Thursday, April 25, 2024

နမ့်ခမ်းမြို့ SNLD ပါတီအလုပ်အမှုဆောင်ပြန်လည်ရွေးကောက်ခြင်း ၂ နှစ်ပြည့်အခမ်းအနား လူထု ၁ ထောင်ကျော်တက်ရောက်

Must read

သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကျားခေါင်းပါတီ အလုပ်အမှုဆောင်ပြန်လည်ရွေးကောက်ခြင်း ၂ နှစ်ပြည့်အခမ်းအနားကို နမ့်ခမ်းမြို့နယ် တွင်ကျင်းပရာ ဒေသခံလူထု ၁ ထောင်ကျော် တက်ရောက်ကြောင်းသိရသည်။

နမ့်ခမ်းမြို့ SNLD ပါတီအလုပ်အမှုဆောင်ပြန်လည်ရွေးကောက်ခြင်း ၂ နှစ်ပြည့်အခမ်းအနား

“နမ့်ခမ်းဒေသခံတွေ နဲ့ ကျားခေါင်းပါတီလွှတ်တော်ကိုယ်စားလှယ်တွေ တွေ့ချင်တာရယ်။ လူထုကိုအားပေးချင်တာရယ် ဒီရည်ရွယ်ချက်နဲ့ပါ။ ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းက ကျနော်တို့ ဒီနမ့်ခမ်းမှာ မအောင်ပေမယ့် လူထုအတွက် အမြဲမပြတ်လုပ်ပေးနေတယ်ဆိုတဲ့အကြောင်းလည်းရှင်းပြချင်တာရယ်။ ဒီတွေ့ဆုံပွဲကိုလုပ်ရတာဖြစ်ပါတယ်။” – ဟု နမ့်ခမ်း မြို့နယ် SNLD ပါတီ တွဲဖက်အတွင်းရေးမှူး စိုင်းနောင့်ကပြောသည်။

မေလ ၂၉ ရက် အင်္ဂါနေ့က နမ့်ခမ်းမြို့နယ် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ၏ မြို့နယ်အလုပ်အမှုဆောင်ပြန်လည်ဖွဲ့စည်းခြင်း ၂ နှစ်ပြည့်အခမ်းအနား ကို နမ့်ခမ်းမြို့နယ် တဲန်မ ရပ်ကွက် တဲန်မောဝ်းခမ်း ခန်းမတွင် ကျင်းပရာ တက်ရောက် လာသည့် ဒေသခံလူထုအား မြို့နယ်ဥက္ကဌ စိုင်းယီပူး ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်စိုင်းဝမ်းလျန်ခမ်းနှင့် နမ္မတူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နန်းခမ်းအေးတို့မှ ပါတီလုပ်ငန်းစဉ်များနှင့်အတူ လွှတ် တော်တွင်းအတွေ့အကြုံများအား အသီးသီး ရှင်းလင်းပြောကြားသွားခဲ့ကြောင်းသိရသည်။

“မြို့နယ်ဥက္ကဌပြောသွားတာကတော့ – အခက်အခဲတွေကို လက်တွဲပြီးရင်ဆိုင်ကျော်ဖြတ်လာနိုင်ခဲ့တယ်။ လူထုအားပေးမှုမရှိရင် ဒီနေ့အထိ ပါတီက ရပ်တည်လာနိုင်မှာမဟုတ်ဘူး ၊ လူထုထောက်ခံအားပေး မှုကြောင့်ရပ်တည်လာနိုင်ခဲ့တာ – စတာတွေပြောသွားတယ်။” – ဟု စိုင်းနောင့်က ပြောသည်။

နမ့်ခမ်းမြို့ SNLD ပါတီအလုပ်အမှုဆောင်ပြန်လည်ရွေးကောက်ခြင်း ၂ နှစ်ပြည့်အခမ်းအနား

အဆိုပါအခမ်းအနားတွင် မူစယ်တွင်ပြုလုပ်သော ဆရာများမွမ်းမံသင်တန်းမှ ဆုရရှိလာသည့် နမ့်ခမ်းဒေသခံ သျှမ်းစာပေသင်ကြားသည့်ဆရာ ၅ ဦးအားလည်း ဆုချီးမြှင့်ပေးခဲ့ကြောင်း၊ နမ့်ခမ်း၊ မူစယ်၊ စယ်လန့်တို့မှ ယဉ်ကျေးမှုအကအဖွဲ့ ၊အိမ်ထောင်ရှင်မ များအကတို့ဖြင့် ဖျော်ဖြေကပြခဲ့ကြကြောင်း ဆိုပါသည်။

“အရင်နှစ်တွေထက်စာရင်တော့ လူထုက နိုင်ငံရေး အမျိုးသားရေးအပိုင်းမှာ စိတ်ပါ၀င်စားလာတာ နားလည်လာတာကိုတွေ့ရတယ်။ အားတက်စရာဖြစ်ရပါတယ်။ ပါတီဝင်တွေလည်းပြန်များလာတယ်။ ကျနော်တို့စည်းလုံးမှုရှိရင် ဘာအခက်အခဲကိုမဆိုအောင်မြင်နိုင်မယ်ဆိုတာတွေ လူထုနားလည်လာတာတွေ့ရပါတယ်။” – ဟု စိုင်းနောင့်က ဆက်လက်ပြောပြသည်။

၂၀၁၅ ပါတီစုံရွေးကောက်ပွဲတွင် ကျားခေါင်းပါတီအနေဖြင့် တပြည်လုံးအနေအထားအရ လွှတ်တော်အမတ် ၄၀ နေရာ အနိုင်ရရှိခဲ့သော်လည်း နမ့်ခမ်းမြို့တွင်မူ တအာင်းပါတီကအနိုင်ရရှိထားပါသည်။

Leave a Comments

- Advertisement -spot_img

Latest article