Wednesday, April 24, 2024

၈ လကျော်ကြာအဖမ်းခံထားရသည့် ဟိုပုံးဒေသခံများအမှု အပြီးသတ်ချမှတ်တော့မည်

Must read

၂၀၁၇ ခုနှစ် ဂျုလိုင်လ လယ်ပိုင်းက အစိုးရတပ်မတော်မှ ဖမ်းဆီးထိန်းသိမ်းထားသည့် ဟိုပုံးမြို့နယ်အတွင်းက ကျေးလက်ရွာသား ၈ ဦးအား တရားရုံးတော်မှာ တပ်မတော်ဘက်မှ အမှု ၁၂ မှု ဖြင့် အမှုဖွင့် တရားစွဲဆိုထားသည်မှာ ပြီးဆုံးခါနီးပြီဖြစ်ကြောင်းသိရသည်။

အဆိုပါ တရားခံ ၈ ဦးကို လာမည့် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ ဟိုပုံးမြို့နယ်တရားရုံးမှာ အပြီးသတ် အမိန့် ချမှတ်သွားမည်ဟု အမှုလိုက်ပေးသည့် ရှေ့နေ စဝ်မြဝတီ က သျှမ်းသံတော်ဆင့် ကိုပြောသည်။

“အခုက အမိန့်ချမယ့်အဆင့်ရောက်ပြီ၊ လာမယ့် ၂၁ ရက်နေ့မှာ အမိန့်ချတော့မယ်၊ တရားခံက ၈ ယောက် ကလေးအမှု တစ်ခုပါတယ်။ အမှု ၁၂ မှု အခုက ၈ မှုလောက်က အမိန့်ချမယ့် အဆင့်ရောက်ပြီ ကျန်တာကတော့ လျှောက်လဲချက် ကြားနာဖို့ရှိတယ်။ အပြီးသတ်အမိန့် ချမယ် ဟိုပုံးမြို့နယ်ရုံးမှာ ချမယ်၊ လွှတ်တယ်ဆိုလဲ ပြီးသွားပြီပေါ့၊ မလွှတ်ဘူးဆိုမှ ခရိုင်ကို တက်ရမှာ” ဟုအမှုလိုက် ရှေ့နေ စဝ်မြဝတီ ကပြောသည်။

အမှု ၁၂ မှုမှာ လက်နက်မှု၊ ဥပဒေမှု နှင့် အရေးယူတာဖြစ်ပြီး ပို့ကုန်သွင်းကုန် ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ နှင့် စစ်ဆင်ရေးနယ်မြေအတွင်းမှာ ဝင်ရာက်တယ်ဆိုပြီး ကာကွယ်ရေးဥပဒေ နှင့်အရေးယူထားတာဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖမ်းဆီးထားသည့် ဒေသခံ ၈ ဦးသည် ၁၀ ကြိမ်ထက်မနည်း တရားရုံးတက်ရပြီး တစံံုံတရာ ချမှတ်စီရင်ခြင်း မရှိဘဲ ရုံးဆက်တိုက် ချိန်းဆိုကြောင်း သိရသည်။

၂၀၁၇ ဂျုလိုင် ၁၇ ရက်နေ့က ဟိုပုံးမြို့နယ် နမ့်ခုတ် ရွာသား ၈ ဦးအား အစိုးရတပ်မတော် ခြေလျင်တပ်ရင်း ခလရ အမှတ် ၂၂၅ နှင့် ၂၄၉ တို့မှ သျှမ်းပြည်တပ်မတော် RCSS/SSA ၏ သတင်းမေးမြန်းရာ သတင်းမပေးဟုဆိုကာ ၄င်းတို့အား ဖမ်းဆီးခေါ်ဆောင်သွား အချုပ်ခန်းသို့ပို့ဆောင်ချုပ်နှောင်ထားခြင်း ဖြစ်သည်။

သျှမ်းပြည်တပ်မတော် RCSS/SSA သည် အစိုးရတပ်မတော် နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးထားသောကြောင့် နေပြည်တော် အစိုးရမှ ၂၀၁၅ အောက်တိုဘာလ က မတရားအသင်းမှ စာရင်းပယ်ဖျက်ထားသည့် သျှမ်းတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးတပ်တစ်ခုဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article