Friday, April 19, 2024

တပ်မတော်မှသိမ်းဆည်းမြေအချို့ မူလပိုင်ရှင်ထံပြန်လည်အပ်နှံပွဲ တောင်ကြီးတွင်ကျင်းပ

Must read

ကာကွယ်ရေးဝန်ကြီးဌာန (တပ်မတော်) မှ နိုင်ငံတော်သို့ ပြန်လည် စွန့်လွှတ်အပ်နှံ သော မြေဧရိယာ (၁၉၆၉) ဧကအားသက်ဆိုင်ရာမူလ ပိုင်ရှင်တောင်သူများထံသို့ ပြန် လည်လွှဲပြောင်းပေးအပ် ပွဲအခမ်းအနားကို မတ်လ(၁၄) ရက်နေ့က တောင်ကြီး မြို့ ၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည် ။

တပ်မတော်မှသိမ်းဆည်းမြေအချို့ မူလပိုင်ရှင်ထံပြန်လည်အပ်နှံပွဲ တောင်ကြီးတွင်ကျင်းပ

ကာကွယ်ရေးဝန်ကြီးဌာန (တပ်မတော်) မှ သိမ်းဆည်းထားသောမြေဧရိယာများ အနက် (၁၉၆၉) ဧက အား ဖယ်ခုံမြို့နယ် ၊ မိုးဗြဲကျေးရွာအုပ်စုမှ တောင်သူ (၂၂၈) ဦး နှင့် ရပ်စောက် မြို့နယ် ၊ အင်တောမြို့၊ နန်းကောင်းမူး ကျေးရွာအုပ်စုမှ တောင်သူ (၁၂၈) ဦးထံပြန် လည်အပ်နှံခဲ့သည်ဟုသိရသည် ။

၁၉၉၀ ခုနှစ်နောက်ပိုင်း မြေသိမ်းဆည်းခံခဲ့ရသည့် အချိန်မှစ၍ မြေပြန်လည်ရရှိရန် မြေခွန်ပြေစာများပြကာ သက်ဆိုင်ရာမြေစာရင်းဌာနများသို့အကြိမ်ပေါင်းများစွာ စာတင်လာခဲ့ရကြောင်း ယင်းအခမ်းအနားတွင် မြေဧက (၄၀) ပြန်လည်ရရှိခဲ့သည့် ရပ်စောက်ဒေသခံတောင်သူ ဦးချစ်ဆွေက- ” အသိမ်းခံရတာက ၁၉၉၆-၉၇ ခုနှစ်က တည်းက၊စစ်တပ်ကသိမ်းတာပေါ့ ၊ ဧက (၅၀) အသိမ်းခံရတယ် ၊ ပြန်ရတာက ဧက ၄၀ ပဲရတယ် ၊ ၁၉၉၇ ခုနှစ် ကတည်းက စာတွေတင်လာတာ ဘယ်နှစ်ကြိမ်မှန်း တောင်မ မှတ်မိတော့ဘူး ၊ ရုံးကမနေ့မှအကြောင်း ကြားလာတယ် လယ်တွေပြန်ရတော့ မယ်ဆို တာ ဖိတ်စာလေးနဲ့ပေါ့ ၊ပြန်မရတဲ့သူတွေလဲ ရှိသေးတယ် ” ဟု ပြောသည် ။

” ပြည်သူလူထုအကျိုးကိုရှေးရှုပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်း တိုးချဲ့မြှင့်တင်နိုင်ရေး အတွက် သက်ဆိုင်ရာဌာန ၊ အဖွဲ့အစည်းအနေနဲ့ ပြန်လည်စွန့်လွှတ်ရန် ၊ ကျန်မြေများ အား စွန့်လွှတ်ပေးနိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက် ရန်တိုက်တွန်းလိုပါတယ် ” ဟု အဆိုပါအခမ်းအနားတွင် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု များပြန် လည်စိစစ်ရေးဗဟိုကော်မတီ ဥက္ကဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၊ ဒုတိယ သမ္မတ ၊ ဦးဟင်နရီဗန်ထီးယူ ကပြောကြားသွားခဲ့သည် ။

