Thursday, April 25, 2024

မကျိုင်းပြည်သူ့စစ်မှ မြေစာရင်းသို့ မြေယာလုပ်ပိုင်ခွင့် လျောက်ထားသည့်ကိစ္စ တောင်သူများကန့်ကွက်

Must read

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ဆိုင်ငင်းကျေးရွာအနီးတွင် မြေဧက ၃၀၀ ကျော်အား မကျိုင်းပြည်သူ့စစ်မှ မြေယာလုပ်ပိုင်ခွင့်တောင်းဆိုထားရာ ဒေသခံ တောင်သူများက ကန့်ကွက်ခဲ့ကြသည်ဟု ဆိုင်ငင်း ကျေးရွာသားများကပြောသည် ။

လွိုင်လင်မြို့နယ် တောင်နောက်ကျေးရွာအုပ်စု ၊ ဆိုင်ငင်းကျေးရွာ အရှေ့ ဘက် ၊ နမ့်ပွန်းကျေးရွာ ဘုန်းကြီး ကျောင်းကုန်းမြေ တောင်ဘက်ရှိ ဧက ၃၀၀ နှင့် ၄၀၀ အကြားရှိ မြေနေရာအား ဧပြီလ (၂၄) ရက်နေ့က လွိုင်လင်မြေစာရင်းဌာန နှင့် တောင် နောက်ကျေးရွာအုပ် စုစာရေးဝန်ထမ်း တို့မှ ကွင်းဆင်းကာ မြေတိုင်းတာခဲ့ကြကြောင်းသိရသည်။

မကျိုင်းပြည်သူ့စစ်မှ မြေစာရင်းသို့ မြေယာလုပ်ပိုင်ခွင့် လျောက်ထားသည့်လွယ်လင်မြို့နယ် ဆိုင်ငင်းကျေးရွာအနီးရှိမြေနေရာများ

အဆိုပါမြေနေရာသည် ဆိုင်ငင်းကျေးရွာ တောင်သူ ၁၉ ဦးပိုင်မြေနေရာဖြစ်ပြီး နှစ်စဉ်တောင်ယာစပါးနှင့် နှမ်းများစိုက်ပျိုး ကန့်ကွက်လွှာတင်ရခြင်းဖြစ်ကြောင်း နေ ဆိုင်ငင်းရွာသား ခွန်မြင့်အောင် ကပြောသည် ။

၄င်းနှင့် ပတ်သက်၍ လွိုင်လင်ခရိုင် မြေစာရင်းဦးစီးဌာနသို့ သွားရောက် မေးမြန်းရာ “ မြေနေရာလုပ်ပိုင်ခွင့် လျှောက်တာကတော့ ဥပဒေအရ သူ့လွတ်လပ်ခွင့်နဲ့သူ မလျှောက်နဲ့လို့ ကျနော်တို့ပြောလို့ မရဘူး ၊ လျှောက်တာကတော့ ဥပဒေနဲ့ အညီလျှောက် လို့ရတယ် ၊ လျှောက်ပြီးရင်ကျနော်တို့ ကန့်ကွက် လွှာခေါ်တယ် ၊ လယ်ယာမြေ ဥပဒေအရကန့်ကွက်ပိုင်ခွင့််ရှိတယ် ၊ ကျေးရွာ တွေဆီ ကန့်ကွက်လွှာ သေချာသွားပို့တယ် ။ ကျေးရွာကကန့် ကွက်ရင် ခရိုင်ကိုမတက်ဘူး ။ မြို့နယ်ကစီစဉ်ပြီးအောက်ကို ပြန်ပို့ပေးလိုက် မှာပေါ့ ၊ ကျေးရွာနဲ့မြို့နယ် ကထောက်ခံမှ ခရိုင်ကိုတက်လာမှာဖြစ်တယ် ၊ အားလုံး က ဥပဒေအတိုင်းပဲ သွားမှာပါ ” ဟု လွိုင်လင်ခရိုင် မြေစာရင်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးသန်းဇော်ဦး ကပြန်လည်ဖြေကြား ခဲ့သည် ။

ရပ်ကွက်(သို့) ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် နည်းဥပဒေ (၃) သို့ (၄) အရ လူပုဂ္ဂိုလ်(သို့) အဖွဲ့အစည်းမှလျှောက်ထားသော လယ်ယာမြေလုပ်ပိုင်ခွင့် လျှောက်လွှာကို လက်ခံရရှိပြီးနေ့မှ ရက်ပေါင်း(၃၀) အတွင်းမြို့နယ်ဦးစီးဌာနရုံးသို့ စီစစ်ထောက်ခံချက်ဖြင့် ပေးပို့ရမည် ။

မြို့နယ်ဦးစီးဌာနရုံးသည် လက်ခံရရှိသည့် လျှောက်လွှာကို လယ်ယာ မြေလုပ်ပိုင် ခွင့် လုပ်ငန်းစာတွဲဖွင့်လှစ်၍ ယင်းလျှောက်လွှာကိုလက်ခံရ ရှိသည့်နေ့မှ ၁၅ ရက်အ တွင်းသက်ဆိုင်ရာ လယ်ယာမြေ လုပ်ပိုင်ခွင့် လျှောက်ထားခြင်းနှင့် စပ်လျဉ်း၍ကန့် ကွက်လိုသူရှိ ပါက ခိုင်လုံသောအ ထောက်အထားတင်ပြ၍ ကန့်ကွက်နိုင်ကြောင်းကို ကန့်ကွက်နိုင်ရန်ထုတ် ဆင့်သည့် ကြော််ငြာစာ (ပုံစံ၂) ဖြင့် ကြေငြာရမည်ဖြစ်ကြောင်း လယ်ယာမြေ ပိုင်ဆိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၇) လျှောက်ထားခြင်းဆိုင်ရာ အချက်အလက် တွင်ပါရှိသည် ။

“ ကျေးရွာတွေမှာ မြေယာနဲ့ပတ်သက်တဲ့ကြော်ငြာတွေကပ်ရင် ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ပေးရင်သေချာလေးမှတ်တမ်းတင်ထားဖို့ ကျနော် မှာထားတယ် ၊ နောက်ပိုင်း ဒီကိစ္စတွေ ကျနော်တို့ခဏခဏရှင်းရတယ် ” ဟု ဦးသန်းဇော်ဦးကဆက်လက်ပြောကြားသွားခဲ့ သည် ။

အဆိုပါလယ်ယာမြေတွင် မကျိုင်းပြည်သူ့စစ်က ဘာစိုက်ပျိုးမည်ကိုမသိရသေးသော်လည်း ဒေသခံတောင်သူလယ်သမားများမှ ဘိုးစဉ်ဘောင်ဆက် စိုက်ပျိုးလုပ်ကိုင်လာသည့်မြေဖြစ်သဖြင့် ကန့်ကွက်ရခြင်းဖြစ်ကြောင်းသိရသည်။

မကျိုင်းပြည်သူ့စစ်သည် နမ့်စန်မြို့နယ် ပန်လျန်းဆိုင်ဒေသတွင်အခြေစိုက်နေထိုင်ပါသည်။

Leave a Comments

- Advertisement -spot_img

Latest article