Thursday, April 25, 2024

သမိုင်းဝင်နမ့်ကုံးကန်အပါအဝင်မြေဧက ၃၀ ကျော်အား အစိုးရက လူထုထံပြန်လည်ပေးအပ်

Must read

သျှမ်းပြည်တောင်ပိုင်းကျေးသီးမြို့နယ်အတွင်း နှစ်ပေါင်း ၂၀ ကျော်တပ်မှသိမ်းယူထားသော နမ့်ကုံးကန်မြေဧက ၃၀ ကျော်အား ကျေးသီးဒေသခံလူထုထံပြန်လည်ပေးအပ်ဖြစ်ကြောင်း သိရသည်။

ကျေးသီးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် စိုင်းအောင်ကျော် နှင့် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်မြင့်နိုင်

မတ်လ ၁၃ ရက်က နေပြည်တော်တွင်ကျင်းပသော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး ၂၇ ရက်မြောက်နေ့တွင် ကျေးသီးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် စိုင်းအောင်ကျော်က ကျေးသီးမြို့နယ်၊ အမှတ် (၁၃၁) ခြေလျင်တပ်ရင်းမှ တပ်ရင်းပိုင်အဖြစ် သိမ်းယူရာတွင် ပါဝင်သွားသော နမ့်နောင်ကုံးရေကန် ရေဝေရေလဲဧရိယာ ၃၁ ဧကနှင့် တောင်သူများ၏ စိုက်ခင်း ၁၆၅ ဧကအား ပြည်သူပိုင်အဖြစ် ပြန်လည် စွန့်လွှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ နှင့်စပ်လျဉ်းသည့် မေးခွန်းကို ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ထိုသို့ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်မြင့်နိုင်က- ပြည်ထဲရေးဝန်ကြီးဌာနရဲ့ စာအရ လွှတ်တော်အမတ် ဦးစိုင်းအောင်ကျော်၏အဆိုပါ “ ကျေးသီးတောင်သူများ၏ စိုက်ခင်းသည် ၁၆၅ ဧကဟုပြောဆိုထားသော်လည်း တပ်မြေသိမ်းယူစဉ်က ရွှေ့ပြောင်းတောင်ယာမြေ ၁၅ ဧက သုသာန်မြေ ၃.၅ ဧကမြေလွှတ်မြေလပ် ၅၆၀.၅ ဧကဖြစ်ကြောင်း တောင်ယာမြေ ၁၅ ဧကမှာ ယာယီတောင်ယာစနစ်ဖြင့်စိုက်ပျိုးခဲ့ခြင်းသာဖြစ်ပြီး ပိုင်ဆိုင်မှု အထောက်အထားမရှိကြောင်းနှင့်သုသာန်မြေ ၃.၅ ဧကမှာလည်းမြေနေရာသစ်သို့ ပြောင်းထားပြီးဖြစ်သဖြင့် တပ်ပိုင်မြေအဖြစ်သိမ်းရခြင်းဖြစ်ကြောင်း”ပါရှိပါတယ်။ တဖက်တွင်လည်း ထိုမြေများသည်တပ်ပိုင်မြေအဖြစ် ပြည်ထဲရေးရေးဝန်ကြီးဌာန၏မြေပေးမိန့်ရရှိခဲ့ပြီးဖြစ်ခြင်း၊ ခလရ ၁၃၁ တပ်ရင်းအဆောက်အဦးနှင့်နီးကပ်စွာ ရှိနေခြင်း တို့ကြောင့် လုံခြုံရေးအရ ပြန်လည်စွန့်လွှတ်ပေးနိုင်ခြင်းမရှိပါကြောင်း၊ သဘာဝ နမ့်ကုံးရေကန်နှင့် ရေဝေရေလဲဧရိယာ ၃၁ ဧကအား မြို့နယ်ရှိပြည်သူလူထု ရဟန်းသံဃာနှင့်ရပ်မိရပ်ဖများ ဆန္ဒအတိုင်း အများပြည်သူပိုင်အဖြစ် ပြန်လည်စွန့်လွှတ်ပေးမည်ဖြစ်ပါကြောင်း – ဖြေကြားသွားခဲ့သည်။

