Wednesday, April 24, 2024

NCA စာချုပ်လက်မှတ်ရေးထိုးခဲ့သည့် လားဟူဒီမိုကရက်တစ်ယူနီယံ ဆဌမအကြီစုံညီ ညီလာခံ ကျင်းပ ဗဟိုကော်မတီဝင်များပြန်လည်ဖွဲ့စည်း

Must read

လားဟူဒီမိုကရက်တစ်ယူနီယံ LDU ဆဌမအကြိမ်မြောက်ညီလာခံကို ထိုင်းနယ်စပ်တနေရာတွင်ကျင်းပရာ ဗဟိုကော်မတီဝင်များပြန်လည်ဖွဲ့စည်းခြင်းအပါ၀င် လားဟူဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်သွားရန် အထူးဆွေးနွေးခဲ့ကြကြောင်းသိရသည်။

LDUအထွေထွေအတွင်းရေးမှူး ၂ ကြာ ဆော်လမွန်

ပြည်တွင်းပြည်ပရှိ လားဟူအဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ် ၅၀ ကျော်တက်ရောက်သည့် အဆိုပါ ညီလာခံအား မတ်လ ၁၉ နှင့် ၂၀ ရက်နေ့ ၂ ရက်တာကျင်းပခဲ့ကြောင်းသိရသည်။

“ဒီညီလာခံမှာ လားဟူတိုင်းရင်းသားကိုယ်စားလှယ် စုံစုံညီညီတက်ရော်ကဲ့ပါတယ်။ ဗဟိုကော်မတီဝင်တွေအပြင် အမျိုးသမီးကိုယ်စားလှယ်အဖွဲ့ရယ် လူငယ်ကိုယ်စားလှယ်အဖွဲ့ဆိုရင် စုံစုံညီညီဆိုတော့ ကျနော်တို့ညီလာခံ ဟာအထမြောက်အောင်မြင်တယ်လို့ပြောလို့ရပါတယ်။ ရှေ့ဆက်လုပ်ငန်းစဉ်မှာ အမျိုးသားရေးအတွက် ဆွေးနွေးတယ်။ ကျနော်တို့လားဟူဒေသဖွံ့ဖြိုးရေးလုပ်မယ် ။ ကျနော်တို့လားဟူတွေက ပျံ့ကြဲနေ လို့ အဲတာအရင် စုစည်းရမယ်။ ပြီးမှလားဟူ အထူးဒေသတွေဘာတွေ သတ်မှတ်ပေးဖို့အထိ ကျနော် တို့ကြိုးစားသွားမယ်။ အဲလိုကြိုးစားမှ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရလာလိမ့်မယ်။ အဲဒီကနေတဆင့် ပြီးတဆင့်တက်သွားမယ်။ နိုင်ငံရေးဆွေးနွေးပွဲအရပေါ့။ ”ဟု အထွေထွေအတွင်းရေးမှူး ၂ ကြာ ဆော်လမွန်က သတင်းသမားများအားပြောသည်။

အဆိုပါအစည်းအဝေးမှ ကော်မတီဝင်များအား လဲလှယ်ခြင်းဖွဲ့စည်းခြင်းအပြင် UPDJC တွင်ပါ၀င်မည့်ကိုယ်စားလှယ်ကိုလည်းရွေးချယ်ခဲ့ကြောင်း ဆိုပါသည်။

“ဒီညီလာခံကနေ ဒုဥက္ကဌ အထွေထွေအတွင်းရေးမှူးတို့ အပြောင်းအလဲရှိပါတယ်။ ကော်မတီဝင် အသစ် ၂ ယောက် ၃ ယောက်ထပ်ဖြည့်ထားပါတယ်။ အားလုံးကော်မတီဝင်က ၁၃ ဦး။ အရံကော်မတီဝင်က ၅ ဦးပေါ့။ ဥက္ကဌက ကြာခွန်ဆာဘဲ။ ဒုဥက္ကဌက ကြာဟား ။ ကျနော် ကြာဆော်လမွန် ကတော့ အရင်ဒုတိယဥက္ကဌနေရာကနေ အထွေထွေအတွင်းရေးမှူးပြန်ဆင်းလုပ်ရတယ်။ အရင်အထွေထွေအတွင်းရေးမှူး နာဝီးဘိုကတော့ သူ့ပုဂ္ဂိုလ်ရေးအခက်အခဲကြောင့် နှုတ်ထွက်သွားတယ်။ ”- ဟု ကြာဆော်လမွန်ကပြောသည်။

လားဟူဒီမိုကရက်တစ်ယူနီယံ LDU ဆဌမအကြိမ်မြောက်ညီလာခံ

အဓိကလုပ်ငန်းစဉ်အဖြစ် လူုတွေ့ဆုံပွဲပြုလုပ်သွားရန်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို သက်ဆိုင်ရာအဖွဲ့များနှင့် ပူးတွဲလုပ်ဆောင်သွားရန် ၊ နိုင်ငံရေးဆွေးနွေးပွဲတွင် လူထုပူးပေါင်းပါ၀င်မှုရရှိရေးဖော်ဆောင် သွားရန ်စီစဉ်ထားကြောင်းလည်းသိရသည်။

လားဟူဒီမိုကရက်တစ်အစည်းအရုံး ညီလာခံအပြီး အချက် ၄ ချက်ပါသည့်ကြေငြာချက်တစောင်ကိုပါ ထုတ်ပြန်ခဲ့ပါသည်။

UNFC အဖွဲ့ဝင်ဖြစ်သည့် လားဟူဒီမိုကရက်တစ်အစည်းအရုံးသည် ပြီးခဲ့သည့်ဖေဖော်ဝါရီလက မွန်ပြည်သစ် ပါတီနှင့် အတူ အစိုးရနှင့် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုး သည့်အဖွဲ့ဖြစ်ပါသည်။

Leave a Comments

- Advertisement -spot_img

Latest article