Wednesday, April 24, 2024

သျှမ်း−တရုတ်နယ်စပ်အနီး ၁၀ ဘီးကား ၇ စီးမီးလောင် ကာလတန်ဖိုး ကျပ်သိန်း ၂ ထောင်ကျော်ဆုံး

Must read

သျှမ်းပြည်နယ်မြောက်ပိုင်း ၊ နမ့်ခမ်းမြို့ မြောက်ဘက် ရွှေလီမြစ်အတွင်း ကျွန်းတခုပေါ် တွင်ရပ်ထားသည့် သစ်တင်ကားများ မီးလောင်မှုဖြစ်ပွားကာ ကာလတန်ဖိုးမြန်မာကျပ်ငွေ သိန်းပေါင်း ၂၀၀၀ ကျော် ဆုံးရှုံးသွားသည်ဟု သိရသည်။

နမ့်ခမ်းမြို့မြောက်ဘက် မန်ဟောင်းကျေးရွာအနီးရှိ ရွှေလီ မြစ်လည်ကျွန်းပေါ် တွင် ရပ်နားထားသောဆယ်ဘီးကား (၇) စီးမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း၊ ဆေးလိပ်သောက်သုံးသွားသွားလာသူများ စည်းမဲ့ကမ်းမဲ့ မီးကျန်ဆေးလိပ်တိုများ စွန့်ပစ်မှုမှ လောင်ကျွမ်းခြင်းဖြစ်နိုင်ကြောင်း နမ့်ခမ်းဒေသခံများကပြောသည်။

နမ့်ခမ်းဒေသခံ စိုင်းဆိုင် က ​“ အဲ့ဒီဆယ်ဘီးကားတွေက နှစ်ပေါင်းများစွာတရုတ်ပြည်ကို သစ်တွေပို့ နေတဲ့ကားတွေလေ ၊သစ်တွေသယ်ရင် များသောအားဖြင့် ညဖက်တွေမှာ သယ်တာများတယ် ။ တစ်ခါတစ်လေလည်း နေ့လည်ခင်းဘက်မှာသယ် ကြတယ်၊ခုတော့မီးလောင်သွားတာ (၇)စီးပါ ၊ သူတို့က နိုင်ငံရေးအခြေအနေ၊ အာဏာပိုင်အခြေအနေ၊ လက်နက်ကိုင်အုပ်စုအခြေအနေတွေကို ကြည့်ပြီး လုပ်တာ ”ဟု ၄င်းကပြောသည် ။

အဆိုပါ ကားများအားဖေဖော်ဝါရီ (၂၃ ) ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီမှ ညနေ ၆ နာရီအထိမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ကားတစ်စီးလျှင် ကာလ ပေါက်စျေးသိန်းတစ်ရာ မှ သိန်း (၃) ရာခန့်တန်ဖိုးရှိသောကြောင့် ဆုံးရှုံးမှုတန်ဘိုး ငွေကျပ်သိန်းထောင်ချီရှိနိုင်သည်ဟုသိရသည် ။

ယင်းကားမီးလောင်မှုနှင့်ပတ်သက်၍ ဒေသခံများက − ဆယ်ဘီး ကားရပ် ထားသည့် ဘေးတွင် ကြံရည်ကြိတ်ပြီးသည့်ကြံရိုးခြောက်များရှိနေရာ လမ်းသွားလမ်းလာများက ဆေးလိပ်မီး စည်းမဲ့ကမ်းမဲ့ပစ်ချမှုကြောင့် မီးစွဲလောင်ကျွမ်းရာမှမီးလောင်ခြင်းဖြစ်နိုင် ကြောင်းသုံး သပ်ကြသည် ။

နမ့်ခမ်းမှ တရုတ်ပြည်သို့ သယ်ယူပို့ဆောင်သောသစ်များသည်ရွှေလီ မြစ်ဝှမ်းတစ်လျှောက်မှသစ်များနှင့် မိုးမိတ် ၊ နမ့်ခမ်း ၊ မန်ပိန်း ၊ လွိုင်ဟို ဆေ၊ မန်မောစသည့်ဒေသထွက်သစ်များဖြစ်သည်ဟုနမ့်ခမ်းဒေသခံများ ထံမှသိရှိရပါသည် ။

Leave a Comments

- Advertisement -spot_img

Latest article