Friday, April 19, 2024

သျှမ်းအစိုးရ ဝန်ကြီးတစ်ဦးအပြောင်းအလဲပြုလုပ်

Must read

ဇွန်လ (၅)ရက်နေ့တွင် သျှမ်းပြည်နယ် ဝန်ကြီးတစ်ဦး အပြောင်းအလဲ ပြု ခဲ့ကြောင်း သျှမ်းပြည်နယ် အစိုးရအဖွဲ့ပြောရေးဆိုခွင့် ရှိသူ စီမံကိန်း နှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်ထံ မှ သိရသည် ။

” ဒီနေ့ပဲ သျှမ်းအစိုးရအဖွဲ့ က လုံခြုံ ရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နိုင်ဝင်းအောင် က တပ်မမှူးအဖြစ်ရာထူးတိုးပြီး စစ်ကိုင်းကို ပြောင်းမယ် ၊ သူ့နေရာရောက်လာမယ့် သူကိုတော့ အတိအကျ မသိသေးဘူးဟု ” ၄င်းကပြောသည် ။

အစိုးသစ်လက်ထက်တွင် သျှမ်းပြည်နယ် အစိုးရအဖွဲ့မှ လုံခြံု ရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး အပြောင်းအလဲ (၂) ကြိမ်ခန့် ပြုလုပ်ပြီးဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article