Wednesday, April 24, 2024

မူဆယ် သျှမ်းစာ ဆရာမွမ်းမံသင်တန်း လူငယ် ၄၀၀ ကျော်တက်ရောက်

Must read

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ သျှမ်းစာပေ နှင့် ယဉ်ကျေးမှု ဆရာအတတ်သင် မွမ်းမံ သင်တန်းကို လဝက်ကြာဖွင့်လှစ်ရာ သင်တန်းသား ၄၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

သင်တန်းကိုမူဆယ်မြို့ ရွှေသမင် ဘုန်းကြီးကျောင်းတွင် မေ ၁၁ ရက်မှ မေ ၂၆ ရက်နေ့ထိ ၁၅ ရက်ကြာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပါသည်။

သင်တန်းသား ၄၈၂ ယောက် တက်ရောက်ခဲ့ကြောင်း မူဆယ်မြို့ သျှမ်းစာပေ နှင့် ယဉ်ကျေးမှု တွဲဖက် အတွင်းရေးမှူး စိုင်းလောဝ်လျန်ပန် က ပြောသည်။

“ ဆရာ သင်တန်းကို နမ့်ခမ်း၊ မန့်ဝိန်းကြီး၊ သီပေါ၊ မူဆယ်၊ ကွတ်ခိုင် က လာတက်ကြတယ်။ သျှမ်းစာပေ ဖွံ့ဖြိုး ဖို့ နဲ့ အစိုးရ စာသင်ကျောင်းတွေမှာ တိုင်းရင်းသားစာပေ သင်ကြားခွင့်ရလာပြီဆိုတော့ သျှမ်းဆရာတွေ လိုအပ်မှု လည်း ရှိလာပြီ” လို့ စိုင်းလောဝ်လျန်းပန် က ဆိုသည်။

မူဆယ်မြို့တွင် သျှမ်းစာပေ ဆရာအတတ်သင် မွမ်းမံ သင်တန်း မရှိသည်မှာ ၉ နှစ် ခန့် ရှိပြီဖြစ်ကြောင်း၊ နယ်မြေ မအေးချမ်းမှု၊ သင်တန်းသားအတွက် ရန်ပုံငွေ ခက်ခဲမှုများကြောင့် ယခုနှစ်မှ ပြန်လည်ပြုလုပ်လာရခြင်းဖြစ်ကြောင်း စိုင်းလောဝ်လျန်းပန် က ပြောပြသည်။

“ လက်ရှိ သင်တန်းမှာ သျှမ်းစာပေ ထက် ခေါင်းဆောင်မှု ပိုင်း၊ သျှမ်းယဉ်ကျေးမှု တွေ နိုင်ငံရေး အသုံးအနှုန်းတွေ က စ သင်ကြားခဲ့ ပါတယ်။ နောက်ပြီး ၅ ရက်တကြိမ် ကျပန်း စကားပြော ပြိုင်ပွဲ၊ စာစီ စာကုံးပြိုင်ပွဲတွေလည်း ပြုလုပ်ပေးပါတယ် ” ဟု သူက ထပ်လောင်း ပြောသည်။

Leave a Comments

- Advertisement -spot_img

Latest article