Thursday, April 25, 2024

မိုင်းရယ်-သီပေါလူငယ်များ လူငယ့်အရည်အချင်းမြှင့်တင်ရေးသင်တန်း စုပေါင်းကျင်းပ

Must read

သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ်နှင့် သီပေါမြို့နယ်မှ လူငယ်များ အရည်အချင်းမြှင့်တင်ရေး သင်တန်းတရပ်စုပေါင်းကျင်းပရာ ဒေသတွင်းလူငယ် ၂၀၀ နီးပါးတက်ရောက်ကြောင်းသိရသည်။

သီပေါမြို့နယ် စိန်ကျော့အုပ်စု နွံတိုင်းစက် လူငယ်အဖွဲ့က မိုင်းရယ်မြို့နယ်နှင့် သီပေါမြို့နယ်အတွင်း ၆ အုပ်စုမှ လူငယ် ၁၇၀ အတွက် အရည်အချင်းမြှင့်တင်ရေး ၅ ရက်သင်တန်းပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

မိုင်းရယ်မြို့နယ် ပါကန်းအုပ်စု ပါကန်းရွာရှိ ၀ပ်ငေါ၀်းလျန်းဘုန်းကြီးကျောင်းတွင် ပြုလုပ်သော လူငယ်များ အရည်အချင်းမြှင့်တင်ရေး သင်တန်း

အဆိုပါသင်တန်း ကို မိုင်းရယ်မြို့နယ် ပါကန်းအုပ်စု ပါကန်းရွာရှိ ၀ပ်ငေါ၀်းလျန်းဘုန်းကြီးကျောင်းတွင် ကျင်းပခဲ့သည်။

လူနေမှုစရိုက်နှင့် ယဉ်ကျေးမှု၊ လူငယ့်လုပ်ငန်း၊ ဦးဆောင်မှုကဏ္ဍ၊ မူးယစ်ဆေးဝါးအန္တရာယ် သိစရာမှတ်စရာများ၊ လူ့အရည်အချင်း၊လူ့တန်ဖိုးနှင့်စကားပြောနည်းအစရှိခေါင်းစဉ်များအား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်း၊ သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း လူငယ်ခေါင်းဆောင်များဖြစ်ကြသော စိုင်းလှကျော်၊ စိုင်းဟိန်းဆိုင်၊ စိုင်းဟန်ခေး တို့က ဦးဆောင်ဆွေးနွေးခဲ့ကြောင်းသိရသည်။

အဆိုပါသင်တန်းကို မတ်လ ၃ ရက်နေ့မှ ရ ရက်နေ့အထိ ပြုလုပ်ခဲ့ပြီး မတ်လ ၈ ရက်နေ့တွင်သင်တန်းဆင်းပွဲကျင်းပခဲ့ကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article