ရေထွက်ဦး ရ ခု နမ့်စိတ်ဟူး မှ စီးဆင်းလာသည့်ချောင်း ရ ခု စုဆုံရာမှဖြစ်ပေါ်လာသော နောင်ကုံးရေကန်သည် ကျေးသီးမြို့ အရှေ့ တောင်အရပ်ရှိ လုံပုရပ်ကွက်တွင်တည်ရှိပြီး ကျေးသီးမြို့တွင်းဒေသခံလူထု သောက်သုံးရေ၊ လယ်ယာစိုက်ပျိုးရေး အတွက်ရေအဖြစ် အဓိက အသုံးပြုပါသည်။

“ ဒီရေကန်တွေ ဒီသမိုင်းဝင်စေတီတွေ နတ်စင်တွေက ခလရ ၁၃၁ မလာကတည်းက ရှိထားပြီးသားဘဲလေ။ အဲဒီစေတီတွေ နတ်စင်တွေ ရေထွက်ဦးတွေ အထွဋ်အမြတ်တွေရှိတဲ့ နေရာတွေမှာ စော်ဘွားခေတ်ကနေ ကနေ့အထိ နှစ်စဉ်နှစ်တိုင်း ကထိန်သင်္ကန်းကပ်လှူပွဲ၊ စေတီရေသပ္ပါယ်ပွဲ၊ ရိုးရာနတ်စင်တက်ပွဲတွေ အချိန်အခါအလိုက် ကျင်းပတယ်။ တပ်ပိုင်ထဲပါသွားရင် ကျနော်တို့ ဘယ်လိုလုပ်ပြီး ရိုးရာပွဲတွေ ကျင်းပနိုင်တော့မလဲ။ နောက်ပြီး တပ်ပိုင်မြေဖြစ်သွားရင် အချိန်မရွေး သူတို့ဖြိုပစ်လို့ရတယ် ပုံစံပြောင်းပစ်လို့ရတယ် မဟုတ်လား။ ကျနော်တို့ ဘာမှလုပ်ခွင့်မရှိတော့ဘူးလေ။ ဒါကြောင့် ဒီဟာတွေ ကျနော်တို့ကို ပြန်ပေးရင်တော့ အရမ်းကို ကျေးဇူးတင်မှာဆိုပြီး သက်ဆိုင်ရာတွေဆီကို အကြိမ်ကြိမ်စာတင်တောင်းဆိုခဲ့ရပါတယ် ” ဟုကျေးသီးလူငယ်ခေါင်းဆောင် စိုင်းသာလင်းထွန်း က သျှမ်းသံတော်ဆင့်အားပြောပြသည်။

စစ်တပ်မှ သိမ်းယူရန်ခြံခတ်ထားသောနမ့်ကုံးရေကန်

ကျေးသီးမံစံစော်ဘွားကြီး စဝ်ခွန်ဆန်းလက်ထက် ၁၈၈၉ ခုနှစ်ကတည်းက ကျေးသီးမံစံအတွင်း ၁၅ အုပ်စုမှ ဒေသခံလူထုက နမ့်ကုံးရေကန်ကို စုပေါင်းပြုစုမွမ်းမံတည်ဆောက်လာခဲ့သည်။ အဆိုပါရေကန်မှထွက်သောရေကို ကျေးသီးဒေသခံလူထုမှ သောက်သုံး၊ စိုက်ပျိုးရာတွင် အသုံးပြုခဲ့ကြသည်မှာ ယနေ့တိုင်ဖြစ်ပါသည်။

Leave a Comments

- Advertisement -spot_img

Latest article