Friday, April 19, 2024

ဆီဆိုင်မြို့နယ်မှ ကျေးလက်ရွာသားတဦးအား ဒေသခံပြည်သူ့စစ်မှ သေနတ်ပစ်ခတ်ခြိမ်းခြောက်ကာရိုက်နှက်

Must read

သျှမ်းပြည် တောင်ပိုင်း ၊ ဆီဆိုင်မြို့နယ် ဘန်းယဉ်ကျေးရွာအုပ်စုတွင် ဒေသခံရွာသားတဦးအား ဌာနေပြည်သူ့စစ်မှ တပ်ခွဲမှူးအဆင့်အရာရှိက ရိုက်နှက်မှုဖြစ်ပွါးခဲ့သည်။

အရိုက်ခံရသည့် ထိကလိုင်းရွာသား ဦးထွန်းအောင်

မတ်လ ၂၀ ရက်နေ့က ရိုက်နှက်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး အရိုက်ခံရသည့် ဒေသခံ ဦးထွန်းအောင်မှာ လက်ရှိတောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံကြီးတွင်ဆေးကုသမှုခံယူနေကြောင်းသိရသည်။

“ထိကလိုင်း ရွာသူကြီး ဦးစောဆိုသူကို ဒေသခံ ပြည်သူ့စစ်အဖွဲ့ ဗျူ ဟာ(၁) တပ်ခွဲ (၂၁) တပ်ခွဲကတပ်ခွဲမှူ း ဗိုလ်ကြီးအဆင့် လက်အောက်ခံတပ်ဖွဲ ့ဝင်(၃) ဦးက ငွေလာတောင်းတယ်။ ရွာသူကြီးကမပေးလို့ အချေ အတင်စကားများပြီးပြည်သူ့စစ်တပ်ဖွဲ့ သူတို့မှာပါလာတဲ့ သေနတ်ကြီးတွေနဲ့ ပစ်ခတ်မယ်လို့ခြိမ်းခြောက်တယ်။ အဲဒီမှာ ရွာသား ဦးထွန်းအောင်ကဝင်ပြီးဖြန်ဖြေပေးတော့ ပြည်သူ့စစ်ဗိုလ်ကြီးက ပစ်တယ် ။ ဒါမယ့်ကျည် က မထွက်တော့ သေနတ်ဒင်နဲ့ထုတယ်။ ဒုတ်နဲ့ရိုက်တယ်။ ဦးထွန်းအောင်နဖူးကွဲသွားတယ်။ အခုဆေးရုံမှာ ။ PNA နဲ့ ခမရ ၄၂၄ ကတော့ လိုက်ဖမ်းနေတယ် ။ ဒါမယ့်မဖမ်းမိသေးဘူး။ ” – ဟု ဆီဆိုင် မြို့နယ် ၊ အောင်ချမ်းသာရပ်ကွက် မှူး ကပြောသည်။

အရိုက်ခံသည့် ဦးထွန်းအောင် ဆိုသူအား တောင်ကြီးမြို ့စဝ်စံထွန်းဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေး ကုသမှု ခံယူနေပြီး ဘန်းယဉ်ရဲစခန်းမှ အဆိုပါ လက်နက်ကိုင် (၃) ဦးအား ရာဇသတ်ကြီးပုဒ်မ ၃၅၂ ၊ ၁၄၄ တို့ဖြင့် အမှုဖွင့်ထားကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article