” နှစ်တိုင်းလျှောက်တယ် အခုထိမရသေးဘူး အခု မြေယာပေးအပ်ပွဲလည်း ကျနော့မြေမပါဘူး ။ ကျနော်တို့က ၄ ယောက်သွားလုပ်တယ် ၄ ယောက်လုံးမြေခွန် ပြေစာ လျှောက်ထားတယ် ဒါမယ့် ၂ ယောက်က ရတယ် ကျန် ၂ ယောက်က လုံးလုံးမရဘူး ကျနော်တို့ တအားနှစ်နာတော့ ပြန်လိုချင်တယ် ပြန်ရအောင် ဆက်ပြီး စာတင် သွားမယ် ဖြစ်နိုင်ရင် ဒုသမ္မတဆီ တင်ပြချင်တယ် ၊ ရတဲ့သူတွေအတွက်တော့ ဝမ်းသာပါတယ် ကျနော်တို့ မရသေးတော့ စိတ်မကောင်းဘူး ” ဟု ယင်းအခမ်းအနားတွင် တက်ရောက်လာသည့် ဒေသခံ ဦးစိုင်းသန့်ဇင်ကပြောသည် ။

ပြန်လည်စွန့်လွှတ်မြေတွင်ပါ၀င် သည့်လယ်ယာမြေများအား မူလ တောင်သူများထံသို့ ယာယီလုပ်ပိုင်ခွင့်ပြု လက်မှတ်(ပုံစံ-၃) ဖြင့်ပြန်လည်လွှဲပြောင်းပေးခဲ့ပြီး သားစဉ်မြေး ဆက်အာမခံချက် ရရှိရန်လယ်ယာမြေ လုပ် ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၇) များဆက်လက် ပေးအပ်သွားနိုင်ရေး နှင့်မြေယာကိစ္စများဖြေရှင်း ဆောင်ရွက် ရာ တွင် လျော်ကြေးပေးအပ်ရမည့် ကိစ္စများရှိပါက လျော်ကြေးငွေများကို သက်ဆိုင်သူများထံသို့ပေးအပ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ရှမ်းပြည်နယ်လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှု များပြန်လည် စိစစ်ရေးကော်မတီဥက္ကဌ ပြည်နယ်ဝန် ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဆိုပါ အခမ်းအနား တွင်ပြောကြား သွားသည် ။

တောင်ကြီးခရိုင်အတွင်း ကာကွယ်ရေးဝန်ကြီးဌာန (တပ်မတော်) မှ သိမ်းဆည်းခဲ့ သည့်မြေဧရိယာပေါင်း (၄၉၉၇.၃၀) ဧကအနက်တပ်မတော်မှ အသုံးပြုရန်လိုအပ်သည့်မြေဧရိယာ (၂၈၉၆.၅၇) ဧကကို အသုံးပြုပြီး ကျန်မြေဧရိယာ (၂၁၀၀.၇၃)ဧကကို ပြန်လည်စွန့်လွှတ်အပ်နှံခဲ့သည့်အတွက် ပြန်လည်စွန့်လွှတ်အပ်နှံမြေများ အနက် စိုက်ပျိုးမြေ (၆၂၂.၄၈) ဧကကိုတောင်သူ (၃၅၆) ဦး ယာယီလုပ်ပိုင်ခွင့်ပြုလက်မှတ် (ပုံစံ-၃)စောင်ရေ (၃၅၆) စောင်အားပေးအပ်သွားမည်ဖြစ်သည် ဟု အဆိုပါအခန်းအနားတွင် သျှမ်းပြည်နယ်ဝန်ကြီးချုပ်၏ မိန့်ခွန်းများအရသိရှိရပါသည် ။

Leave a Comments

- Advertisement -spot_img

Latest article