Saturday, April 20, 2024

သျှမ်းပြည်နယ်စည်ပင်ဌာန ပွင့်လင်းမြင်သာမှု ရှိရှိ ဆောင်ရွက်ရန် စည်ပင်ဝန်ကြီး ပြော

Must read

သျှမ်းပြည်နယ်စည်ပင်သာယာရေးဌာန၏ လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူများ အထင်လွဲမှားမှုမရှိစေရန် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သင့်ကြောင်း သျှမ်းပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံဆိုင်း ကပြော သည်

မေလ(၇) ရက်နေ့ကကျင်းပပြုလုပ်သော စည်ပင်သာယာရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ

တောင်ကြီးမြို့ ၊ မြို့တော်ခန်းမတွင် မေလ(၇) ရက်နေ့ကကျင်းပပြုလုပ်သော စည်ပင်သာယာရေး ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် စည်ပင်ဝန်ကြီး မှ ယင်းသို့ တိုက်တွန်း ပြောကြားလိုက်ခြင်းဖြစ်သည် ။

စည်ပင်သာယာရေးဌာနများမှ ဘဏ္ဍာ နှစ်အလိုက် ရငွေ/သုံးငွေ ဆိုင်ရာ ငွေစာရင်းများကို ပြည်သူများ သိရှိစေရန် မီဒီယာများကိုအသုံးပြု၍ သတင်းထုတ်ပြန်သင့်ကြောင်း ၊ ဌာနတွင်းပြုပြင်ပြောင်းလဲ ရန်လိုအပ်ပြီး မျှဝေဖလှယ် နိုင်ရန် စသည့် အချက်များကို ရည်ရွယ် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်သည်ဟု ၄င်းကဆိုသည် ။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို မေလ ရ ရက်နေ့မှ ၉ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ပြီး သျှမ်းပြည်နယ်တွင်းရှိ မြို့နယ်ခွဲ ရ၅ မြို့နယ်မှ စည်ပင်ဌာန အမှုဆောင်အရာရှိများ တက်ရောက်ဆွေးနွေးခဲ့ သည်ဟု သိရှိရပါသည် ။

Leave a Comments

- Advertisement -spot_img

Latest article