Friday, April 19, 2024

တောင်ကြီးမြို့တွင် ၁၁ နှစ်အရွယ် မိန်းခလေးအား ရဲဝန်ထမ်းတဦးမှ အဓမ္မပြုကျင့်ရန်ကြံစည်

Must read

တောင်ကြီးမြို့ ၊ မြို့မရဲစခန်းတွင်တာ ဝန်ထမ်းဆောင်နေသော ရဲဝန်ထမ်းတစ်ဦးက အသက်(၁၁)နှစ်အရွယ် မိန်းကလေးတစ်ဦးအား အဓမ္မပြုကျင့်ရန်ကြံစည်မှုဖြစ်ပွားခဲ့ကြောင်းသိရသည် ။


တောင်ကြီးမြို့ ၊ စဝ်စံထွန်းဆေးရုံတွင် ဆေးရုံတက်နေသော အချုပ်သားတဦးအား စောင့်ကြည့်ရန် တာဝန်ကျ သည့် အသက် ၃၀ အရွယ် ဒုတပ်ကြပ် အဆင့်ရှိ ရဲဝန်ထမ်းတစ်ဦးက လူနာစောင့် ကလေးမလေးအား မုဒိန်းကျင့်ရန်ကြံစည်ခဲ့ခြင်းဖြစ်ကြောင်း သျှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အဖိုးဖြစ်သူဆေးရုံတက်ရာတွင် လူနာစောင့် အသက်(၁၁)နှစ်အရွယ် မြေးမလေးအား ဧပြီလ (၂) ရက်နေ့ မနက် ၈ နာရီ ခွဲ အချိန်ခန့်က မုန့်ဝယ်ကျွေးမည်ဟုဆိုကာ ဒုတပ်ကြပ် ကျော်နိုင်ဦးသည် ဆိုင်ကယ်ဖြင့် သစ်တောရပ် ရွှေဘုန်းပွင့်ဘုရားတောင်ခြေ ၊ ဆေးတက္ကသိုလ် မြောက်ဖက်လမ်း သို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည် ။

အဲဒီနေရာရဲ့ သစ်ပင်အကွယ်မှာ ကလေးမလေးကိုသူက မုဒိန်းကျင့်ဖို့ကြံရွယ်တယ်။ ဒါပေမယ့် မုဒိန်းမမြောက်ခဲ့ဘူးလို့ထွက်တယ်။ နောက်တော့အဲဒီနေ့မှာဘဲ နေ့ခင်း ၁၁ နာရီလောက်ကျတော့ ကောင်မလေးကိုဆေးရုံအိမ်သာမှာထပ်ပြီးမုဒိန်းကျင့်ဖို့ ကြိုးစားရင်း သူ့အမေသိသွားတာ။ အခုတော့ ကျူးလွန်တဲ့အဲဒီဒုတပ်ကြပ်ကို ထောင်ထဲပို့ထားလိုက်ပြီ။- ဟု ရဲစခန်းမှ တာဝန်ရှိရဲတပ်သားက ပြောသည်။

ပြစ်မှု ကျုးလွန်သည့် ယင်း ရဲဝန်ထမ်း အား (ပ) / ၃၁၂ /၁၈ ရာဇသတ်ကြီး ပုဒ်မ (၄) ခုဖြင့် အရေးယူထား ကြောင်းသိရသည် ။

အဆိုပါ ကိစ္စ နှင့်ပတ်သက်၍ သျှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး ၊မှုခင်းဌာနစိပ်တာဝန်ခံ ဒုရဲမှူး သန်းထိုက်ဦး က ” အရွယ်မရောက်သေးတဲ့ကလေးသူငယ်ကို အုပ်ထိန်းသူ လက်အောက်ကနေ ခေါ်ဆောင်မှုပုဒ်မ (၃၆၃)၊ မုဒိန်းမှု (၃၇၆) ၊ မုဒိန်းကျင့်ရန်ကြံစည်မှု (၅၁၁) ၊ ဓမ္မတာ အတိုင်း မဟုတ်ပဲလုပ်လို့(၃၇၇) နဲ့ အမှုဖွင့်အရေးယူ ထားတဲ့ အပြင် သူ့ကို ရဲစည်းကမ်းထိန်းသိမ်း ရေး ဥပဒေနဲ့ ပါ ဆက်ပြီးအရေးယူသွားမယ်”ဟု ဖြေကြားသွားခဲ့သည် ။

သျှမ်းပြည်နယ် တွင် အမှုကြီးများထဲတွင် မုဒိန်းမှု သည် ဒုတိယ အများဆုံးအမှုဖြစ်ပြီး ပထမအများဆုံးအမှုမှာ လူသတ်မှု နှင့် တတိယ အများဆုံးအမှုမှာ မတရားသင်း ဆက်သွယ်မှုတို့ ဖြစ်သည် ဟု မတ်လ (၁၃ )ရက်နေ့က ရဲတပ်ဖွွဲ့ ၏ သတင်းထုတ်ပြန်ချက်အရသိရသည် ။

Leave a Comments

- Advertisement -spot_img

Latest article