထိ၀င်ဖမ်းမယ် သတင်းတွေကြားနေတယ်။ လိုင်စင်မရှိဘူးဆိုတာနဲ့ ဘာမှပြောခွင့်မရှိဘူးဆိုဘဲ ။ ခုလမ်းပေါ် တွေဘာတွေမှာကားတွေ သိပ်မရှိတော့ဘူး။ ၀ှစ်သောက်ကားတွေချည်းဘဲလေ။ လူတွေလန့်နေကြတယ်”- ဟု တောင်ကြီးဒေသခံ ပါ့နန်းခမ်း ကပြောပါတယ်။


ဒီကနေ့ ဇွန်လ ၁၂ ရက်နေ့မှာတော့ ကျန်တဲ့ခရိုင်တွေမှာ ကွင်းဆင်းစစ်ဆေးဖမ်းဆီးမှုပြုသွားကြမယ်လို့ ကြားရကြောင်း တောင်ကြီး ကနေ သျှမ်းပြည်အရှေ့ပိုင်းကို ပြေးဆွဲနေတဲ့ ကုန်ကားဆရာ စိုင်းခေးက သျှမ်းသံတော်ဆင့်ကိုပြောပါတယ်။

“ကျမတို့ဆီမှာတော့ တခြားဒေသကလာတဲ့ ဟင်းသီးဟင်းရွက်တွေ ဆန်ဆီဆားတွေကို ပိုပြီးအားထားရတာမို့ လင်းခေးကိုမရောက်လာသေးပေမယ့် တခြားဒေသမှာ အခုလို ကားတွေဖမ်းတာဆီးတာလုပ်နေတယ် ဆိုတဲ့သတင်းတွေထွက်နေတော့ တခြား ပင်လုံ၊ မိုးနဲ၊ လဲချား ဘက်ကကုန်သည်တော်တော်များများက မဆင်းရဲတော့ဘူး။ ဆိုတော့ လိုင်စင်မဲ့ကားရှိရှိ မရှိရှိ လူထုအားလုံးကိုတော့ ဂယက်ရိုက်တာဘဲ။ ”- လို့ လင်းခေးမြို့ခံ နန်းလောဝ် ကပြောပါတယ်။
သို့ပေမယ့်ပြည်နယ်အစိုးရအနေနဲ့ လိုင်စင်မဲ့မော်တော်ယာဉ်တွေကိုဖမ်းဆီးအရေးယူဖို့ ဇွန်လ ၁၁ ရက်နေ့က ညွှန်ကြားချက်မရှိသေးကြောင်း မေလက ကျင်းပတဲ့ သျှမ်းပြည်နယ်အစိုးရအဖွဲ့ ကက်ဘိနက်အစည်းအဝေးမှာ ပြည်နယ်လုံခြုံရေူနဲ့ နယ်စပ်ရေးရာဝန်ကြီးးရဲ့ လိုင်စင်မဲ့ယာဉ်နဲ့ပတ်သက်ပြီး တင်ပြထားမှုအပေါ် ပြည်နယ်ရဲမှူးကြီးအနေနဲ့ စီမံချက်ရေးဆွဲတင်ပြဖို့သာဆုံးဖြတ်ခဲ့ကြကြောင်း သျှမ်းပြည်နယ်အစိုးရ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောကြောင်း တာချီလိတ်သတင်းအေဂျင်စီမှာ ဖော်ပြထားပါတယ်။

သျှမ်းပြည်နယ်မှာ လက်နက်ကိုင်အဖွဲ့အစည်ပေါင်းစုံနဲ့ ကုန်သည်၊ စီးပွါးရေးလုပ်ငန်းရှင်ပေါင်းစုံ ၀င်ထွက်သွားလာတဲ့ နေရာဒေသဖြစ်တဲ့အလျောက် လိုင်စင်မဲ့ ကားတွေလည်းအများဆုံးသုံးတဲ့ပြည်နယ်တခုဖြစ်တယ်လို့ သျှမ်းပြည်တောင်ပိုင်းက ကျောက်ခွဲရေးလုပ်ငန်းရှင်တဦးကပြောပါတယ်။

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here