Friday, April 19, 2024

တောင်ကြီးမြို့ ရတနာသီရိရပ်ကွက်ရှိနေအိမ်တလုံးမီးလောင်

Must read

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ရတနာသီရိရပ်ကွက် နီလာလမ်းရှိ နေအိမ်တလုံးမီးလောင်ကျွမ်းမှုဖြစ်ပွါးခဲ့ပါတယ်။

မီးလောင်မှုဖြစ်ပွါးသောအိမ်

အဆိုပါနေအိမ်ဟာ တောင်ကြီး-ရန်ကုန်-မန္တလေးပြေး ရွှေတောင်ရိုးဂိတ်ပိုင်ရှင် ရဲ့နေအိမ်ဖြစ်တယ်လို့ကနဦးသိရပါတယ်။

မတ်လ ၂၆ ရက် ညနေ ၃:၁၅ မှာ မီးစလောင်ကျွမ်းပြီး ၃:၂၅ နာရီမှာ မီးသတ်ကား ၄ စီး ရေသည်ကား ၃ စီးဖြင့် မီးငြိမ်းနိုင်ခဲ့ပါတယ်။

မီးလောင်မှုဖြစ်ပွါးရခြင်းအကြောင်းရင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးကိုတော့ အတိအကျ မသိရသေးပါဘူး။

Leave a Comments

- Advertisement -spot_img

Latest article