Thursday, April 25, 2024

အိန္ဒိယနယ်စပ် တမူးမြို့ရှိ တိုင်းလျန်သျှမ်းလူမျိုးများ ပထမအကြိမ် သျှမ်းစာပေနှင့်သျှမ်းစကားသင်တန်းပြုလုပ်

Must read

စစ်ကိုင်းတိုင်း တမူးမြို့နယ်တွင် ဒေသတွင်းအကြီးအကဲများနှင့်လူငယ်များစုပေါင်းကာ နွေရာသီ သျှမ်းစာပေနှင့်သျှမ်းစကားသင်တန်း တရပ်ပြုလုပ်ခဲ့ကြောင်းသိရသည်။

စစ်ကိုင်းတိုင်း ကဘော်ဒေသ တမူးမြို့နယ် မန်းဆာရွာအထက်တန်းကျောင်း တွင် အဆိုပါသင်တန်းပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။

“ တမူးက ပီနောင့်တိုင်းလျန် (သျှမ်းနီ) ရဲ့အကြီးအကဲဖြစ်တဲ့ စိုင်းကျော်သန်းနဲ့ စိုင်းထွန်းရှိန်တို့ကနေ တိုင်းလျန်လူငယ်တွေ ကို သျှမ်းစာပေနဲ့ သျှမ်းစကား ၂ ခုလုံး သင်ကြားပေးချင်တယ်လို့ပြောဆိုလာတယ်။ သျှမ်းစကားတတ်မှ ဒေသအသီးသီးက သျှမ်းအမျိုးတွေနဲ့ဆက်သွယ် ရလွယ်ကူမယ်လေ။ ဒါကြောင့် ကျနော်တို့ သီပေါက ဆရာ စိုင်းမွန်းခေး ကပို့ချပေးတယ်။ တိုင်းလျန်ဆရာတယောက်နဲ့ သျှမ်းစာပေသင်တန်းဆင်း တိုင်းလျန် ဆရာမ ၃ ယောက်တို့နဲ့လက်တွဲပြီးတော့ ပေါ့နော်။ ကျနော်တို့က ပုဂ္ဂိုလ်ရေးအရနဲ့ဘဲလာပြီး ပူးပေါင်းကူညီတာပါ ။ ဒီတမူးဒေသမှာ သျှမ်းစာပေနဲ့သျှမ်းစကားနွေရာသီ သင်တန်းက ပထမဆုံးအကြိမ် လုပ်တာပါ။ အပတ်စဉ် ၁ ဖြစ်ပါတယ်။ ” – ဟု သင်တန်းဖြစ်မြောက်ရေး ဦးဆောင်စီစဉ်သူ စိုင်းစံလျန်း ကပြောသည်။

သင်တန်းစတင်ဖွင့်လှစ်သည့်နေ့တွင် သင်တန်းတက်ရောက်သူ များအပါအဝင် ဒေသတွင်းအုပ်ချုပ်ရေးမှူးများ၊ NLD ပါတီဝင်များ၊ တမူးမြို့နယ် မြို့သစ်၊ ထုံကတင်၊ လှည်းဆိပ်၊ မင်းသာရွာတို့မှဖိတ်ကြားထာသည့် ဧည့်သည်တော်များအပါအဝင် စုစုပေါင်း ၅၀ ခန့်ရှိကြောင်းသိရသည်။

သင်တန်းကို မတ်လ ၂၂ ရက်မှ မေလ ၂၄ ရက်နေ့အထိ ၆၄ ရက်တိုင်တိုင် ပြုလုပ်သွားမည်ဖြစ်ကြောင်း စိုင်းစံလျန်း ကပြောသည်။

Leave a Comments

- Advertisement -spot_img

Latest article