Saturday, April 20, 2024

၂၀၁၈ ခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည်ဟုရွေးကောက်ပွဲကော်မရှင်ကြေငြာ

Must read

မြန်မာနိုင်ငံနှင့်တဝှမ်း လစ်လပ်နေသောလွှတ်တော်ကိုယ်စားလှယ်နေရာ ၁၃ နေရာအား ပြန်လှယ်ရွေးကောက်တင်မြှောက်ဖြည့်ဆီးနိုင်ရေး ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန်စီစဉ်နေကြောင်းရွေးကောက်ပွဲကော်မရှင်ကကြေငြာလိုက်သည်။


ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန်အတွက် မဲပေးပိုင်ခွင့်ရှိသူများစာရင်းကို ဧပြီလ ၁၉ ရက်နေ့ကစပြီး ၅ ပတ်အတွင်းအပြီးကောက်ခံသွားရမည်ဖြစ်ကြောင်းလည်းကြေငြာထားသည်ဟုဆိုပါသည်။

မြန်မာနိုင်ငံအဝှမ်းလစ်လပ်နေသော ကိုယ်စားလှယ်နေရာ ၁၃ နေရာအနက် သျှမ်းပြည်နယ်တွင် ၁ နေရာပါ၀င်ပါသည်။

လဲချားမြို့နယ် ကျားခေါင်းပါတီ၏ ပြည်နယ်လွှတ်တော်အမတ် စိုင်းကျော်ဇေယျက – ကျနော်တို့လဲချားမြို့မှာလစ်လပ်နေတဲ့ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းမွန်းနေရာမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ကျနော်တို့ ဘာမှမစီစဉ်ရသေးပါဘူး။ ဗဟိုနဲ့သွားပြီးဆွေးနွေးရပါမယ်။ ဘယ်လိုလုပ်သင့်သလဲဆိုတာ။ခုလောလောဆယ်တော့ တခြားပါတီလည်း ၀င်ပြိုင်ဖို့ဘာဖို့ ဘာမှလည်းမသိရသေးပါဘူး။အရင်တွေတုန်းကအတိုင်းဘဲဖြစ်မယ်ထင်ပါတယ်။ ကျားဖြူပါတီ ကျားခေါင်းပါတီ NLD နဲ့ ကြံ့ဖွံ့ ပေါ့ – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

လစ်လပ်နေသော ၁၃ နေရာမှာ ရန်ကုန်တိုင်း၊ ချင်းပြည်နယ်၊ သျှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ရခိုင်ပြည်နယ် စသည်တို့ဖြစ်ကြောင်းသိရသည်။

၂၀၁၇ ခုနှစ်က လည်း ကြားဖြတ်ရွေးကောက်ပွဲတကြိမ်ကျင်းပခဲ့ပြီးဖြစ်ပါသည်။ ထိုစဉ်က မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်းအသီးသီးမှလစ်လပ်မဲဆန္ဒနေရာ ၁၉ ခုရှိရာ ၀င်ရောက်ယှဉ်ပြိုင်သည့် ပါတီ ၄၂ ခု ၊ တသီးပုဂ္ဂလ ရ ဦးမှ စုစုပေါင်းဝင်ရောက်ယှဉ်ပြိုင်သည့်ကိုယ်စားလှယ် ၈၈ ဦးရှိပါသည်။

Leave a Comments

- Advertisement -spot_img

Latest article