Saturday, April 20, 2024

၆ ကြိမ်မြောက် တိုင်းရင်းမီဒီယာညီလာခံ ဘားအံမြို့တွင် သုံးရက်ဆက်တိုက်ကျင်းပမည်

Must read

၆ ကြိမ်မြောက် တိုင်းရင်းသားမီဒီယာညီလာခံ ကို BNI နှင့် ကရင်သတင်းစဉ် KIC တို့ လက်တွဲပူးပေါင်းကာ ကရင်ပြည်နယ် ဘားအံမြို့တွင် သုံးရက်ကြာ ကျင်းပသွားမည်ဟုသိရသည်။


၂၀၁၈ ဧပြီ ၂၇-၂၉ ရက်နေ့အထိ ကျင်းပမည့် အဆိုပါ ညီလာခံတွင် တိုင်းရင်းသားသတင်း သမား ရာဂဏန်း အပြင် ၀ါရင့်မြန်မာသတင်းသမားများ၊ နိုင်ငံတကာ တတ်သိပညာရှင်များလည်းတက်ရောက်ကြမည်ဟု သိရ သည်။
တိုင်းရင်းမီဒီယာ ရေရှည်တည်တံ့ရေး မီဒီယာဆိုင်ရာအသိမြှင့်တင်ပေး – ဆိုသည့်ဆောင်ပုဒ်ဖြင့် ကျင်းပ သွားမည်ဟုသိရသည်။

အဆိုပါညီလာခံတွင် တိုင်းရင်းသားမီဒီယာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၊ အားသာချက် အားနည်းချက် နှင့် အခွင့်အလှမ်းများ၊ တိုင်းရင်းသားဒေသ မီဒီယာလွတ်လပ်ခွင့်၊ လုပ်ပိုင်ခွင့်ဆိုင်ရာများ၊ တိုင်းရင်းသားမီဒီယာ မူဝါဒ ဆိုင်ရာများ ဟောပြောဆွေးနွေးသွားကြမည်ဟု ညီလာခံအချိန်ဇယားများအရ သိရသည်။

ကချင်၊ ကယား၊ ကရင်၊ ချင်း အစရှိ တိုင်းရင်းသားမီဒီယာ အများစု ပါ၀င်ဖွဲ့စည်းထားသည့် နိုင်ငံတကာ မြန်မာသတင်း BNI တွင် အဖွဲ့ ၀င် ၁၃ ဖွဲ့ ရှိသည်။ ထိုအဖွဲ့များထဲတွင် ကရင်သတင်းစဉ် ၊ သျှမ်းသံတော်ဆင့် တို့လည်းပါ၀င်သည်။
တိုင်းရင်းမီဒီယာညီလာခံ ပထမအကြိမ်ကိုမော်လမြိုင်၊ ဒုတိယ အကြိမ်ကို တောင်ကြီး၊ တတိယ အကြိမ် ဟားခါး၊ စတုတ္ထအကြိမ် မြောက်ဦး၊ ပဥ္စမ အကြိမ် လွိုယ်ကော် နှင် ့ ယခု ကရင်ပြည်နယ် ဖားအံတွင် ကျင်းပပါသည်။

Leave a Comments

- Advertisement -spot_img

Latest article