Saturday, April 20, 2024

ချင်းမိုင်တွင်ပြုလုပ်မည့် တိုင်းရင်းသားလူမျိုးများစင်တာ ENAC အလုပ်ရုံဆွေးနွေးပွဲ ထိုင်း မှ တဆင့် မြန်မာအစိုးရပိတ်ပင်  

Must read

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ အာမိုရာဟော်တယ်တွင် သုံးရက်ကြာ ပြုလုပ်ကျင်းပရန်စီစဉ်ထားသည့် တိုင်းရင်းသားလူမျိုးများရေး ရာစင်တာ ENAC အလုပ်ရုံဆွေးနွေးပွဲအား ထိုင်းနိုင်ငံအာဏာပိုင် မှတဆင့် မြန်မာအစိုးရ စစ်သံမှူး က ပိတ်ပင် စေခဲ့ကြောင်းကြားသိရသည်။

၂၀၁၈ မေ ၂၅ – ၂၇ ရက်နေ့ အထိ ကျင်းပမည့် တိုင်းရင်းသားလူမျိုးများရေး ရာစင်တာ ENAC (ပြည်ထောင်စုမြန် မာနိုင်ငံ) ၏ အလုပ်ရုံဆွေးပွဲအား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံမှူး ဗိုလ်မှူးချုပ်ခင်ဇော်က ထိုင်းအာဏာပိုင်မှ တဆင့် ပိတ်ပင်စေခဲ့ကြောင်း၊ ထို့အပြင် မြန်မာငြိမ်းချမ်းရေးဆိုင်ရာ ချင်းမိုင်တက္ကသိုလ် တွင် ပြုလုပ်မည့် ဟောပြောပွဲအားလည်း ပိတ်ပင်စေခဲ့ကြောင်း အမည်မဖေါ်လိုသူ အဖွဲ့ဝင်တဦးက ပြောသည်။

“မြန်မာ့ငြိမ်းချမ်းရေး က ဘာဆက်ဖြစ်မလဲ ဆိုတာမစဉ်းစားတတ်တော့ဘူး။ ဒီအစည်းအဝေးက အရင့်အရင် ကတည်းက လုပ်လာတာဘဲ။ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်တဲ့နေရာမှာ ပြည်တွင်းမှာ လဲ လွတ်လွတ်လပ်လပ်မဆွေးနွေးရ၊ ပြင်ပ မှာလဲ လိုက်ပိတ် ဆိုတော့ ထွက်ပေါက်ရဖို့ နည်းလမ်းတော့ ၀ိုင်းရှာရ လိမ့်မယ်”- ဟု နယ်စပ်အခြေစိုက် ပုဂ္ဂိုလ်တဦး ကပြောသည်။

မြန်မာ့ငြိမ်းချမ်းရေးဆိုင်ရာ ချင်းမိုင်တက္ကသိုလ် အတွင်း ဟောပြောပွဲ တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ ၀င် နှင့် ကရင်အမျိုးသားအစည်းအရုံး KNU မှ အဆင့်မြင့်ပုဂ္ဂိုလ် များ ပါ၀င်သည်ဟု လည်းသိရှိရသည်။

“အာဏာပိုင်က တောင်းဆိုလာတော့ ကျနော်တို့လဲ လုပ်လို့မရတော့။ ဒီနေ့ လုပ်မယ့်အစီအစဉ်အားလုံး အကန့် အသတ်မရှိ ရွှေ့လိုက်ပြီ ” – ဟု ချင်းမိုင်တက္ကသိုလ်က ဆရာတဦးက လဲပြောသည်။

၂၀၁၇ ဇူလိုင်လ ၂၀-၂၃ ရက် အထိ ကျင်းပမည့် သျှမ်းပြည်ညီညွတ်ရေးကော်မတီ အစည်းအဝေးအားလား ထိုင်းနိုင်ငံဆိုင်ရာ မြန်မာ(ကြည်း၊ ရေ၊ လေ) စစ်သံမှူး ဗိုလ်ချုပ်ခင်ဇော် က ထိုင်းအစိုးရ မှ တဆင့် ပိတ်ပင် ပေးရန်တောင်းဆိုကြောင့် သျှမ်းအစည်းအဝေး ပျက်ပြားခဲ့ရသည်။

တိုင်းရင်းသားလူမျိုးများရေးရာစင်တာ (Ethnic Nationalities Affairs Center – ENAC) သည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ် နှင့် ဒီမိုကရက်တစ်အဆောက်အအုုံများ ပေါ်ပေါက်ရေးကို အထောက်အကူပေးရန်အတွက် ၂၀၁၃ ခုနှစ် ဇူလိုင်လတွင် ဖွဲ့စည်းထားသည့် လွတ်လပ်သောအရင်းအမြစ်နှင့် ပညာပေးရေးစင်တာတစ်ခု ဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article