Thursday, April 25, 2024

တောင်ကြီးမြို့တွင် ဓါတ်ကြိုးပြင်သည့် ၀န်ထမ်း ဓါတ်လိုက်သေဆုံး

Must read

တောင်ကြီးမြို့ ၊ ဘုရားဖြူရပ်ကွက် ၊ သဇင်လမ်းရှိ ဓါတ်တိုင်အား လျှပ်စစ်ပြင် ၀န်ထမ်း တစ်ဦးဓါတ်ကြိုး တက်ရောက်ပြင်ရာမှ ဓါတ်လိုက်ပြုတ်ခဲ့ကြောင်း သိရသည် ။

တောင်ကြီးမြို့တွင် ဓါတ်ကြိုးပြင်သည့် ၀န်ထမ်း ဓါတ်လိုက်သေဆုံး

ယင်းနောက် ဓါတ်ကြိုးပြင်သည့် ၀န်ထမ်းအား စဝ်စံထွန်းဆေးရုံ သို့ပို့အပ် ဆေးကုသမှုခံယူနေစဉ် နာရီပိုင်းအတွင်းသေဆုံး သွားကြောင်းသိရသည် ။

အဆိုပါ သေဆုံးသူလျှပ်စစ်ပြင်ဝန်ထမ်းမှာ စစ်ကိုင်း တိုင်းဒေသကြီး ၊ မြောင်မြို့နယ်၊ မကျီးပုတ်ရွာနေသူ ဌေးမြင့်သိန်း အသက်(၁၉)နှစ်ဖြစ်ပြီး ၊ တောင်ကြီးမြို့သို့ လျှပ်စစ်ပြင်ပနေ့စားဝန်ထမ်းအဖြစ်လာ ရောက်အလုပ်လုပ် ကိုင်ရာမှ ယခုခဲ့ သို့ ဓါတ်လိုက်သေဆုံးခြင်းဖြစ် သည်ဟုတာဝန်ရှိသူများထံမှ သိရှိရပါသည် ။

Leave a Comments

- Advertisement -spot_img

Latest article