Friday, April 19, 2024

နောင်ချိုမြို့နယ် အတွင်း ဗုံးပေါက်ကွဲမှုများကြောင့် လုံခြုံရေးအတွက်ဒေခံများစိုးရိမ်

Must read

ဂျန္နဝါရီလ ၁၅ ရက်နေ့ ည ၈ နာရီခန့်က ကျောက်မဲခရိုင်နောင်ချိုမြို့နယ် ဘန့်ဘွေးရွာ ရဲစခန်းတွင် ဗုံးတလုံးပေါက်ကွဲမှုမှ တရားခံများဖမ်းဆီးနိုင်ခြင်းမရှိသည့်အတွက် အသက်အိုးအိမ်လုံခြုံမှုအတွက် ဒေသခံများ စိုးရိမ်နေကြသည်ဟုဆိုသည်။

နောင်ချိုမြို့နယ် ကျားခေါင်းပါတီ SNLD မြို့နယ်ဥက္ကဌ စိုင်းအောင်မိန်းက “ ဗုံးက ကားမှာတွဲချိတ်ပြီး ပါလာတာ။ ရဲစခန်းနားရောက်တော့ ပေါက်ကွဲတယ်။ ကားအထိများတယ်။ ခရီးသည် ၃ ယောက်ဒဏ်ရာရတယ်။ သေကြေမှုတော့မရှိဘူး။ ကားက စိန်နန်းစိုး ခရီးသည်တင်ကား ဖြစ်ပါတယ်” -ဟု ၎င်းကပြောသည်။

စိန်နန်းစိုးခရီးသည်တင်ကားသည် ပြင်ဦးလွင်မြို့မှ မိုးကုတ်မြို့သို့ သွားမည့်လိုင်းကားဖြစ်ပြီး ဘန့်ဘွေးရွာ ရဲစခန်းအရောက်တွင်ပေါက်ကွဲခြင်းဖြစ်ပါသည်။

အဆိုပါဒေသတွင် ဗုံးပေါက်ကွဲမှု၊ လက်နက်ကိုင်တပ်ဖွဲ့များပစ်ခတ်မှုမကြာခဏလည်းရှိနေပြီး ရွာသားများအား ဖမ်းဆီးလမ်းပြခေါ်ဆောင်မှုလည်း မကြာခဏရှိကြောင်း၊ထို့အတွက် လုံခြုံရေးအတွက် နောင်ချိုဒေသခံများ အထူးစိုးရိမ်နေကြောင်း နောင်ချိုမှ ကားသမားကလည်းပြောဆိုသည်။

နောင်ချိုမြို့အနီးတဝိုက်တွင် အစိုးရတပ်ဖွဲ့စစ်ကြောင်းများအပြင် တအာင်းတပ်ဖွဲ့၊ သျှမ်းတပ်ဖွဲ့ အစရှိလက်နက်ကိုင်တပ်ဖွဲ့များလှုပ်ရှားသွားလာနေပါသည်။

Leave a Comments

- Advertisement -spot_img

Latest article