Thursday, April 25, 2024

SSPP/SSA ခေါင်းဆောင်များအား ဦးသိန်းဇော် ဦးဆောင်သည့် ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့သွားရောက်ဆွေးနွေး  

Must read

ငြိမ်းချမ်းရေးကော်မရှင် ဒုတိယ ဥက္ကဌ ဦးသိန်းဇော် နှင့် ဒုတိယ ဗိုလ်ချုပ်ြကီး ခင်ဇော်ဦး(ငြိမ်း) ဦးဆောင်သည့် ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ ဝမ့်ဟိုင်းဌာနချုပ်သို့ရောက်ရှိကာ SSPP/SSA ခေါင်းဆောင်များနှင့်တွေ့ဆုံကြောင်းကြားသိရသည်။

SSPP/SSA ခေါင်းဆောင်များအား ဦးသိန်းဇော် ဦးဆောင်သည့် ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့သွားရောက်ဆွေးနွေး

မေလ ၁ ရက်နေ့ ယနေ့မနက်ပိုင်း ဦးသိန်းဇော်နှင့်အဖွဲ့အား သျှမ်းပြည်တပ်မတော် SSPP/SSA ဒုတိယ ဉက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ခေးတိုင်း၊ နာယက ဗိုလ်ချုပ်ြကီးဆေထဲန် တို့ မှ မိုင်းရယ်မြို့နယ်အစပ် နမ့်လောင်း တံတားတွင်လာ ရောက်ကြိုဆိုကြောင်း၊ မွန်းတည့်ချိန် SSPP/SSA ဌာနချုပ် သို့ရောက်ရှိကာ အစည်းအဝေး ခန်းမ ၌ စတင် ဆွေးနွေးကြောင်း ဌာနချုပ်အရာရှိတဦးက ဤကဲ့သို့ပြောသည်။

“ကျားဖြူပါတီ ဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက အကျိုးတော်ဆောင်လုပ်ပေးတာလေ။ ဒီနေ့ နဲ့ မနက်ဖြန် ဆွေးနွေးကြမယ်။ ငြိမ်းချမ်းရေးအကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးအကြောင်းတွေပေါ့ ။ အသေးစိတ်တော့ သိရသေးဘူး” – ဟု သျှမ်းသံတော်ဆင့်သို့ပြောသည်။

ငြိမ်းချမ်းရေးဖြစ်မြောက်အောင်မြင်စေရေးတွက် အကျိုးတော်ဆောင်လုပ်ပေးရခြင်းဖြစ်သည်ဟု ဝမ့်ဟိုင်းသို့မသွားခင် ဦးစိုင်းအိုက်ပေါင်းက သျှမ်းသံတော်ဆင့်သို့ပြောဖူးသည်။

အကျိုးတော်ဆောင်အဖွဲ့ဖြစ်သည့် ဦးစိုင်းအိုက်ပေါင်းနှင့်အတူ ကျားဖြူပါတီ ဒုဥက္ကဌ (၁) ဦးစိုင်းဆောင်ဆီ ၊ ဒုဥက္ကဌ (၂) ဦးစိုင်းလှကျော် တို့ ပါဝင်သည်ဟုသိရသည်။

သျှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA သည် သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ၏ အဖွဲ့ဝင်ဖြစ်သည်။ တဘက်တွင်လည်း ၀ တပ်ဖွဲ့ UWSA ဦးဆောင်သည့် FPNCC မြောက်ပိုင်းမဟာ အဖွဲ့တွင်လည်း ပါဝင်သည်။ အဆိုပါ အဖွဲ့သည် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီမှုစာချုပ် NCA လမ်းကြောင်း ကို လက်မခံဘဲ ပါဝင်သင့်ပါဝင်ထိုက်သူများ အားလုံးပါဝင်သည့် နိုင်ငံရေးစကားဝိုင်းသို့ တိုက်ရိုက်သွားလိုသည်။

 

Leave a Comments

- Advertisement -spot_img

Latest article