Wednesday, April 24, 2024

လားရှိုးတက္ကသိုလ် တည်ထောင်ခြင်း နှစ် ၄၀ ပြည့်အထိမ်းအမှတ် အခမ်းအနားကျင်းပ

Must read

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ရှိ လားရှိုးတက္ကသိုလ် နှစ် ၄၀ ပြည့်အခမ်းအနားတရပ်ကို ယနေ့မနက်ပိုင်းက ကျင်းပခဲ့ကြောင်းသိရသည်။

ဂျန္နဝါရီလ ၁၉ ရက်နေ့မနက်ပိုင်းက အခမ်းအနားစတင်ကျင်းပခြင်းဖြစ်ရာ စာရေးဆရာ ဦးဘုန်း (ဓါတု) နှင့် ဆရာလင်းသိုက်ညွန့်တို့မှ စာပေဟောပြောမှုရှိခဲ့ကြောင်းသိရသည်။

လားရှိုးမြို့ရှိ လားရှိုးတက္ကသိုလ် နှစ် ၄၀ ပြည့်အခမ်းအနားပထမရက်

“ဒီနေ့တော့ စာပေဟောပြောပွဲရှိတယ်။ မုန့်စျေးတန်းတွေရှိမယ်။ စာအုပ်စာပေ စျေးရောင်းပွဲရှိတယ်။ ညကျရင် ဂီတပွဲရှိမယ်။ ဒီနေ့တော့ သူငယ်ချင်းဟောင်း မိတ်ဆွေဟောင်းတွေနဲ့တွေ့ကြဆုံကြစကားပြောကြတာပေါ့။ ”- ဟု လားရှိုးသား ကျောင်းသားဟောင်း စိုင်းလွယ်က ပြောသည်။

ဂျန္နဝါရီလ ၂၀ ရက်နေ့ စနေနေ့တွင် ဆရာဆရာမ ၁၀၀ ကျော်အား ဆရာကန်တော့ပွဲပြု လုပ်မည်ဖြစ် ကြောင်းလည်း ၄င်းကပြောသည်။

လားရှိုးမြို့ရှိ လားရှိုးတက္ကသိုလ် နှစ် ၄၀ ပြည့်အခမ်းအနားပထမရက်

လားရှိုးတက္ကသိုလ်ကို ၁၉၇၉ ခုနှစ် က စတင်ဖွင့် လှစ်ခဲ့သည်။ စတင်ဖွင့်လှစ်စဉ်က လားရှိုး ဒေသကောလိပ်ဟု သာအမည်တွင်ပြီး ထိုနောက်ပိုင်းမှ လားရှိုးကောလိပ်၊ လားရှိုးဒီဂရီကောလိပ်မှယခုလက်ရှိ လားရှိုးတက္ကသိုလ် အဆင့်အထိ တိုးမြှင့်လာခဲ့ပါသည်။

Leave a Comments

- Advertisement -spot_img

Latest article