Friday, April 19, 2024

မိုင်းကိုင်မြို့နယ်အတွင်း RCSS နှင့်အစိုးရတပ်တို့တိုက်ပွဲဖြစ်ပွါး  

Must read

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည် တပ်မတော် နှင့်အစိုးရတပ်မတော်တို့ကြားတိုက်ပွဲဖြစ်ပွါးရာ အစိုးရတပ်၏ ကျည်ဆံနှင့်အသုံး အဆောင်ပစ္စည်းများ သိမ်းဆည်းရမိကြောင်းသိရသည်။

ယမန်နေ့ မေလ ၂၂ ရက်နေ့ မိုင်းကိုင်မြို့နယ် မိုင်းခွန်ရွာအနီး အစိုးရတပ်နှင့် RCSS/SSA တို့ကြား မိနစ် ၂၀ အကြာတိုက်ပွဲ  ဖြစ်ပွါးခဲ့ရာ အစိုးရတပ်၏ ကျည်ကပ်၊ ရေဘူးနှင့်စစ်အသုံး အဆောင်ပစ္စည်းများ ကို RCSS/SSA မှသိမ်းဆည်းရမိကြောင်း တိုက်ပွဲဖြစ်ပွါးသည့်ဒေသအတွင်းရှိ ၂ ဖက်တပ်များနှင့် နီးစပ်သည့်ဒေသခံများထံမှ သိရသည်။

“ခမ်းဖိတ်ရွာဘက်မှာတိုက်ပွဲဖြစ်တယ်ကြားတယ်။ မိနစ် ၂၀ လောက်ဘဲကြာတယ်။ ညနေ ၃ နာရီ ၂၀ မိနစ်ကနေ ၃ နာရီ ၄၀ မိနစ်အထိ။ ရွာသားတွေတော့ ထိတ်လှန့်ရုံကလွဲလို့ ထိခိုက်တာတော့မရှိဘူး။ အစိုးရစစ်ကြောင်းတွေတက်သွားတာတော့ရှိတယ်”- ဟု အဆိုပါဒေသခံများက ပြောသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်တာဝန်ရှိသူများအားမေးမြန်းရန် ဖုန်းဆက် သွယ်သော်လည်း ဆက်သွယ်မရခဲ့ပေ။

မိုင်းကိုင် ဒေသခံ ကျားခေါင်းပါတီဝင်တဦးကမူ- “မိုင်းခွန်အုပ်စုက မိုင်းကိုင်မြို့အရှေ့ဘက် နမ့်တိန်းချောင်း အရှေ့ဘက် ကမ်းမှာရှိတယ်။ မိုင်းကိုင်နဲ့ မိုင် ၃၀ ကျော်ဝေးတယ်။ ကျေးသီးနယ်စပ်လို့လည်းပြောနိုင်ပါတယ်။”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

အဆိုပါဒေသသည် သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA အခြေစိုက်ရာ ကျေးသီးမြို့၏နယ်စပ်လည်းဖြစ်သဖြင့် ၂ ဖက်တပ်များ ထိပ်တိုက်ရင်ဆိုင်ပစ်ခတ်မှုဖြစ်မည်ကိုလည်း စိုးရိမ်ကြကြောင်း ဒေသခံများက ပြောဆိုပါ သည်။

Leave a Comments

- Advertisement -spot_img

Latest article