Wednesday, April 24, 2024

တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေချိန် ညပိုင်းစားသောက်ဆိုင်များပိတ်ထားရန် တောင်ကြီးမြို့ အုပ်ချုပ်ရေးပိုင်းက ထုတ်ပြန်

Must read

သျှမ်းပြည်နယ်မြို့တော်တောင်ကြီးမှာ ဆယ်တန်းကျောင်းသားလေးတွေ စာမေးပွဲကာလ ညပိုင်း အရက်ဆိုင် ဘီယာဆိုင်တွေ နဲ့ စားသောက်ဆိုင်ကြီးတွေ ကာရာအိုကေဆိုင်တွေကိုခေတ္တပိတ်ထားပေးဖို့ သျှမ်းပြည်နယ် အစိုးရက ကြေငြာလိုက်ပါတယ်။

တက္ကသိုလ်ဝင်တန်းကလေးတွေ စာမေးပွဲကို မတ်လ ရ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ ကျင်းပမှာဖြစ်ပါတယ်။
ဆူညံသံတွေဖြစ်စေမယ့် စားသောက်ဆိုင်တွေအပြင် ဂိမ်းဆိုင် အင်တာနက်ဆိုက် ဘိလိယက်ဆိုင်တွေကို လည်းပိတ် ထားခိုင်းတယ်လို့ တောင်ကြီးမြို့ သစ်တောရပ်ကွက်က ကျောင်းသားမိဘ တဦးကပြောပါတယ်။

“အထူးသဖြင့်အရက်ဆိုင်တွေကိုပြောတာပါ။ အခုနောက်ပိုင်း အရက်ဆိုင်တွေက အားကြီးများလာတယ်။ အသံလည်းအားကြီးဆူတယ်လေ”- လို့ ကျောင်းသားမိဘတဦးဖြစ်တဲ့ ဒေါ်ဖြူ ကပြောပါတယ်။

ဆူညံသံတွေက ကျောင်းသားကျောင်းသူလေးတွေကို အနှောင့်အယှက်ဖြစ်မှာစိုးလို့ တွေ စာမကျက်နိုင်မှာစိုးလို့ ပိတ်ခိုင်းတာဖြစ်တယ်လို့ အုပ်ချုပ်ရေးက ပို့ပေးတဲ့စာမှာ ဖော်ပြထားပြီး မလိုက်နာရင် ဥပဒေအရ အရေး ယူမယ်လို့ဖော်ပြထားပါတယ်။

ဒီနှစ် ၁၀ တန်းဖြေမယ့်ကျောင်းသူကျောင်းသားပေါင်း ၈ သိန်းကျော်ရှိတယ်လို့သိရပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article