Thursday, April 25, 2024

သံဃာတော်များအမှူးပြုသည့်ဒေသလူထု စုပေါင်းအင်အားဖြင့် လင်းခေးမြို့မြောက်ဘက် ၁၁ မိုင်အရှည်လမ်းအား ကွန်ကရစ်လမ်းခင်း

Must read

သျှမ်းပြည်တောင်ပိုင်းလင်းခေးမြို့မှာ သံဃာတော်တွေဦးဆောင်ဦးရွက်ပြုပြီး ဒေသခံကျေးလက်လူထုရဲ့ ငွေအားလူအင်အားနဲ့ အရှည် ၁၁ မိုင်ရှိတဲ့ လမ်းကို စုပေါင်းခင်းမှုတခု ပြုလုပ်ခဲ့ပါတယ်။

လင်းခေးမြို့ုမြောက်ဘက် အုပ်စု ၃ ခုသို့အထွက်လမ်းအား ဒေသခံရွာသားများစုပေါင်းလမ်းခင်း

ပြီးခဲ့တဲ့မတ်လ ၂၂ ရက်နေ့က ရွာသားတွေ စုပေါင်းလမ်းခင်းကြတာဖြစ်ပါတယ်။

လင်းခေးခရိုင် လင်းခေးမြို့နယ် ဟိုင်းကွေ ၊ နောင်လုံ၊ ၀မ့်စစ်အုပ်စုက ရွာပေါင်း ၃၀ က ရွာသားတွေဖြစ်ကြပါတယ်။

“ဦးဇင်းတို့ ဒီလမ်းဟာ ဒီ အုပ်စု ၃ ခုက လူထုရဲ့ ဒေသတွင်းထွက်ကုန်တွေကို မြို့စျေးတက်ရောင်းဖို့ အဓိကအသုံးပြုတဲ့လမ်းဖြစ်တယ်။ လမ်းအရှည် ၁၁ မိုင်ကို ၃ ပိုင်းခွဲပြီး ကွန်ကရစ်ခင်းသွားမှာပါ။ အလှူရှင်ကတော့ လူထုစုပေါင်းအင်အားပေါ့။ ရက်မသတ်မှတ်ပါဘူး မပြီးမချင်း နဲနဲချင်းစီလုပ်သွားပါမယ်။ ” – လို့ ဦးဆောင်ဦးရွက်ပြုတဲ့ ဆရာတော် ဦးရာဇဝံသ ကမိန့်တော်မူပါတယ်။

အဲဒီလမ်းပိုင်းဟာ ပြီးခဲ့တဲ့နှစ်တုန်းက ရွှေကျားအိမ်ကုမ္မဏီက ကန်ထရိုက်ဆွဲလမ်းခင်းပေးခဲ့ဖူးပါတယ်။ ကျောက်သားလမ်းသာဖြစ်လို့ ၃ နှစ်မကြာလိုက်ဘဲ လမ်းတွေပြန်ပျက်စီးကုန်တာလို့ ဆရာတော်ကမိန့်တော် မူပါတယ်။

“အခုလမ်းပြင်ဖို့အတွက်ကုမ္မဏီကိုလည်းအလှူခံတော့ ကျပ်သိန်း ၃၀ လောက်ပြန်ပေးလှူလာတယ်။ နောက်ပြီးတော့ အလှူရှင်ကြီးဖြစ်တဲ့ စိုင်းဘဟန်၊ စိုင်းသိန်းဦဒနဲ့ နန်းကော်ခမ်းတို့ရဲ့ဒါနအပြင် ခရိုင်အုပ်ချုပ်ရေးက ၁၀ သိန်းကျော်လှူတယ်။ အုပ်စု ၃ ခုက ဒေသခံတွေစုပေါင်းပြီး ၁၅ သိန်းကျော်ရတယ်။ အဲဒီငွေတွေကိုအသုံးပြုပြီးလမ်းခင်းတာ။ ၃ အုပ်စုကလူထုလုပ်အားနဲ့ပေါ့ ။” – လို့ လင်းခေးမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းက အတွင်းရေးမှူး နန်းချစ် ကပြောပါတယ်။

အဆိုပါအုပ်စု ၃ ခုဟာ လင်းခေးမြို့ရဲ့မြောက်ဘက်ပိုင်းမှာတည်ရှိပြီး ဒေသရဲ့အဓိကထွက်ကုန်တွေဖြစ်တဲ့ ကွမ်းသီး၊ ကွမ်းရွက်၊ ငှက်ပျောသီး၊ ကြံသကာ၊ နှမ်း၊ ပဲ တွေကို အပတ်တိုင်း မြို့တွင်းကိုသယ်ဆောင် ရောင်းချလျှက်ရှိပါတယ်။ လင်းခေးမြို့တွင်းထွက်ကုန် ရဲ့ ရ၀ ရာခိုင်နှုန်းဟာ အုပ်စု ၃ ခုက ထွက်တာဖြစ်ကြောင်းလည်း ဆရာတော်ကမိန့်တော်မူပါတယ်။

ပြီးခဲ့တဲ့နှစ်ကလည်း ၀မ့်စစ်၊ဟိုင်းကွေနဲ့ နောင်လုံအုပ်စုက လူထုအင်အားနဲ့ အဲဒီလမ်းပိုင်းက တံတားတခုကို သံဃာတော်တွေအမှူးပြုပြီး ဆောက်လုပ်ခဲ့ပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article