Saturday, April 20, 2024

သျှမ်းပြည်တောင်ပိုင်းတွင် သားဖြစ်သူက မိဘကို ဓါးဖြင့်လိုက်ခုတ် ဖခင်ဖြစ်သူသေဆုံး

Must read

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် ဖခင်ဖြစ်သူနှင့် မိခင်ဖြစ်သူတို့ အား သားဖြစ်သူက ဓါးဖြင့်ခုတ်မှုကြောင့် ဖခင်ဖြစ်သူမှာပွဲချင်းပြီးသေဆုံးခဲ့ကြောင်းသိရသည်။

ဆီဆိုင်မြို့နယ်တွင် ဖခင်ဖြစ်သူနှင့် မိခင်ဖြစ်သူတို့ အား သားဖြစ်သူက ဓါးဖြင့်ခုတ်မှုကြောင့် ဖခင်ဖြစ်သူမှာပွဲချင်းပြီးသေဆုံး

ဆီဆိုင်မြို့ သီရိရပ်ကွက်တွင် မတ်လ ၁၂ ရက်နေ့ ည ၈ နာရီဝန်း ကျင်က အဆိုပါအခင်းဖြစ်ပွါးခဲ့ခြင်းဖြစ် သည်။
သားဖြစ်သူ စိုင်းထွန်းလင်း(ခ) ကိုလင်း က ဓါးဖြင့် ခုတ်သတ်မှုဖြစ်ပွားရာ ဖခင်ဖြစ်သူမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးပြီး မိခင်ဖြစ်သူမှာဓါးဒဏ်ရာအပြင်းအထန်ရကာ တောင်ကြီးစဝ်စံထွန်း ဆေးရုံတွင်အရေးပေါ် လူနာ အဖြစ်ကုသမှုခံယူနေ ကြောင်း ဆီဆိုင်ဒေ သခံ များကပြောသည် ။

” သူကရန်ကုန် စိတ်ကျန်းမာရေးဆေးရုံကနေ ပြန်လာတာ သုံးရက်ပဲရှိ သေးတယ် ၊ မူးယစ်ဆေးကြောင့် ထိန်းမရလို့ အဲဒီကိုပို့တာ ၊ သားအဖအချင်းချင်းတော့ မကြာခဏ စကားများတာတွေ့ရတယ်။ ဒါပေမယ့် ဒီလိုကြီးလုပ်သွား မယ်လို့ ဘယ်သူက ထင်မှာလဲ” – ဟု အိမ်နီးနားချင်းက ပြောသည် ။

အဆိုပါ ပြစ်မှုကျူးလွန်သူအား ဆီဆိုင်မြို့နယ် ရဲစခန်းမှ ပုဒ်မ (၃၀၂) လူသတ်မှု ၊ ပုဒ်မ (၃၀၆) အပြင်းအထန် နာကျင်စေမှုဖြင့် ဖမ်းဆီးအရေးယူ ထားကြောင်း ဆီဆိုင်မြို့နယ်ရဲမှူးအုန်းလွင် ထံမှသိရသည် ။

Leave a Comments

- Advertisement -spot_img

Latest article